" ကျန်းမာရေး ဂရုစိုက်နော် ဖေဖေ့လွှားလေးကို အရမ်းတွေ့ချင်နေပြီ "

" တစ်လပဲ တစ်လ ပြီးတာပဲ လွှား ပြန်လာတော့မှာ လွှားလည်း ဖေကြီး နဲ့ ဖေဖေကို လွမ်းနေတာပေါ့ "

" ကိုကို နဲ့ ရော အဆင်ပြေလား "

ဖေဖေက စိတ်ဝင်တစား နားလေးစွင့်ကာ မေးလာသည်ကို လွှားက အပြုံးလေးနဲ့ ပြန်ဖြေလိုက်သည်။

" အင်း လုပ်ဖော်ကိုင်ဖက်တွေပဲ အဆင်ပြေတာပေါ့ ကိုကိုက လွှားကို ဂရုစိုက်ပါတယ် ဖေဖေတို့ မျက်နှာ မပျက်အောင် လွှားကလည်း လိမ်လိမ်မာမာနဲ့ ယဥ်ယဥ်ကျေးကျေး လေး နေတာမို့ ကိုကို နဲ့မှ မဟုတ်ဘူး အကုန်လုံးနဲ့ အဆင်ပြေတယ် "

လွှား အဖြေလေးကို ကြားတော့ ဖေဖေ့က ပြုံးကာ ခေါင်းလေး ငြိမ့်ပြသည်။

" ဖေဖေတို့ကလေးလေးက အစကတည်းက အလိမ္မာတုံးလေးပဲကို "

" ဟီး "

" အိပ်တော့လေ လွှား အိပ်ရေးဝအောင် အိပ်နော် "

" ဟုတ် ဖေဖေ ချစ်တယ် "

" ဖေဖေကလည်း လွှားလေးကို အရမ်းချစ် "

တစ်လ ။ တစ်လ ပြီးတာနဲ့ အိမ်ပြန်ရတော့မယ် ။

.

ည​ကြီးအချိန်မ​တော် ရန်း ကို မတွေ့မချင်း တံခါးက ဆည်းလည်းကို အဆက်မပြတ်ခါရမ်းနေတဲ့ ရှိန်းမြင့်မိုရ်ဝန်း ရဲ့ လုပ်ရပ်က ဘေးပတ်ဝန်းကျင်ကို အားနာစရာ ဖြစ်ရတာကြောင့် ဆင်းတွေ့တော့ မှုန်တေတေမျက်နှာထားနဲ့ အိမ်ထဲကို အတင်းတိုးဝင်လာသည်။

ဘာစကားမှ မဆိုဘဲ လက်ထဲမှာ ပါလာတဲ့ ငါးဆင့်ချိုင့်ကို လူရှေ့ လာမြှောက်ပြသည်။ ရန်း ချက်ပေးခဲ့တဲ့ ဟင်းတွေကို လာပို့တာလား ။ ဟာသပဲ။

"  မစားချင်ရင် လွှင့်ပစ်လိုက်လေ တကူးတက လာပေးစရာ မလိုပါဘူး "

" အကုန် အေးကုန်ပြီ ပြန်နွှေးပေး "

ရှိန်းမြင့်မိုရ်ဝန်း တို့က အရမ်းကို အားယားနေတာပဲ ။ လူကို ရယ်စရာ လာလုပ်နေတယ်။

" ဒီမှာ လူကို လာနောက်နေတာလား "

" ရှိန်းမြင့်မိုရ်ဝန်း ဒါက ဘယ်လဲ ပိုင်နက်ကျူးလွန်မှုနဲ့ ငါ တိုင်လိုက်မှာနော် "

When You Find Lost Love AgainHikayelerin yaşadığı yer. Şimdi keşfedin