သံသရာတစ်လျှောက်လုံးအတွက်တိုက်ခဲ့တဲ့
ကျိန်စာတွေကို မျက်ရည်တစက်နဲ့
ဖြေရှင်းသွားတာ သိပ်သပ်ရပ်ပါတယ်....။

အိပ်ယာအရင်နိုးနေပေမယ့်ထလို့မရ
ခြေထောက်နဲ့ခွကာအရုပ်သေးသေးလို
သဘောထား၍လားမသိအားမနာတမ်း
ဖက်ရုံမက ဖိပါအိပ်နေသောလူကြောင့်
Jimin စိတ်တော်တော်ညစ်နေသည်။
Romatic ဆန်နေတာမှမဟုတ်တာရုပ်ပျက်ဆင်း
ပျက်အိပ်နေတာ....။

"လူလိုသူလိုအိပ်ရင်သေမှာမလို့လား....
ဖယ်အုန်း...ငါထရမယ်...."

ဘယ်သူကဘယ်သူ့ကိုဘယ်လောက်များ
ဆိုတဲ့မေးခွန်းတွေဟာ ပါးစပ်ကနားလည်အောင်
လိုက်ရှင်းပြနေဖို့မလို....။ချစ်တယ်ကြိုက်တယ်
မဟုတ်ဘဲMD Parkလို ဖြစ်တည်မှုက
သူ့အိပ်ရာပေါ် တင်တင်စီးစီးလာအိပ်ကာ
လုပ်ချင်ရာလုပ်နေသူကို လက်ခံထားခဲ့သည်။
ဒါက သိပ်အံ့ဩစရာ.......။

သိက္ခာတွေမာနတွေကိုမောင့် အကွေ့အဝှိုက်
တွေကြားမမြင်ချင်ယောင်သူဆောင်သည်။
ငါးနှစ်ကျော်ငယ်တဲ့ကောင်လေးရဲ့
စကားလုံးတွေ အထိအတွေ့တွေကြား
ထိုနယ်ပယ်မှာသိပ်ရိုးလွန်းတဲ့ဆိုင်သူလေးဟာ
ဘယ်လိုရုန်း၍မရ....။အထိအတွေ့အဆန်းတွေက
လည်းထောက်ချောက်တွေပဲလေ...။

အဆင်ပြေပြေရှိပြီဖြစ်သောRelationship မှာ
ဆိုင်သူလေးသည်အရိုးသားဆုံးဝန်ခံရရင်
စိတ်ချမ်းသာစွာပျော်ရွင်နေလျှက်။

မောင့်ဆီကို ဖုန်းတွေမလာတော့ဘူး
မောင်အိမ်ကို အရက်သောက်ဖို့လူတွေခေါ်မလာတော့
ဘူး။ရည်းစားတွေမရှုပ်တော့ဘဲမောင်အတော်အတန်
လိမ္မာလာတာကြောင့်ကွယ်ရာတွင် MD Parkက
ကြိတ်ကြိတ်ပြုံးသည်။

"ဒီနေ့အလုပ်မသွားနဲ့..Jimin..."

"မသွားလို့ဖြစ်မလား .....မင်းပဲတနေ့တနေ့
သုံးဖြုန်းနေတာ..."

"သုံးတာမကြိုက်ရင် မောင်ကွာ..
အဲ့လောက်မသုံးနဲ့ Hyung ရှာရတာ
ပင်ပန်းတယ် ဒီလိုလေးပြောပေါ့...."

"စိတ်ဆင်းရဲဖို့ကောင်းလိုက်တာ ဖယ်စမ်း..."

အတင်းတွန်းလွှတ်တာခန္ဓာကိုယ်အကြီးကြီး
ကွာကျသွားမှJimin သည်အိပ်ယာပေါ်မှ
ဆင်းလိုက်သည်။တက်နင်းမိတာစီးကရက်တိုတွေ။
သင်းသင်းပျံ့ပျံ့အခန်းလည်းစီးကရက်နံ့ကလွဲ၍
ဘာနံ့မှမရတော့.....။အလုပ်စားပွဲပေါ်မှာလည်း
ဖဲထုတ်တွေ....။မီးခြစ်တွေ...။သူ့အဆောင်အယောင်တွေ

မောင်Where stories live. Discover now