ဒေါက် ဒေါက် ဒေါက် ကျွီ

ထိုအချိန် သူ့အခန်းကို တံခါးခေါက်ကာ ဝင်လာသံကြားတာကြောင့် မော့ကြည့်လိုက်သည်။

- ကိုကို~

နောက်ဆုံးတော့ပြန်လာပြီပဲ။ သူ့ခမျာမျှော်နေလိုက် ရတာ။ အလုပ် ကိစ္စကြောင့် busan ကို သွားနေရတဲ့ သူ့ရဲ့ကိုကို ။ နို့မို့စို ၃ရက်ပဲကြာမည်စိုပေမဲ့ lockdown ချထားတာမို့ ပြန်လာချိန် ကြံ့ကြာခဲ့ရ
သည်။ သူကဒီထက်တောင်ကြာမယ်ထင်ထားတာ။ ဘယ်လိုနည်းနဲ့ အရောက်လာခဲ့လဲတော့မသိ။

- ကလေးက စာလုပ်နေတာလား။

အသံတိုးတိုးနဲ့မေးနေသော ကိုကိုကြောင့် မိုက်ကို
ပိတ်လိုက်သည်။ ဒါမှ သူတို့ကြိုက်သလို စကားပြောလို့ရမှာ။

- ဟုတ်။ ထယ် ကိုကို့ကို လွမ်းနေတာ။

- ကိုယ်ကောပါပဲကွာ။

Jungkook က laptop ရဲ့အနောက်မှာရပ်ပြီး taehyung နဲ့မျက်နှာချင်းဆိုင်ကာ နေနေသည်။ ထို့နောက် laptop ကို taehyung မျက်နှာနဲ့ အနီးဆုံးကိုတွန်းလိုက်ပြီး သူက taehyung ဘေးမှာထိုင်လိုက် သည်။

- ကိုကို့ကို မြင်သွားလိမ့်မယ်။

သူ့ကိုကိုက ရိုးရိုးလူဆိုရင်ပြောနေမှာမဟုတ်ပေမယ့် ကိုကိုက ထိပ်တန်း ceo Jeon jungkook မလား။
ကိုရီးယားမှာ ကိုကို့ကို မသိတဲ့သူမရှိသောကြောင့် ဆိုးရိမ်နေရခြင်းပင်။ သူကျောင်းပြီးတော့မှ သူတို့ ဆက်ဆံရေးကို ချပြပြီး လက်ထပ်ထားမယ်လို့ စိတ်ကူးထားသောကြောင့်ပင်။ အဲ့မတိုင်ခင်တော့ သူလွတ်လွတ်လပ်လပ်နေချင်ပါသေးသည်။ လက်ထပ်ပြီးဖြစ်လာမဲ့ ပြသနာများကို မတွေးချင် ပေ။ လူတွေရဲ့ ရွံရှာတဲ့အကြည့်တွေ၊ မနာလိုမှုတွေ၊ ဂုံးတိုက်မှုတွေ အဲ့တာတွေက ကိုကိုပေးတဲ့ အချစ် တွေနဲ့ စာရင် မြူမှုန်သာသာ။

- ထယ် စာသင်တာ ၅:၃၀ ကျမှပြီးမှာ။ ခနနေဦးနော်။ ကိုကိုလည်း ခရီးပန်းလာတယ်မလား။ ရေသွားချိုးလေ။

- ကိုကို့ကို နမ်း။

- ကိုကို မဆိုးနဲ့ကွာ။ စာသင်နေတာပါစို။

- အာ့စို မသွားဘူးကွာ။

ပြောရင်းခါးကို စွဲဖက်လိုက်တာမို့လန့်သွားသည်။ တော်သေးတယ် laptop ကိုအရှေ့တိုးထားလို့ နို့မို့စို မြင်နေရမှာ။

Dark collection ✔︎Where stories live. Discover now