“ ကျွန်တော်အိမ်ထောင်သက်တမ်းသုံးနှစ်ပဲလိုချင်တယ်၊ကျွန်တော်တို့ဒီသုံးနှစ်ပြီးရင်ကွာရှင်းနိုင်တယ်။ ဒါကလွဲရင်အခြားဘာမှမလိုချင်ဘူး။ ကျွန်တော် မေးချင်တာဒီလောက်ပါပဲ။ခင်ဗျားဒါကိုသဘောတူလား၊သဘောမတူဘူးလား။ကျွန်တော်
အတင်းအကျပ်ဖိအားပေးမှာမဟုတ်ပါဘူး၊ခင်ဗျားကိုအတင်းအကျပ်ဖိအားပေးလို့မရနိုင်ဘူးဆိုတာလည်းကျွန်တော်သိပါတယ်။ ဒါကြောင့်နောက်ဆုံးဆုံးဖြတ်ဖို့ကခင်ဗျားအပေါ်မှာပဲမူတည်တယ်"

"မင်းကငါ့လက်ထပ်ပြီး လော်ဆန်း ကိုလက်စားချေချင်လား?"

မုန့်ရန် ခဏလောက်စဉ်းစားလိုက်ပြီးပြန်ဖြေလိုက်တယ်။

"ဒါကကျွန်တော်သူ့ကိုလက်စားချေဖို့တွေးနိုင်တဲ့အကောင်းဆုံးနည်းလမ်းပဲလေ"

မုန့်ရန် ရဲ့အတွေးထဲမှာတော့ လော်ဆန်း ကိုသူဆီပြန်လာချင်လို့သူဒီလိုတောင်းဆိုတယ်လို့ ထင်သွားခဲ့မယ်ဆိုရင် သုံးနှစ်ကြာလက်ထပ်စာချုပ်ကိုလော်ရှို့ လွယ်လွယ်လက်ခံလိမ့်မယ်ပေါ့။

မုန့်ရန် ဒီလူကိုအရမ်းချစ်ခဲ့တာကြောင့်ချောက်ကမ်းပါးအောက်မှာဒီလူကိုဆယ့်ငါးနှစ်လောက်စောင့်ခဲ့ဖူးတယ်။ဒါပေမယ့်လက်ရှိမှာတော့ဒီလူ သူ့ကိုမချစ်သေးဘူး။ဒီလူ သူ့ကို ချစ်လာဖို့ သုံးနှစ်အချိန်ယူကြည့်မယ်။အရင်ဘဝတုန်းကတော့ တစ်နှစ်လောက်အတူတူနေထိုင်ခဲ့ရုံနဲ့ ဒီလူ သူ့ကိုချစ်သွားတာလေ။ဒီတခါတော့ ဒီလူ သူ့ကိုချစ်လာစေရမယ်ဆိုတာသူယုံကြည်တယ်။အတွေ့အကြုံတွေကသူ့ကိုသင်ပေးခဲ့တယ်။အချစ်ဆိုတာအတင်းအကြပ်လုပ်ယူရတဲ့အရာမဟုတ်ဘူး၊ဖြည်းဖြည်းချင်းပျိုးထောင်ရတဲ့အရာဖြစ်တယ်။ဒီလူ သူ့ကိုသုံးနှစ်အတွင်းမချစ်ခဲ့ဘူးဆိုရင် ဒီလူကိုလက်လျှော့လိုက်ပြီးရင်းနှီးတဲ့မိတ်ဆွေ အဖြစ်နဲ့ပဲစောင့်ရှောက်ပေးလိုက်တော့မယ်။

"ကောင်းပြီ၊ ငါစဉ်းစားထားလိုက်မယ်၊ မင်းလည်းပြန်စဉ်းစားပါဉီး၊မင်း နေပြန်ကောင်းလာတဲ့အခါကျမှငါတို့အဲ့ဒါကိုဆက်ပြောကျတာပေါ့"

နောက်ဆုံးမှာတော့လော်ရှို့၊ မုန့်ရန် ကိုအကြာကြီးကြည့်ပြီးမှပြောခဲ့တာဖြစ်တယ်။

“ ကောင်းပြီ”

မုန့်ရန် ချက်ချင်းဆိုသလိုသဘောတူလိုက်တယ်။

လော်ရှို့ တစ်ဖက်လှည့်လိုက်ပြီး မုန့်ရန် ရဲ့အခန်းထဲကထွက်သွားခဲ့တယ်။

မုန့်ရန် လှဲလျောင်းနေရင်း လော်ရှို့ နဲ့ပတ်သတ်တဲ့အတိတ်ဘဝကအကြောင်းတွေကိုတွေးနေမိတယ်။အရင်ဘဝက သူ လော်ရှို့ ကိုအရမ်းကြောက်ခဲ့တယ်။ဒါက လော်ရှို့ ရဲ့ကြောက်စရာရုပ်သွင်ကြောင့်မဟုတ်ဘဲ၊ မချဉ်းကပ်ရဲလောက်အောင် အေးစက်နေတဲ့ သူ့ရဲ့အရှိန်အဝါကြောင့်ပါ။လအနည်းငယ်လောက်ကြာတဲ့အခါမှာ လော်ရှို့ ရဲ့နူးညံ့တဲ့တစ်ဖက်ခြမ်းကို မုန့်ရန် ခံစားမိလာတယ်။ဒါပေမယ့် လော်ရှို့ ရဲ့ဆွဲဆောင်မှုကို သူမခုခံနိုင်ခဲ့ပါဘူး။သူ လော်ရှို့ ကိုချစ်မိသွားခဲ့တယ်။

အတိတ်ဘဝမှာတုန်းက မုန့်ရန် နောက်တစ်ကြိမ်ချစ်မှာကျရှူံးရမှာကိုကြောက်တာကြောင့် လော်ရှို့ ကိုမချစ်မိဖို့ကြိုးစားထိန်းချုပ်ထားခဲ့တယ်။ဒါပေမယ့်လော်ရှို့ ကလဲ သူ့ကို ချစ်နေတယ်ဆိုတာသိလိုက်ရချိန်မှာ ဘဝမှာပထမဆုံးအနေနဲ့စစ်မှန်တဲ့ပျော်ရွှင်မှုဆိုတာကိုခံစားခဲ့ရတယ်။ဒီဘဝမှာတော့သူအရင်ဘဝကမရခဲ့တဲ့ပြီးပြည့်စုံတဲ့အချစ်နဲ့ပျော်ရွှင်မှုကိုရဖို့သူအကောင်းဆုံးကြိုးစားပါ့မယ်။

လော်ရှို့ ရေချိုးဖို့သူ့အခန်းကိုပြန်လာခဲ့တယ်။သူအိပ်ဖို့ကြိုးစားနေပေမယ့်မုန့်ရန်ရဲ့နူးညံ့သိမ်မွေ့တဲ့မျက်နှာလေးက သူ့အတွေးထဲမှာပေါ်လာတာကြောင့် မုန့်ရန် ရဲ့စကားတွေကိုစဉ်းစားနေလိုက်တယ်။
အသက် ၁၉ နှစ်ဆိုတာအိမ်ထောင်ပြုလို့ရတဲ့ အရွယ်ဖြစ်ပေမယ့်လဲမုန့်ရန် အတွက်အရမ်းငယ်နေသေးတယ်။ဒါပေမယ့်လဲ
လော်ဆန်း ကိုလက်စားချေချင်တာကြောင့် မုန့်ရန် ကသူ့ကိုလက်ထပ်မယ်ဆိုရင်တောင်သွေးသားစပ်ယှက်တဲ့ အစစ်အမှန်လင်မယားမဟုတ်သည့်တိုင် စာချုပ်ထဲမှာတော့သူတို့က လင်မယားဖြစ်နေဉီးမှာပါပဲ။ဒါကသုံးနှစ်ပဲလေ၊ သူမှ တခြားသူအပေါ်ကိုအကြွေးမတင်ချင်တာ...

ရက်အနည်းငယ်အတွင်းမှာ မုန့်ရန် တော်တော်လေးစိတ်အေးချမ်းသာနေခဲ့ပြီးနာလန်ထူလာခဲ့တယ်။ သူ့အခန်းတံခါးကိုတောင်မဖွင့်ခဲ့ဘဲအခန်းထဲမှာပဲနေခဲ့တယ်။
လုယွင့်ကျင့်ကသူ့ကိုအပြင်ထွက်ဖို့ခေါ်ပေမယ့် သူငြင်းခဲ့တယ်။သူမြန်မြန်သက်သာမှ လော်ရှို့ ကသူ့ကိုအဖြေပြန်ပေးမှာလေ....

ဒီအတောအတွင်းမှာ လော်ရှို့ အလုပ်တွေရှုပ်နေခဲ့တယ်။သူ နေ့တိုင်းစံအိမ်ကိုပြန်မလာနိုင်ခဲ့ဘူး၊ ဒါကြောင့် မုန့်ရန် သူ့ကိုမတွေ့ရတာကြာနေပြီ။နဖူးကပတ်တီးကိုဖြည်ပြီးတာနဲ့
မုန့်ရန်တစ်ယောက် လော်ရှို့ ကိုတွေ့ရဖို့ ထိုင်မစောင့်နိုင်တော့ဘူး။

လော်ရှို့ နေ့တိုင်းအိမ်ပြန်မလာပေမယ့် အိမ်တော်ထိန်းဆီကနေ မုန့်ရန် ရဲ့အကြောင်းတွေကို နေ့တိုင်းသိနေရတယ်။မုန့်ရန် ပတ်တီးဖြည်ပြီးနေပြီဖြစ်ပေမယ့် တကယ်တော့ဒဏ်ရာကအရှင်းမပျောက်သေးပါဘူး။မုန့်ရန် သူ့ဆီကအဖြေကို မြန်မြန်ကြားချင်ပုံပဲ....

စံအိမ်ကိုပြန်လာဖို့အချိန်မရတာကြောင့် လော်ရှို့၊မုန့်ရန် ကို လော်Group ရဲ့ဌာနချုပ်ဆီကိုပို့ပေးဖို့ Mr. ယွမ် ကိုစေခိုင်းလိုက်တယ်။

မုန့်ရန် ၊လော်ရှို့ ရဲ့ရုံးခန်းထဲကိုဝင်လာပြီးဆိုဖာပေါ်မှာထိုင်စောင့်နေခဲ့တယ်။လော်ရှို့ ကစာရွက်စာတမ်းတွေကိုစစ်ဆေးပြီးတဲ့အခါ မုန့်ရန်ရဲ့အရှေ့မှာသွားထိုင်လိုက်တယ်။

လော်ရှို့ က မုန့်ရန် ကိုကြည့်ပြီးပြောတယ်။

"သုံးနှစ်တာလက်ထပ်စာချုပ်လား?ငါ့ရဲ့ပိုင်ဆိုင်မှုတစ်ဝက်လား?မင်းတစ်ခုပဲရွေးလို့ရမယ်။တကယ်လို့ လက်ထပ်ဖို့ကိုရွေးမယ်ဆိုရင် မင်းအနေနဲ့ prenuptial agreementမှာလက်မှတ်ထိုးရမယ်။ပြီးရင်မင်းရဲ့ပိုင်ဆိုင်မှုတွေကိုစွန့်လွှတ်ရမယ်။ငါမင်းကိုစဉ်းစားဖို့အချိန်ပေးရဉီးမလား?"

မုန့်ရန် ချက်ချင်းပြန်ဖြေတယ်။

သူဌေးကြီး၏ဒုတိယမြောက်အိမ်ထောင်ဖက်Where stories live. Discover now