2.( zombieလေး ရှောင်မို)

2.4K 318 12
                                    

ရှောင်မိုသည်ကြမ်းပြင်ပေါ်တွင်လဲနေကာပြာနှမ်းနေသည်မျက်နှာမှနက်မှောင်သောမျက်လုံးများဖြင့်အ အေးခန်းမျက်နှာကျက်ကိုကြည့်နေခဲ့သည်။သူသည်အချိန်အတော်ကြာစိုက်ကြည့်နေသော်လည်းစိတ်နဲ့လူနဲ့မကပ်သေးပေ။ရုတ်တရက်သူ၏မျက်လုံများသည်တဖြည်းဖြည်းစတင်လှုပ်ခြားလာခဲ့သည်။‌သူ ၏မသိစိတ်ကခန္ဓာကိုယ်လှုပ်ရှားရန်လုပ်‌ ‌ ‌ သော်လည်းလှုပ်၍မရ‌ပေ။ထိုအရာကိုသူသတိပြု
မိ၍တဖြည်းဖြည်းခြင်းလှုပ်ခြားကြည့်သော်လည်း‌အအေးခန်းထဲတွင်ကြာရှည်စွာနေခဲ့ရ၍သူ၏ခန္ဓာကိုယ်က တောင့်တင်းနေသည်။

'ငါ့ခန္ဓာကိုယ်ကဘာဖြစ်နေတာလဲလှုပ်ရှားလို့လဲမရပါလား
ဒါနဲ့ငါကဘယ်ကိုရောက်‌နေတာလဲ သတ်ဖြတ်ရေးကွင်းပြင်ထဲမှာမဟုတ်ဘူးလား။အားးးးး '

ရောင်မိုသည်ရုတ်တရက်ခေါင်းများထိုးကိုက်လာပီထပ်၍မေ့မြောသွားခဲ့ရသည်။
ရှောင်မိုသည်တပတ်လောက်ထပ်ပီမေ့မြောသွားပီ‌ နောက်နိုးထလာခဲ့သည်။သူ့ခေါင်းထဲသို့မှတ်ဉာဏ်အပိုင်းအစလေးများသာ၀င်ရောက်လာခဲ့သည်။‌သူသည်သူနှင့်နာမည်တူသောကောင်လေးတစ်ဦးထံသိုဝိညာဉ်ကူးပြောင်းလာခြင်းဖြစ်သည်ဟုသိလိုက်ရသည်။ယခုသူရောက်ရှိနေသောကမ္ဘာသည်‌သူတစ်ခါမှမမြင်ဖူးသောအရာဝတ္ထုများရှိသည့်ခေတ်မှီတိုးတတ်နေသောကမ္ဘာတစ်ခုဖြစ်သည်ဟုသူ့မှတ်ဉာဏ်ထဲမှသိရသည်။

ရှောင်မိုသည်နောက်ဆုံးတွင်သူ၏ခန္ဓာကိုယ်ကိုလှုပ်ရှား၍ရခဲ့သည်။ထို့ကြောင့်သူသည်မတ်တပ်ရပ်ရန်ကြိုးစာ၍တဖြည်းဖြည်းခြင်းထခဲ့သည်။တစ်မိနစ်ကြာအောင်ထရပ်နိုင်ရန်ကြိုးစားခဲ့ရသည်။သို့သော်သူသည်ရပ်ဖို့အတွက်အားပြုရန်အနီးအနားတွင်တစ် စုံတစ်ခုကိုရှာရန်ကြိုးစားခဲ့သော်လည်းသူ၏ဒူးကိုသာ ထောက်၍အားပြုခဲ့ရသည်။‌
နောက်ဆုံးတွင်ဒူးကိုကွေး၍မနည်းထလိုက်ရသည်။သူရပ်နိုင်သည့်အခါသူ၏ခြေတောက်များကိုမြင်လိုက်ရ၍မိနစ်၀က်လောက်ငြိမ်သက်သွားခဲ့သည်။

သူရဲ့ဘယ်ခြေတောက်ဟာပုပ်ပွနေပီအသား တွေဟာဖွာထွက်ကာအရိုးကိုပင်မြင်နေရသည်။ညာခြေတောက်ကတောခရမ်းရောင်သွေးကြောများဟာအ‌‌ ရေပြားပေါ်တွင် ပေါက်ကွဲထွက်မတတ်ဖြစ်ပေါ်နေပါသည်။‌ေရှာင်မိုသည်သူ၏လက်များကိုကြည့်လိုက်သော်လည်ခရမ်းရောင်သွေးကြောများရှိနေသည်အပြင်လက်သည်းများကလဲမည်းနက်ကာချွန်မြလို့နေသည်။

Zombie အဖြစ်ကူးပြောင်းလာသောMc(zombie အဖြစ်ကူးပြောင်းလာသောmc)Where stories live. Discover now