"ဟုတ်ပါတယ်..ငါလဲ Moအကြောင်းကိုသိပါတယ်...
ဒါပေမဲ့ ကံကြမ္မာဆိုတာ ပြောလို့ရမလား...
ငါက မင်းကျန်ခဲ့မှာစိုးလို့ပြောတာ"
"အေးပါ ငါနားလည်ပါတယ်...
ဒါပေမဲ့ Moကို ငါယုံတယ်...
ဘယ်တော့မှ အဲ့ဒီလိုဖြစ်လာမှာမဟုတ်ဘူး"
"ဟုတ်ပါပြီ ဟုတ်ပါပြီ...
သူ့ချစ်ချစ်ကြီးအကြောင်းပြောနေတော့
ရုပ်က ဖြီးလို့နော် မပြောလိုက်ချင်ဘူး"
"ဟားဟား မဟုတ်ရပါဘူးကွာ"
နှစ်ယောက်သား စကားတပြောပြောနဲ့
လျှောက်လာလိုက်ကြတာ စာသင်ရမည့်အဆောင်ကို
ခြေချမိပါပြီ....ဒါပေမဲ့ သင်ရမဲ့အခန်းကို
ရှာရအုံးမည်မို့ ဆက်လျှောက်လာခဲ့ကြသည်...
"ကြည့်ရတာ ငါတို့အခန်းက အပေါ်ထပ်မှာထင်တယ်ကွ...
အပေါ်တက်ကြည့်ရအောင်"
"အင်း"
Markရဲ့အပြောကို ထောက်ခံလိုက်ကာ
လှေကားပေါ်သို့ တက်လာခဲ့ကြသည်...
ထိုအချိန်မှာ မထင်မှတ်ထားသော ကိစ္စရပ်တစ်ခု ရုတ်ချည်းဖြစ်ပျက်သွားခဲ့ရလေသည်...
ကျွန်တော်တို့ လှေကားတစ်ဆစ်ချိုးအပြီး အပေါ်ရောက်ခါနီး လှေကား၃ထစ်လောက်အလိုမှာ
အပေါ်ဘက်ကနေ ဝုန်းဒိုင်းကြဲပြေးဆင်းလာသည့်
လူတစ်ယောက်က ကျွန်တော့်ကို အရှိန်ဖြင့်
ဝင်တိုက်လိုက်တာပင်....
ထိုလူပြေးလာသည့် အရှိန်ကပြင်းသည်မို့ ကျွန်တော်ဟာ လှေကားပေါ်မှ
နောက်ပြန်လှန်ကျမလိုဖြစ်သွားရကာ
လန့်ဖျတ်ပြီး ဆွဲမိဆွဲရာအဖြစ် ထိုလူ့ကို အားကိုးတကြီး လှမ်းဆွဲထားလိုက်မိလေသည်...
ထိုလူကလဲ သူ့ကြောင့် လူတစ်ယောက်
ပြုတ်ကျမလိုဖြစ်သွားရသည်ကိုမြင်လိုက်သည်နှင့်
အလန့်တကြားဖြစ်သွားရကာ ကျွန်တော့်ခါးကို အမိအရ ပွေ့ဖက်ပြီး ဆွဲဖမ်းလိုက်ပါတော့သည်....
စက္ကန့်ပိုင်းအတွင်း ဖြစ်ပျက်သွားသည့်
အဖြစ်အပျက်မှာ မည်သူတစ်ဦးတစ်ယောက်မျှ
ထိခိုက်နာကျင်သွားခြင်းမရှိခဲ့ပေမဲ့
လှေကားပေါ်မှာ တစ်ယောက်နဲ့တစ်ယောက်
ပွေ့ဖက်ထားကြတဲ့ သူနဲ့ကျွန်တော့်ပုံစံဟာ တမျိုးတဖုံတော့ မြင်ရအဆင်ပြေမှာမဟုတ်ပါလေ...
ပြုတ်ကျမည့်အရေးမှ လွတ်ကင်းသွားသည်နှင့်တပြိုင်နက်
ကျွန်တော့်ကို ဝင်လဲဝင်တိုက်ပြီး ဆွဲလဲဆွဲဖမ်းထားပေးသည့် ထိုလူကို ဒေါသရိပ်သန်းနေသည့်မျက်ဝန်းတွေနှင့် မော့ကြည့်လိုက်မိသည်....ထိုလူသည်လည်း ကျွန်တော့်လိုပင် သူ့ရင်ခွင်ထဲမှာ
ဝင်ရောက်နေသည့် ကျွန်တော့်ကို ငုံ့မိုးကြည့်နေလျက်ရှိလေသည်...
YOU ARE READING
"မောင်"ဟု ခေါ်မည်သော အဝေးရောက်ကဗျာလေးတစ်ပုဒ်
Fanfictionဒီfanficကလဲ deep dramaလေးဖြစ်သလို ကိုယ့်ရဲ့ထုံးစံအတိုင်း MeanPlanပါပဲလို့
Part~~ 3
Start from the beginning
