Chapter(290) - ဟွိုင်ယွီ၏အကဲဖြတ်မှု

Start from the beginning
                                    

လန်ယွဲ့က နောင်တတစ်စွန်းတစ်စ ရှိနေသည့် ဟွိုင်ယွီ၏မျက်နှာအား ကြည့်လိုက်ပြီး ရေရွတ်သည်။

"နှမြောဖို့ကောင်းတယ်, အဲ့ဒီမျက်နှာက"

"နှမြောစရာမကောင်းပါဘူး" ဟွိုင်ယွီက အသံတိုးတိုးလေးနဲ့ ပြန်ပြော၏။

"မဟုတ်လို့, တိုင်းပြည်ကို ပျက်စီးစေနိုင်လောက်တဲ့ သူ့ရဲ့လှပတဲ့အသွင်အပြင်ကိုသာ လူတွေတွေ့သွားရင် ပိုးဖလံတွေ မီးတိုးသလို သူ့တို့တွေ သူကိုဆွဲကြမှာ, ခက်တာက အဲ့ဒါကိုဘာမှ လုပ်လို့မရဘူး, သူ့ကို ကျွန်တော်နဲ့ အတိအကျတူနေအောင် ဘယ်သူများလုပ်ခဲ့ပါလိမ့်?"

မဟာအကြီးအကဲလန်ယွဲ့, "...."

ယိုမင်းက ဘယ်လောက်တောင် သူ့ရုပ်သွင်သူ အထင်ကြီးတဲ့လူလဲဆိုတာ သူမေ့တော့မလို့

မဟာအကြီးအကဲဟွိုင်ယွီက သူ့မျက်နှာသူထိလိုက်ပြီး လန်ယွဲ့သူ့ကို မလှောင်ပြောင်ခင်မှာ အကြောင်းအရာကို ပြောင်းလဲလိုက်သည်။

"လင်ရွှမ်းဇီက အားဟန်နဲ့ကောင်းကောင်း အဆင်ပြေဖို့ ကျွန်တော်တကယ်ပဲ မျှော်လင့်မိတယ်, အကယ်၍အားလုံး အဆင်ပြေပြေဖြစ်သွားရင် သူတို့နှစ်ယောက်က ကောင်းကင်ကို ကျော်လွန်ပြီး သူတို့ရဲ့ ကံကြမ္မာကို ပြောင်းလဲနိုင်လိမ့်မယ်, ကောင်းကင်ရဲ့ ပညတ်ချက်တွေက အမြဲတမ်း တည်ရှိနေတယ်ဆိုပေမယ့်လည်း လူသားတွေကလည်း ကြိုးစားအားထုတ်ရင် ဘာမဆိုဖြစ်နိုင်တာပဲလေ, မဟုတ်ဘူးလား?"

ခဏတာတိတ်ဆိတ်သွားပြီးနောက်မှာ မဟာအကြီးအကဲလန်ယွဲ့က သူ့ပုခုံးကိုပုတ်ပေးလိုက်သည်။

"အရင်ကငါတွေးခဲ့တာ ကောင်းကင်ရဲ့ ဥပဒေသတွေက ပြောင်းလဲလို့မရဘူး ပြီးတော့ အရာအားလုံးက ကြိုတင်သတ်မှတ်ပြီးသားလို့, ဒါပေမဲ့ ကြယ်ဇယားက အကြီးအကျယ် ပြောင်းလဲသွားပြီး ကောင်းကင်ဘုံတစ်ခုလုံး ပျံ့ကျဲသွားပြီးကတည်းက ငါစိတ်ပြောင်းသွားပြီ, ရွှမ်းဇီနဲ့ အားဟန်တို့ အတူတူရှိနေနိုင်တာက သူတို့တစ်ယောက်နဲ့တစ်ယောက် သတ်ဖြတ်ရမယ်ဆိုတဲ့ ကံကြမ္မာကို တကယ်ပဲ ပြောင်းလဲစေနိုင်လောက်တယ်"

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now