အပိုင်း(၁၄)

Start from the beginning
                                    

"ဘာများရေးကြီးခွင်ကျယ် ​​​ပြောစရာရှိလို့ ဒီလိုဖရိုဖရဲပုံစံနဲ့ ဒီနေရာအထိရောက်လာတာလဲ"

ဂျီမင်းမှာထွက်သာထွက်လာတာ ပြောစေဆိုတော့ဘယ်နေရာကနေ စပြောရမှန်းမသိ။

"ပတ်ဂျီမင်း ကျွန်မအားမနေဘူးနော်"

"မင်းက ဥက္ကဋ္ဌယွန်းမင်ချောရဲ့ သမီးအရင်းမဟုတ်ဘူးမလား"

"ရှင်ဘာစကားပြောတာလဲ"

မေးစရာတွေများနေပေမယ့် အဓိကအချက်ကိုပဲ ဂျီမင်းရွေးမေးလိုက်သည်။ ဂျီမင်းရဲ့မေးခွန်းကြောင့် တုန်လှုပ်သွားရသူက ယွန်းဂျီအာ..။

ဖေဖေတို့car accidentနဲ့ဆုံးတော့သူမ အသက်ခြောက်နှစ်လောက်သာ ရှိဦးမည်။ မီးလောင်နေတဲ့ကားရဲ့ ယဥ်မောင်းတဲ့ခုံအရှေ့ဝင်ပုန်းနေတဲ့ သူမကိုဘယ်ကယ်ဆယ်ရေးမှ မမြင်ကြ။ တလိပ်လိပ်တက်နေတဲ့မီးခိုးလုံးတွေကြား အသက်ကိုအံကြိတ်ရှူရင်း သူမထက်အသက်ခြောက်နှစ်နီးပါးကြီးတဲ့ အစ်ကိုဖြစ်သူကိုတာစိတ်ထဲက အော်ခေါ်နေမိသည်။

ပါးစပ်ကဘာအသံမှထွက်မလာသလို အစ်ကိုကလည်းရောက်မလာခဲ့ပါ။ မီးခိုးတွေကြားသတိလစ်နေတဲ့ သူမကိုဘယ်သူက ဘယ်လိုရှာတွေ့ပြီးအပြင်ထုတ်ခဲ့လဲ သူမမသိ။ သူမနိုးလာတော့ ဆေးရုံမှာ။ အစ်ကိုဖြစ်သူကိုအလောတကြီးမေးမိပေမယ့် သူမတစ်ယောက်တည်းသာ ဆေးရုံရောက်လာကြောင်းသိရသည်။

ဆေးရုံကနေ မိဘမဲ့ဂေဟာကိုရောက်သွားချိန်မှာတော့ သူမဘဝဟာငရဲတွေစတင်လေပြီ။ အနိုင်ကျင့်နှိပ်စက်မှုတွေကြား ကြိတ်မှိတ်ခံရင်း အစ်ကိုဖြစ်သူနဲ့သူမ ဆင်တူဝတ်ထားတဲ့ဆွဲကြိုးလေးကိုဆုပ်ကိုင်ရင်းသာ ညတိုင်းငိုခဲ့သည်။ တစ်နေ့မှာတော့ သဘောကောင်းတဲ့ဦးလေးကြီးတစ်ယောက်ကသူမကို မွေးစားခဲ့ပြီးသူ့မျိုးရိုးနာမည်ကိုခံစေခဲ့သည်။ သူ့လုပ်ငန်းခွင်အတွင်းမှာလည်း သမီးအရင်းလို့ကျေညာပြီး ကောင်းကောင်းမွန်မွန်ထားပေးခဲ့သည်။

အရွယ်ရောက်တဲ့ အချိန်ကစပြီး အစ်ကိုဖြစ်သူကိုကိုယ်တတ်နိုင်သလောက် လိုက်ရှာခဲ့လည်း မတွေ့ခဲ့ပါ။ လောကကြီးမှာသူမတစ်ယောက်တည်း တစ်ကောင်ကြွက်လို့ သတ်မှတ်မခံနိုင်၍ မွေးစားမိဘတွေကိုသာ မိဘအရင်းလို့သဘောထားပြီး ငယ်ဘဝကိုမေ့ထားခဲ့သည်။ သူမကအခုဆိုမိစုံဖစုံရှိတဲ့ တစ်ဦးတည်းသောသမီး။

~ပင်လယ်လို မောင်~(ပင်လယ်လိုမောင်)//CompleteWhere stories live. Discover now