"ဟာ ဟေ့ကောင်တွေ ငါတို့ပြန်ဆုံကြပြီပေါ့...
ဝမ်းသာလိုက်တာကွာ"

"အေးကွာ ငါတို့တွေ မတွေ့တာတောင်ကြာပြီနော်"

"အေးလေ စာမေးပွဲတွေပြီးကတည်းကနေ မတွေ့ကြတာ"

Pondနဲ့Markနဲ့သာ အပြန်အလှန်စကားဆိုနေကြပေမဲ့
ကျွန်တော်နဲ့ ဟိုလူကတော့ ဝင်မပြောကြပါ...
ဒါပေမဲ့ ဘာကြောင့်မှန်းမသိ ထိုလူဟာ
မကြာခဏ ကျွန်တော့်ဘက်ကို ကြည့်လို့နေပါသည်...
ထိုသို့ ကြည့်နေတာကို ကျွန်တော့်စိတ်ထဲ
သိပ်တော့ဘဝင်မကျနေပါ...တစ်မျိုးကြီးပဲ...

"Pond"

ဟော တွေ့လား... တွေ့လား...
Markနဲ့စကားပြောနေသော Pondကို
သူကလှမ်းခေါ်ပြီး ကျွန်တော်တို့ဘက်သို့
မျက်စပစ်ပြနေသည်လေ...
မိတ်ဆက်ပေးဦးလေဆိုသည့်သဘော...
ထိုအခါမှ Pondက သဘောပေါက်စွာ
ကျွန်တော်တို့နှင့် ထိုလူကို မိတ်ဆက်ပေးလေသည်...

"Plan...Mark...ဒါက ငါ့ငယ်သူငယ်ချင်း Meanတဲ့..မန်းလေးက ပြောင်းလာတာလေ....
Mean ဒါ ငါဆယ်တန်းကျူရှင်မှာ ခင်ခဲ့ကြတဲ့ သူငယ်ချင်းတွေ...သူကMark...
သူက Planတဲ့...နောက်တွေ့လဲ နှုတ်ဆက်ကြပေါ့..
အချင်းချင်းတွေပဲဟာ"

"ဟုတ်ကဲ့ခင်ဗျ နောက်တွေ့လဲခေါ်နော်...
အကူအညီလိုလဲ ပြောလို့ရပါတယ်"

"အိုကေ အိုကေ"

သူ့အပြောကို Markက ခွန်းတုံ့ပြန်လိုက်ပေမဲ့
ကျွန်တော်ကတော့ ခေါင်းတစ်ချက်သာ ညိတ်ပြလိုက်ပါသည်....ဟုတ်သည်လေ...
ကျွန်တော်က သူစိမ်းတစ်ယောက်ကို
ချက်ချင်းခင်မင်လွယ်တဲ့typeမှမဟုတ်တာ....

"ဒါနဲ့ မင်းတို့က ဒီမှာဘာလုပ်နေကြတာလဲ"

Pondက အခုမှ ကျွန်တော်တို့ ဒီနေရာမှာ ရပ်နေကြသည့်အကြောင်းအရာကို
စိတ်ဝင်စားဖို့ သတိရသွားလေသည်ထင့်...
ထို့ကြောင့် ကျွန်တော် ခုနလေးမှ
Pondမိတ်ဆက်ပေးလို့သိခဲ့ရသည့်
Meanဆိုသည့်လူကို တစ်ချက်ဝေ့ကြည့်လိုက်မိသည်....
ထိုသူကလဲ ကျွန်တော့်ကို ကြည့်လာသည်မို့
သူနဲ့ကျွန်တော် အကြည့်ဆုံသွားရလေသည်...
ကျွန်တော့်မှာသာ သူခိုးလူမိသွားသလိုခံစားရသည်မို့
အမြန်အကြည့်လွှဲလိုက်ရပေမဲ့ ထိုလူကတော့
အကြည့်လွှဲမသွားဘဲ သဲ့သဲ့လေးပြုံးနေလေသည်...

"မောင်"ဟု ခေါ်မည်သော အဝေးရောက်ကဗျာလေးတစ်ပုဒ်Tempat cerita menjadi hidup. Temukan sekarang