စားသောက်ဖွယ်ရာတွေကလည်း များမှများပင်။သေရည်အဖြစ်ချထားသော မက်မွန်သေရည်မှာ တေယ်ရုံတန်ရုံနိုင်ငံတွေက အထက်လြူကီးတွေပင် ဝယ်မသောက်နိုင်ပါ။သူတို့နိုင်ငံ၏ ရိုးရာအစားအစာများကိုလည်း နေရာတကျ ချထားကြသည်။
အရသာရှိလှသော စားသောက်စရာများမှာ အလွန်ပင် စားချင်စရာကောင်းလွန်းလှသည်။မင်းကြီးက သူ့ရဲ့ရင်သွေးကို ဘယ်လောက်ချစ်လဲ ဆိုတာ ဒါတွေအကုန်လုံးကို ကြည်ြ့ပီးသိနိုင်သည်။

အရာအားလုံးက မှင်သက်စရာကောင်းလွန်းလှပါသည်။နတ်ပြည်ကို လူ့ဘဝနဲ့ရောက်နေသလိုပင်။ဘဝရဲ့ တကယ့်စည်းစိမ်အရသာဆိုတာ ကင်မ်တိုင်းပြည်မှာ ရှိသည့် အရာအားလုံးလားပင်မသိ။

အခမ်းအနားနန်းဆောင်ကြီး၏တခြါးတဖက်မှာတော့ ဇာမဏီနန်းဆောင်ထဲတွင် မိဘုရားကြီးက မင်းသမီးလေးကို ပြင်ဆင်ပေးနေသည်။ပန်းရောင်အနှီးလေးနျင့် မင်းသမီးလေးမှာ မုန့်လုံးလေးနှင့်တူနေပြီး အသဲယားစရာကောင်းလွန်းလှသည်။တခါတခါတွင် ပါးစပ်လေးက ဟ ဟလာပြီး ဟြိုကည့်ဒြီကည့်က လုပ်သေးသည်။ဖောင်းနေသော ပါးလေးမှာ ချစ်စရာလေးပင်။
ပွဲစဖို့က လိုသေးသည့်အတွက် မိဘုရားကြီးက မင်းသမီးလေးကို ချြီပီးဥယာဉ်ထဲမှာ ထိုင်နေလိုက်သည်။

ုခနနေတော့ ဂျွန်မင်းသားလေးနှင့် ကင်မ်မင်းဝူလေးတို့က မိဘုရားကြီးဆီကို ပြေးလာသည်။

"ချယ်ရီပန်းလေးက အဆင့်သင်ြ့ဖစ်ပြီလား"

"ဖြစ်ပါပြီတော်"

"အာရီးဂူး ငါ့ညီမလေးက ချစ်စရာလေးပဲ ဂျောင်ကုပြေါသလို ငါတောင် လူတွေမြင်သွားမှာ သဝန်တိုနေပြီ"

"အေးကွာ ငါပြေါဘူးလား"

"အမလေး သူငယ်ချင်းနယောက် အတိုင်အဖောက်တွေ ညီနေတာပေါ့လေ"

"ဟီး ဟုတ်ပါတယ်ဗျ"

ခနနေတော့ ပွဲစတော့မည်ဖြစ်တာကြောင့် မိဘုရားကြီး ပွဲကျင်းပမည့် နန်းဆောင်ကြီး၏ နောက်ဖက်ကနေ ဝင်လာပြီး မင်းသမီးလေးကို ပုခက်ထဲတွင် ထားကာ မင်းကြီးဘေးက မိဘုရားကြီးနေရာမှာ ဝင်ထိုင်လိုက်သည်။ရှေ့တွင်တော့ အသီသီးရောက်လာကြသည့် ဧည့်သည်တော်များမှာ အများကြီးပင်။ မင်းကြီးက မင်းသမီးလေး၏ ကံဇာတာတွေ လက်ခဏာတွေကို ဖတ်ဖို့အတွက်ပါ ဗေဒင်ဆရာတွေကို ခေါထားသေးသည်။

MY QUEENWhere stories live. Discover now