Chapter(290) - ဟွိုင်ယွီ၏အကဲဖြတ်မှု

Start from the beginning
                                    

အနည်းဆုံး အခုချိန်မှာတော့ သူတို့ရဲ့ ခံစားချက်တွေက အတော်လေးတည်မြဲနေတယ်။ လင်ရွှမ်းဇီကလည်း ယန်ထျန်းဟန်ကို ကောင်းကင်ထိ မြောက်အောင် အထူး အလိုလိုက်ထားတာ။ လူသားဆန်တဲ့ အတွေးအခေါ်တွေ၊ ခံစားချက်တွေရှိနေတဲ့ ယန်ထျန်းဟန်ကလည်း အတူတူပဲ။ သူလည်း လင်ရွှမ်ဇီနဲ့ ချစ်နေကြတာ အချိန်အတော်လေး ကြာသွားခဲ့ပြီပဲလေ။

အဲ့ဒီကောင်းကင်ဘုံ ကိုယ်ထည်တွေက ကြည့်ရတာ ထူထဲလှတဲ့ မြူတွေ ဖုံးလွှမ်းနေသလိုဖြစ်နေပြီး မဟာအကြီးအကဲလန်ယွဲ့က သူတို့ရဲ့ အနာဂတ် တိုးတက်ပြောင်လဲမှုများကို မမြင်နိုင်တော့ပေ။ ဒါပေမဲ့, သူတို့နှစ်ယောက် တစ်နေ့မှာ တစ်ယောက်နဲ့ တစ်ယောက် သတ်ဖြတ်တဲ့ လက္ခဏာတော့ လုံးဝမမြင်ဘူး

ကောင်းကင်ဘုံရဲ့ တာအိုက ပြောင်းလဲသွားတာ များလား?

မဟာအကြီးအကဲလန်ယွဲ့မသိသလို နတ်ဆိုးအသျှင်တစ်ယောက်ဖြစ်တဲ့ ယိုမင်းလည်းမသိဘူး...နယ်မြေကြီးကိုးခုက ဘုရင်တွေလည်း မသိတာဖြစ်နိုင်တယ်

လက်ရှိ ရှိနေတဲ့ ရှေ့ဖြစ်ဟော မိသားစုတွေလည်း မသိကြဘူး, အကြောင်းကတော့ သူတို့ဟာ လက်ရှိ အခြေအနေကို လွှမ်းမိုးနိုင်တဲ့ လူနှစ်ယောက်ရဲ့ ဘဝကြယ်စင်တွေကို ဒီအတိုင်းသာ တစ်ပြိုင်နက်တည်း ကြည့်နေရပြီး ကံကြမ္မာလှည်းဘီးကို ကိုင်တွယ်ထားနိုင်တဲ့ စွမ်းရည်ကို လုံးဝဆုံးရှုံးသွားကြပြီလေ။

ဒီလိုကြီးမားလှတဲ့ အပြောင်းအလဲကြီးက လင်ရွှမ်းဇီနဲ့ ယန်ထျန်းဟန်တို့အတွက် ဘာတွေယူဆောင်လာပေးမလဲမသိသလို လမ်းစဉ်မှန်နဲ့ နတ်ဆိုးလမ်းကြောင်းမှာလည်း ဘာတွေပြောင်းလဲမလဲဆိုတာ မသိနိုင်ဘူး။ 

သူကတော့ အရာအားလုံးက ကောင်းမွန်တဲ့လမ်းကြောင်းကို ဦးတည်သွားပါစေလို့သာ မျှော်လင့်မိတော့တယ်, အဲ့ဒါမှ သူတို့တွေရဲ့ အားထုတ်မှုနဲ့ အစီအစဉ်တွေကို မဆုံးရှုံးရမှာ။

သူတို့တွေအားလုံး လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်လောက်ကတည်းက လင်ရွှမ်းဇီနဲ့ယန်ထျန်းဟန်တို့တွေ ဒီလိုသန့်ရှင်းတဲ့ တိုက်ကြီးငါးတိုက်မှာ အတူတူကြီးပြင်းလာပြီး သူတို့ရဲ့ ဆက်ဆံရေးတွေ တတ်နိုင်သမျှ ပိုမိုနက်ရှိုင်းလာတာ သေချာစေဖို့  ကြီးမားလှတဲ့ စစ်တုရင်ကစားပွဲကြီးကို တည်ထောင်ဖို့ ကြိုးကြိုးစားစား လုပ်ခဲ့ကြသည်ပဲလေ။

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now