"စဉ်းစားနေစရာမလိုပါဘူး။ကျွန်တော်လက်ထပ်ဖို့ကိုပဲရွေးချယ်တယ်"

"တကယ်တမ်းဆိုရင် လော်ဆန်း ကို ထိခိုက်စေချင်ရင် ငါ့ကိုလက်ထပ်လိုက်တာထက်ပိုကောင်းတဲ့ နည်းလမ်းတွေအများကြီးရှိတယ်။မင်းငါပေးတဲ့ပိုက်ဆံတွေကိုယူပြီး ငါ့စောင့်ရှောက်မှုအောက်မှာ တစ်ဘဝလုံးပျော်ပျော်ကြီးနေသွားလို့ရတယ်လေ၊လော်ဆန်းက ငါ့သားဖြစ်နေရင်တောင် ငါ့ရဲ့အသက်သခင်ကျေးဇူးရှင်ဖြစ်တဲ့မင်းကို ထိခိုက်အောင်လုပ်ခွင့်မပြုနိုင်ဘူး"

"သုံးနှစ်တာလက်ထပ်စာချုပ်ကို ခင်ဗျားဘယ်လိုပဲတွေးတွေး၊ကျွန်တော့်ရဲ့ရွေးချယ်မှုကိုပြောင်းမှာမဟုတ်ဘူး"

"ဒါဆိုလဲ...."

လော်ရှို့ စာရွက်စာတမ်းတစ်ချို့ကို မုန့်ရန် ရှေ့ကိုတိုးပေးလိုက်တယ်။

"မင်းရဲ့ရွေးချယ်မှုကိုမပြောင်းတော့ဘူးဆိုရင်တော့ ဒီprenuptial agreementမှာလက်မှတ်ထိုးလိုက်။လက်ထပ်ထားတဲ့အတောအတွင်း မင်းရဲ့သာမာန်အသုံးစရိတ်အကုန်လုံးကို ငါပေးမယ်။ပြီးရင်ငါလတိုင်း မင်းကို မုန့်ဖိုးထပ်ပေးမယ်။သုံးနှစ်ပြီးသွားရင်တော့ မင်းနာမည်နဲ့ပိုင်ဆိုင်ထားတဲ့ပစ္စည်းဉစ္စာတွေအကုန်လုံးကို မင်းပိုင်ပြီ"

စာချုပ်ထဲမှာရေးထားတဲ့ မုန့်ဖိုးပမာဏကိုမြင့်လိုက်တဲ့အခါ မုန့်ရန် မျက်ခုံးပင့်လိုက်မိတယ်။

"Mr.လော် ကအရမ်းရက်ရောတာပဲ"

"မင်းငြင်းခဲ့တာတွေနဲ့ယှဉ်ရင်ဒီပိုက်ဆံပမာဏလောက်က စကားထဲထည့်ပြောလို့မရအောင်သေးငယ်ပါတယ်"

"ခင်ဗျားဘာပဲပြောပြော၊ကျွန်တော်စိတ်ပြောင်းမှာမဟုတ်ဘူး"

မုန့်ရန် ကprenuptial agreement မှာချက်ချင်းလက်မှတ်ထိုးလိုက်ပြီး Electronic screenပေါ်မှာ လက်ဗွေနှိပ်လိုက်တယ်။

prenuptial agreement မှာလက်မှတ်ထိုးပြီးပြီးဆိုတော့ နောက်တစ်ဆင့်အနေနဲ့ လက်ထပ်မှတ်ပုံတင်ဖို့ပဲကျန်တော့တယ်။

နောက်တစ်နေ့မှာတော့တရားဝင်မှတ်ပုံတင်ထားတဲ့လက်ထပ်စာချုပ်ကိုမုန့်ရန် လက်ခံရရှိခဲ့တယ်။ဒါကသူ့ကို အိမ်မက်ဆန်တဲ့ခံစားမှုတွေဖြစ်ပေါ်စေတယ်။

မုန့်ရန် ကားပေါ်မှာထိုင်ပြီး လက်ထပ်စာချုပ်ကိုကြည့်နေခဲ့တယ်။ပြီးတော့သူ့ဘေးနားမှာထိုင်နေတဲ့ လော်ရှို့ ကိုဖြည်းဖြည်းလေးလှည့်လိုက်တယ်။သူတစ်ကယ်ဒီလူနဲ့လက်ထပ်လိုက်ပြီ။ဒီလူနဲ့သူနဲ့ တရားဝင်အကြင်လင်မယားတွေဖြစ်သွားကျပြီ။

လော်ရှို့ လဲ မုန့်ရန် ကိုလှည့်ကြည့်လိုက်တယ်။စီးပွားရေးအရ မိဘတွေအတင်းအကြပ်လက်ထပ်ပေးစားခဲ့တဲ့သူရဲ့ဇနီးဟောင်းကို သူ ကွာရှင်းခဲ့တာ ဆယ်နှစ်ကျော်ပြီ။ရွံ့ရှာစက်ဆုပ်ဖွယ်ကောင်းတဲ့ကွာရှင်းမှုဖြစ်တယ်။ကွာရှင်းပြီး နှစ်တွေဒီလောက်ကြာတော့မှ သူ့ထက်အများကြီးငယ်ရွယ်တဲ့ဒီကောင်လေးကို သူ လက်ထပ်ရလိမ့်မယ်လို့ ဘယ်တုန်းကမှ ထင်မထားခဲ့ဘူး။သုံးနှစ်တာလက်ထပ်မှုလို့ ဘယ်လိုပဲပြောနေပါစေဒါကသူ့ရဲ့ဒုတိယအကြိမ်မြောက်အိမ်ထောင်သည်ဘဝကိုအစပြုခြင်းဖြစ်တယ်။

လော်ရှို့ကုမ္ပဏီကို ပြန်သွားခဲ့တယ်။
မုန့်ရန် ၊လုယွင်ကျင့် ကိုဖုန်းဆက်ပြီး
သူ့ရဲ့အိမ်အသစ်ကိုလာလည်ဖို့ဖိတ်ခေါ်လိုက်တယ်။

မုန့်ရန် တစ်ယောက် ဝယ်ထားတဲ့အိမ်အသစ်ကို သူ့ကိုခေါ်ကြွားတယ်လို့ပဲ လုယွင်ကျင့်
ထင်တားခဲ့တာ။လော်ဆန်း ရဲ့အဖေကို မုန့်ရန်လက်ထပ်လိုက်တယ်ကြားပြန်တော့လဲ
မုန့်ရန် သူ့ကိုစနောက်နေတယ်လို့ပဲထင်ထားခဲ့တယ်။လက်ထပ်စာချုပ်ကိုတွေ့တော့မှပဲအောက်မေးရိုးတွေပြုတ်ကျမတတ်အံ့သြခဲ့ရတယ်။

လုယွင်ကျင့် ရဲ့အိမ်မှာထားထားတဲ့ သူ့ပစ္စည်းတွေအကုန်လုံးကို မုန့်ရန် ၊လုံလင်း တောင်ပေါ်မှာရှိတဲ့ အဓိစံအိမ်ဆီကိုပြောင်းရွေ့ဖို့စီစဉ်နေပါတယ်။လော်ရှို့ သူ့ကိုပြောထားတယ်၊ လက်ထပ်ထားတဲ့သုံးနှစ်အတွင်း
လုံလင်း က စံအိမ်ကိုလဲ မုန့်ရန် ပိုင်ဆိုင်တယ်လို့လေ.....


မုန့်ရန် နဲ့ လုယွင်ကျင့် တို့တွေ
တောင်ပေါ်ကိုတက်လာနေတဲ့အချိန်မှာ
လော်ဆန်း က သူနဲ့ ယွီကျွင်းချန်ရဲ့သူငယ်ချင်းတွေကို စံအိမ်ကိုဖိတ်ထားခဲ့တယ်။လော်ဆန်း က ထိုလူတွေကို မုန့်ရန် ကိုလှောင်ပြောင်ဖို့တမင်သက်သက်ဖိတ်ထားတာဖြစ်တယ်။


[TN:prenuptial agreement ဆိုတာ လင်မယားအချင်းချင်းကြားမှာ ချုပ်ဆိုကျတဲ့စာချုပ်အမျိုးအစားပါ၊လက်ထပ်စာချုပ်နဲ့မတူပါဘူး။နှစ်ဉီးသဘောတူစာချုပ်နဲ့ပိုတူပါတယ်။ကြိုက်တဲ့အချက်တွေကို ထည့်သွင်းချုပ်ဆိုလို့ရပါတယ်]

Zawgyi code

သူဌေးကြီး၏ဒုတိယမြောက်အိမ်ထောင်ဖက်Where stories live. Discover now