"ဘာဖြစ်ရမလဲ...ငါနဲ့Planနဲ့က အပေါ်ကိုတက်လာတဲ့အချိန်
Meanက အရှိန်နဲ့ပြေးဆင်းလာတော့
သူတို့နှစ်ယောက် တိုက်မိသွားကြတာလေ ....
တော်သေးတာပေါ့...ဘာမှမဖြစ်ကြလို့..
ငါ့စိတ်ထဲ Planတော့သွားပြီလို့ထင်လိုက်တာ"

"ဟာ ဟုတ်လား...တော်သေးတာပေါ့ကွာ...
ငါတို့သူငယ်ချင်းတွေ Meanကို စနောက်ပြီး ပြေးလိုက်ကြလို့ သူက ထွက်ပြေးသွားတာ...
အဲ့ဒါကြောင့် မင်းတို့နဲ့တိုက်မိသွားတာဖြစ်မယ်..
Plan မင်း အဆင်ပြေတယ်မလား"

"ပြေတယ်... ငါ ဘာမှမဖြစ်ပါဘူး"

"အိုကေ အိုကေ...ဒါနဲ့ မင်းတို့က အပေါ်ကို ဘာလာလုပ်ကြတာလဲ"

"ငါတို့ အခန်းလာရှာတာ"

"ဟုတ်လား အခန်းနံပါတ်ကဘယ်လောက်လဲ"

"အခန်း (.....)"

"ဟာ အဲ့ဒါဆို ငါတို့နဲ့တစ်ခန်းတည်းပဲကွ...
ပျော်စရာကြီးဟေ့"

"ဟေ မင်းတို့ရော အာ့အခန်းပေါ့...
မိုက်ပြီပဲ နော့ Plan"

Pondစကားကို အားရဝမ်းသာဖြစ်နေတဲ့
Markက ကျွန်တော့်ကိုပါ အဖော်ညှိလာလေသည်..
ထို့ကြောင့် ကျွန်တော် ပြုံးပြီး ခေါင်းညိတ်ပြလိုက်ရလေသည်...
ခင်မင်ခဲ့ရတဲ့သူငယ်ချင်းနှင့် ခုလိုပြန်တွေ့ရတာ
စိတ်ထဲတော့ ဝမ်းသာရသည်မဟုတ်ပါလား...

"ဒါဆိုလဲ အခန်းထဲသွားကြမယ်လေ..လာ လာ.."

ထိုသို့ဖြင့် Pondက ဦးဆောင်ကာ
ကျွန်တော်တို့သင်ရမည့် အခန်းကို ခေါ်ဆောင်ပေးခဲ့ပါသည်...
ဤသို့နှယ် Meanဆိုသည့်လူတစ်ယောက်ဟာ
ကျွန်တော့်ဘဝထဲသို့ ဝင်ရောက်လာခဲ့ပါတော့သည်..
ကျွန်တော်ဆိုသည့်လူဟာ ကျွန်တော်နှင့်မရင်းနှီးသော တခြားသောလူတစ်ယောက်
အထူးသဖြင့် ယောကျ်ားလေးတစ်ယောက်ကို စိတ်ထဲထည့်ပြီး တွေးတောနေတတ်သည့်
လူစားမဟုတ်ပါ...ဒါပေမဲ့ ဘာကြောင့်မှန်းမသိစွာ
အမှတ်မထင်တိုက်မိခဲ့တဲ့ Meanကိုတော့ အမှတ်ထင်ထင်ရှိနေခဲ့ရသည်...
ဒါဟာ စတွေ့တည်းက ဘယ်လိုအဓိပ္ပါယ်ဖော်ရမှန်းမသိသော အကြည့်တစ်မျိုးဖြင့် လိုက်ကြည့်နေတတ်သည့် သူ့ရဲ့ရီဝေဝေအကြည့်တွေကြောင့်များလား...

"မောင်"ဟု ခေါ်မည်သော အဝေးရောက်ကဗျာလေးတစ်ပုဒ်Where stories live. Discover now