😈Punishment for naughty student😈

Start from the beginning
                                    

- တောင်းပန်ပါတယ်။ ကျောင်းအုပ်ကြီးရယ်။
ကျွန်မတို့ သားကို ကောင်းကောင်းဆုံးမနိုင်မယ့်သူမရှိဘူးလား။

- အင်မ်း mrs.Kim တို့ သဘောတူမယ်စိုရင်တော့ ကျတော် ဆရာတစ်ယောက်နဲ့ တွေ့ပေးနိုင်ပါတယ်။ သူက အဆောင်မှူးပါ။ စဉ်းကမ်းကြီးသလို ကျောင်းသားတွေကို ကောင်းကောင်းဆုံးမနိုင်တာမို့ သူ့ကို မကြောက်တဲ့သူမရှိဘူး။ ခွင့်ပြုမယ်စို တွေ့ပေးပါ့
မယ်။

- ဟုတ်။ အားကိုးပါတယ်။ ကျောင်းအုပ်ကြီးရယ်။ ဖြစ်နိုင်ရင်မြန်မြန်သာ တွေ့ပေးပါ။

- ဟာ အမေ အမေက အမေ့တစ်ဦးတည်းသောသားလေးကို အဲ့လို လျှာကြမ်းအာကြမ်းလူတစ်ယောက် လက်ထဲအပ်မလို့လား။

- မင်းအသာနေ Kim taehyung ။ ဒါမင်းကောင်းဖို့အတွက်လုပ်နေတာ။ အထွန့်မတက်နဲ့ ။ မင်းအဲ့ ဆရာနဲ့တွေ့ကိုတွေ့ရမှာ။ မဟုတ်လို့ကတော့
ကျောင်းထွက်ပြီး ကုမ္ပဏီကို ဦးစီးဖို့သာပြင်ထား။

ထိုစကားကြားပြီး taehyung အထွန့်မတက်ရဲတော့ပါ။ ဒါမဲ့ စိတ်တွေကတော့ နှောင့်ကျိနေသည်။
ကျောင်းအုပ်ကြီးပြောတဲ့ အဆောင်မှူးကို သူသိ
သည်။ အနုပညာမေဂျာပြဆရာမို့ နုညံ့နေမယ်မ
ထင်ပါနဲ့။ ဗလတောင့်တောင့် အရပ်ရှည်ရှည်နဲ့ ဆိုးသွမ်းတဲ့ ကျောင်းသားတွေဆို သူကိုယ်တိုင်
ကိုင်တွယ်ဖြေရှင်းသည်။ ဆရာက အပြစ်ကြီးကြီးပေးပြီး ဆုံးမသည်ထက် စကားလုံးကြမ်းကြမ်းတွေ သုံးပြီး ဆုံးမတတ်သည်မို့ နာမည်ကြီးသည်။ သူဆုံးမပြီးတဲ့ ကျောင်းသားတွေလည်း ဆုံးမပြီးရင် တစ်ယောက်မှ တုတ်တုတ်မလှုပ်ရဲကြတော့။

ပိုဆိုးတာက ကျောင်းမှာစို သူ့ကိုအမြဲလိုက်ကြည့်နေတတ်သည်။ လမ်းမှာမတွေ့လိုက်နဲ့ တွေ့လိုက်ရင် ဝါးစားမတတ်ကြည့်တာခံရသည်။ အဲ့အချိန်စိုဘာလို့
မှန်းမသိ ရင်တွေအရမ်းခုန်နေသည်။ မဟုတ်မှ
အဲ့ဆရာကိုငါကြိုက်- မဟုတ်တာတွေလျှောက်မတွေးစမ်းနဲ့။

အဲ့ဆရာလည်း သူ့သတင်းတွေ သိလောက်ရောပေါ့။ ဒါမဲ့ သူ့ကိုတွေ့ရင်သာ ဝါးစားမတတ်ကြည့်ပြီး တစ်ခါမှခေါ်မဆုံးမဖူးတာတော့ ထူးဆန်းပါသည်။ သူနဲ့ တစ်ခြားကျောင်းသားတစ်ယောက်နဲ့ ရန်ဖြစ် တာတောင် အဲ့ ကျောင်းသားကိုပဲဆူပြီး သူ့ကိုတော့ ဘားမှမပြောပါ။အနည်းဆုံးတော့ သတိထားနေ ဘာညာပြောသင့်သည်မလား။ ဒါမှမဟုတ် သူကအဲ့လောက်မဆိုးသေးလို့လား။ အာ နေပါ ဘာကိစ္စ သူ့အကြောင်းတွေတွေးနေတာလဲ။ ငါနဲ့တွေ့ရင်တော့ အဲ့ဆရာပါ လက်လံသွားစေရမယ်။
စောင့်ကြည့်လိုက်။

Dark collection ✔︎Where stories live. Discover now