"Ok....Let's Go"
ကျောင်းဝန်းထဲ ပျားပန်းခတ်မှ သွားလာလှုပ်ရှားနေသော
အရောင်စုံလူတွေကြားမှာ ကျွန်တော်နဲ့Markလဲ
ဟိုဒီမေးစမ်းရင်း ကျွန်တော်တို့တက်ရမည့်
အဆောင်သို့ ဦးတည်သွားလျက်ရှိပါသည်...
"Plan....Plan ဟိုအပြာလေးနဲ့တစ်ယောက်ကို ရှိုးလိုက်စမ်း...အဆင်လေးကွ...အဆင်လေး"
"တော်စမ်းပါကွာ...
အဲ့ဒါတွေ စိတ်မဝင်စားအားသေးဘူး"
"အေးပေါ့ မင်းက ဘယ်စိတ်ဝင်စားမလဲ.. လိုင်စင်ကြီးနဲ့ကိုး..ငါလေးက လိုင်စင်မဲ့ သန့်သန့်လေးဆိုတော့ တွေ့သမျှအကုန်ငမ်းရမှာပဲ"
Markစကားကြောင့် ကျွန်တော် သဘောတကျ
ရယ်သွမ်းလိုက်မိသည်...ဟုတ်ပါသည်....
Markပြောသလို ကျွန်တော့်မှာ
"Mo" ဆိုသည့် ချစ်သူတစ်ယောက်ရှိနှင့်ပြီးပြီမို့ အခြားသောမိန်းကလေးတွေကို
စိတ်ဝင်စားဖို့လဲ မဖြစ်နိုင်တော့ပါလေ....
"Mo"ဆိုမှ Moလည်း သူ့လိုပင် ဒီနေ့ ကျောင်းစတက်ရမည်ပင်...
အဆင်မှပြေပါ့မလားလို့ စိတ်ပူသွားမိပေမဲ့လည်း Moက လူတိုင်းနှင့်အဆင်ပြေအောင်
နေတတ်သူလေးမို့
အရမ်းကြီးတော့ ပူပန်မနေမိပါ...
"ဒါနဲ့ မင်းတို့ တွေ့ရောတွေ့ဖြစ်ကြသေးလား"
"ဘာလို့လဲ"
"ဘာမှမဟုတ်ပါဘူး..ဒီတိုင်း မေးကြည့်တာပါ"
"အင်း...ဒီနောက်ပိုင်း
ငါတို့ လူချင်းတော့ သိပ်မတွေ့ဖြစ်ဘူး...
ဖုန်းတော့ တစ်ရက်ခြားတစ်ခါ နှစ်ရက်ခြားတစ်ခါပြောဖြစ်တယ်"
"အင် မင်းတို့ဟာကလဲကွာ ပျင်းစရာကောင်းလိုက်တာ..
ကြာလာရင် မင်းကို
Moပစ်သွားလိမ့်မယ်သိလား"
ထိုစကားအတွက် ရယ်စရာပြက်လုံးတစ်ခုကို
ကြားလိုက်ရသလို ဟက်ခနဲ ရယ်သွမ်းလိုက်မိသည်..
အင်မတန် မာနကြီးပြီး ဇီဇာကြောင်လွန်းတဲ့ ကျွန်တော်ကိုယ်တိုင် သေချာစီစစ်ရွေးချယ်ထားခြင်းလဲဖြစ်သလို
သူငယ်ချင်းဘဝကနေ ချစ်သူအဖြစ်ရောက်ရှိလာခဲ့သည်မို့လည်း Moဆိုသည့်ချစ်သူလေးဟာ စိတ်ကစားပြီး
တခြားသူနောက် ပါသွားနိုင်မည့်
မိန်းကလေးမဟုတ်ကြောင်းကို ကောင်းကောင်းကြီးသိနေလို့ပါပင်....
YOU ARE READING
"မောင်"ဟု ခေါ်မည်သော အဝေးရောက်ကဗျာလေးတစ်ပုဒ်
Fanfictionဒီfanficကလဲ deep dramaလေးဖြစ်သလို ကိုယ့်ရဲ့ထုံးစံအတိုင်း MeanPlanပါပဲလို့
Part~~ 3
Start from the beginning
