" ဘာပြောမလို့?? "

" ဂျယ်ယွန်း ဘာတွေလုပ်နေလဲဆိုတာ စူံစမ်းပေး "

မဟုတ်မှလွဲရော ပြန်ဆက်သွယ်ဖို့ လုပ်နေတာလား?

" ဘာပြောလိုက်တယ် "

နားကြားမှားတာလား ဆိုပြီး ကိုယ့်ကိုကိုယ် မယုံကြည်နိုင်ဖြစ်ပြီး ပြန်မေးမိတောပ အသံကျယ်ကြီးနဲ့ အော်လာသည်။

" ရှင်းဂျယ်ယွန်း အကြောင်းစုံစမ်းပေးလိူ့ဆို "

" အကို့ ဘာသာ စုံစမ်းပါလား အကို့မှာ အာဏာရှိနေရဲ့နဲ့ ကျွန်တော်က အကို့လောက် ပါဝါမရှိဘူးလေ"

အရစ်ရှည်နေပြန်ပြီ။

" ယူနာက ငါ့နားမှာဘဲ တချိန်လုံးရှိနေတာကြောင့် မင်းကို ကူညီခိုင်းတာ "

" အင်း...... ဒါနဲ့ အကို ဂျယ်ယွန်းကို ပြန်ဆက်သွယ်ဖို့လုပ်နေတာလား "

" ဒီတိုင်း.... ဒီတိုင်းလေး သိချင်လို့ "

ဟုတ်တယ် ဒီတိုင်းလေးဘဲ သူဘယ်လိူနေနေလဲ ဘာတွေလူပ်နေလဲဆိုတာ သိချင်မိယုံလေးဘဲ ကျန်တာ ဘာမှ မရှိဘူး။

" အိုခေ "

မျက်လုံးတစ်ချက်မှိတ်ပြကာ အခန်းထဲက ထွက်တော့မယ့် နီခီကို သတိတစ်ခုလှမ်းပေးရသည်။ဒါကတော့ အရေးကြီးတဲ့ အရာတစ်ခု

" ယူနာ မသိအောင်လုပ် "

" သိပါတယ် ငါ့အကိုရယ် ကျွန်တော့်ကို ယုံစမ်းပါ "

အခန်းထဲက ပြန်ထွက်လာကာ သန့်စင်ခန်းဘက်ကို ချက်ချင်းထွက်လာခဲ့သည်။

ရေကိုဖွင့်ပြီး ရေကို လက်ဖြင့်ခံကာ မျက်နှာကို ခက်ကြမ်းကြမ်းသစ်လိုက်သည်။

ကိုယ့်ပုံရိပ်ကိုယ် မှန်ထဲ ပြန်ကြည့်ပြီး

" ဟုတ်တယ် နီခီ သူ့နေရာသူ ပြန်ရောက်အောင်  ထားရမယ် ဒါက အကောင်းဆုံးနည်းလမ်းဘဲ "


* နီခီ ချေးထားတဲ့ ပိုက်ဆံတွေက ပြိုင်ကားဝယ်ဖို့ သပ်သပ်ကြီးမဟုတ်ဘဲ ဂျယ်ယွန်းတို့ ကုမ္ပဏီ ရှယ်ယာတွေကျအောင် ရှယ်ယာတွေ ကစားထားတာဖြစ်သည်။ *



























Love is you | DOUBLE JWhere stories live. Discover now