Chapter(290) - ဟွိုင်ယွီ၏အကဲဖြတ်မှု

Start from the beginning
                                    

နယ်မြေကြီးကိုးခုနဲ့ တိုက်ကြီးငါးတိုက် ကြားထဲမှာ ကြီးမားလှတဲ့ ပိုင်းခြားမှုကြီးတစ်ခု ရှိနေပြီးသားပင်။ တိုက်ကြီးငါးတိုက်ကနေ နယ်မြေကြီးကိုးခုကို သွားဖို့က မဖြစ်နိုင်လောက်အောင် ခက်ခဲလှသည်။ နယ်မြေကြီးကိုးခုကနေ တိုက်ကြီးငါးတိုက်ဆီ လာချင်တဲ့သူဆိုရင်လည်း အတူတူပင်ဖြစ်၏။ လာချင်ရင် ကြီးလေးတဲ့ ဈေးတစ်ခုပေးရလိမ့်မည်။

ဟွိုင်ယွီကပြုံးသည်။

"ကျွန်တော့သားကို ဘယ်သူက ဒီလောက်လွမ်းခိုင်းလို့လဲ? ပြီးတော့ အဲ့ဒီနယ်မြေကြီးကိုးခုက မကောင်းတဲ့ကောင်တွေက အားဟန်ကိုရှာဖို့ နည်းလမ်းမျိုးစုံသုံးပြီး ကြိုးစားနေတာ, သေချာပေါက် ကျွန်တော်အားဟန်ကို သူ့ကိုယ်သူ ကာကွယ်နိုင်မယ့် တစ်စုံတစ်ရာကို ကြိုတင်ပြီးပေးရမှာပေါ့ ကျွန်တော်သူ့ကို 《ရှေးခေတ်စေတန်နတ်ဆိုးအက》နဲ့ 《အင်ပါယာအလောင်းနည်းပညာ》ကို ပေးပြီးသွားပြီ, အခုကျွန်တော်သူ့ကို တစ်ခြား လက်ဆွဲစာအုပ်ဖြစ်တဲ့ 
《Profound Book of Poisons》 ကိုလည်းပေးလိုက်ပြီ, အခြေခံကျကျပြောရရင်တော့ အကယ်၍သူသာ ကောင်းကောင်းမွန်မွန် ကျင့်ကြံမယ်ဆိုရင် သူတိုက်ကြီးငါးတိုက်က ထွက်ခွာပြီး နယ်မြေကြီးကိုးကို ရောက်တဲ့အချိန်မှာ သူ့ကိုယ်ပိုင်အင်အားနဲ့ သူ့ကိုယ်သူကာကွယ်နိုင်လိမ့်မယ် "

မဟာအကြီးအကဲလန်ယွဲ့က ခေါင်းကိုသာခါယမ်းသည်။

"မင်းသူ့ကိုသင်ပေးတဲ့ နည်းစနစ်တွေထဲမှာ
《Profound Book of Poisons》
ကတော့ သက်ရောက်မှုကိုမြင်နိုင်တဲ့အတွက် အဆင်ပြေသေးတယ်, ဒါပေမဲ့ တစ်ခြားနှစ်ခုကတော့, အကယ်၍သူသာ နယ်မြေကြီးကိုးခုမှာ ထုတ်သုံးလိုက်တာနဲ့ သူကမင်းနဲ့ တစ်ခုခုပတ်သတ်နေကြောင်း တစ်စုံတစ်ယောက်ကတော့ သိသွားမှာပဲ, မင်းကသူ့ကို နယ်မြေကြီးကိုးခုမှာ လျှောက်လှမ်းဖို့ ခက်ခဲအောင်လုပ်လိုက်တာပဲ "

"တကယ်တော့ မခက်ခဲပါဘူး" မဟာအကြီးအကဲဟွိုင်ယွီက ရယ်သည်။

"နယ်မြေကြီးကိုးခုမှာ ဒီလောက် နတ်ဆိုးကျင့်ကြံသူတွေ ပေါများတာ; သူတစ်ယောက်တည်းမှ မဟုတ်တာ, အကုန်လုံးက ဆင်တူတဲ့ နည်းစနစ်တွေကိုသိကြတယ်, သူသာ နှိမ့်နှိမ့်ချချနေမယ်ဆိုရင် သူ့ကိုဘယ်သူမှ အာရုံစိုက်နေမှာမဟုတ်ဘူး, သူ့မျက်နှာကလည်း သတိပြုစရာ အရမ်းကြီးကောင်းနေတာမှမဟုတ်တာ"

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now