ဟင်....ဒေါသရိပ်ဖြင့်သူ့ကို ကြည့်လိုက်မိပေမဲ့
ထိုလူ့ရဲ့မျက်ရစ်မပါသော ဗန်ဒါစေ့သဏ္ဍာန် ရှည်မျောမှေးကျဥ်းသောမျက်ဝန်းအိမ်ထဲမှ
နက်စွေးပြီး ကြည်လင်နေသော မျက်ဝန်းနက်တစ်စုံဟာ ကျွန်တော့်ဆီမှ တစ်စုံတစ်ရာကိုညို့ငင်နေသလိုခံစားလိုက်ရသည်မို့ ရင်ထဲမှာ ဟင်ခနဲဖြစ်သွားရလေသည်....
ထို့ကြောင့် တခဏတော့ သတိလက်လွတ်ဖြင့် ထိုမျက်ဝန်းနက်တစ်စုံကို ကြောင်ငေးရင်း
ဆွံ့အ မင်သက်နေမိပါတော့သည်...
"Plan...မင်း အိုကေလား"
အာ ဘယ်လောက်တောင် ကြောင်ငေးနေမိပါလိမ့်...
Markက စိုးရိမ်သလို မေးလာတော့မှ စိတ်အလျင်က ယခုပစ္စုပ္ပန်ကို ပြန်လည်ရောက်ရှိလာရသည့်အဖြစ်...
သတိဝင်လာရသည်နှင့်တပြိုင်နက် ရှက်ရှက်ဖြင့် ထိုလူရဲ့ရင်ခွင်ထဲမှ အတင်းတွန်းထွက်လိုက်သလို
နောက်ပြန်အနေအထားဖြင့်ပင်
လှေကားတစ်ထစ်မျှ ဆုတ်ဆင်းလိုက်မိသည်လေ..
တဆက်တည်းမှာပင် ထိုလူ့ကို ဖျတ်ခနဲ ပြန်မော့ကြည့်လိုက်မိပြီး ဘာမှမဖြစ်ခဲ့သလို
ဆတ်ခနဲပင် အကြည့်လွှဲလိုက်ရင်း
"အင်း အင်း အိုကေတယ် ငါ ဘာမှမဖြစ်ဘူး"
"တော်သေးတာပေါ့...
ငါဖြင့် မင်းပြုတ်ကျပြီမှတ်တာ"
"ဆောရီးဗျာ...
ကျွန်တော့်ကြောင့် လန့်သွားပြီထင်တယ်..
တကယ်တောင်းပန်ပါတယ်"
ယခုမှပင် ထိုလူ့ဆီက စကားသံထွက်လာပါသည်..
ထိုလူကတော့ ကျွန်တော့်ကိုရော Markကိုရော
ဝေ့ကြည့်ကာ တောင်းပန်နေလေသည်...
သူ့အသံဟာ တစ်မျိုးလေးတော့ တစ်မျိုးလေးပင်...
ဘယ်လိုတစ်မျိုးလေးဆိုတာတော့ ကျွန်တော်မပြောတတ်ပါ...
ဒါပေမဲ့ ဆွဲဆောင်မှုရှိသည့်အသံဆိုတာကိုတော့
ကျွန်တော့်စိတ်ထဲ အသိအမှတ်ပြုနေမိသည်...
"ဟေ့ကောင် Mean...အဲ ဘာဖြစ်နေ...
ဟာ Plan....Mark"
"Pond"
ကျွန်တော်တို့၃ယောက် လှေကားပေါ်မှာပင်ရှိနေတုန်း
အပေါ်ထပ် လှေကားအကွယ် ထောင့်ချိုးကနေ အာပေါင်အာရင်းသန်သန်ဖြင့် လူတစ်ယောက်ပေါ်လာလေသည်...
ထိုသူဟာ ကျွန်တော်တို့ ဆယ်တန်းကျူရှင်မှာ
ခင်မင်ခဲ့သော သူငယ်ချင်းPondဖြစ်လို့နေရာ
Pondကလဲ ကျွန်တော်တို့ကိုမြင်ပြီး
အံ့သြနေသလို ကျွန်တော်တို့နှစ်ယောက်ကလဲ Pondကိုအတွေ့မှာအားရဝမ်းသာပင်
နာမည်ကို ပြိုင်တူခေါ်လိုက်ကြလေသည်...
ကြားထဲက ဟိုလူကတော့ ကျွန်တော်တို့ကိုတလှည့်
လှေကားထိပ်က Pondကိုတလှည့်
ကြည့်လိုနေပါတော့သည်....
YOU ARE READING
"မောင်"ဟု ခေါ်မည်သော အဝေးရောက်ကဗျာလေးတစ်ပုဒ်
Fanfictionဒီfanficကလဲ deep dramaလေးဖြစ်သလို ကိုယ့်ရဲ့ထုံးစံအတိုင်း MeanPlanပါပဲလို့
Part~~ 3
Start from the beginning
