အပိုင်း(၁၂)

Magsimula sa umpisa
                                    

ထိုစကားတွင်တော့ထယ်ယောင်းပြုံးကာယွန်းဂီအားခိုးကြည့်မိလိုက်ပါသေးသည်။​ကြောင်ပေါက်လေးကကျေနပ်တာနဲ့ရှက်တာရောပြီးမျက်နှာလေးကိုရဲလို့။

"ငါ့ရဲ့အရာအားလုံးကမောင်လို့ထင်ထားခဲ့မိတာ တစ်ကယ်တော့ မောင်ကငါ့ရဲ့အရာအားလုံးဖြစ်နေခဲ့ပြီးသား ပတ်ဂျီမင်းဆိုပြီးငါစဖြစ်တည်လာတည်းကဂျွန်ဂျောင်ကုကငါ့ရဲ့အရာရာဖြစ်ရမယ်ဆိုပြီးကံကြမ္မာကကြိုတင်ဆုံးဖြတ်ပြီးသား"

ဒီစကားကိုအများစုကနားမလည်နိုင်ကြပေမယ့်ထယ်ယောင်းကတော့ကောင်းကောင်းနားလည်လိုက်ပါတယ်။
ငါ့ရဲ့အရာရာကမင်းပဲ ဆိုတဲ့စကားနဲ့ မင်းကငါ့ရဲ့အရာရာပါဆိုတဲ့စကားကြားကကွာခြားပုံတွေကိုဥပမာပေးဖို့စကားလုံးတွေအများကြီးသုံးရပေလိမ့်မည်။သို့ပေမယ့်ရှင်းပြရရင်တော့လွယ်လွယ်လေး။

"အဲ့တာဆိုမင်းအခုဘယ်လိုလုပ်မလဲဂျီမင်း"

"ငါဖေဖေတို့အိမ်ပြန်နေမယ်ယောင်း အစကတော့မင်းတို့ဆီမှာနေမယ်စိတ်ကူးပေမယ့်မင်းတို့ကြားလည်းဝင်မရှုပ်ချင်ဘူး"

"မဖြစ်ပါဘူးဂျီမင်းရယ်hyungတို့နဲ့နေလည်းရတာပဲကို"

ယွန်းဂီဝင်ပြောလိုက်တော့ထယ်ယောင်းက

"ဦးလေးတို့မေးလာရင်မင်းဘယ်လို​​ဖြေမလဲ"

"ဒီလိုပဲကြည့်ကျပ်ပြီးဖြေရတာပေါ့ကွာ ဖေဖေတို့ကိုလည်းငါစိတ်ညစ်အောင်မလုပ်ချင်ဘူး"

"အေးပါကွာတစ်ခုခုဆိုငါတို့ရှိတယ်သိလား"

"သိပါပြီ အခုတော့ငါအိမ်ပြန်တော့မယ်မရောက်တာလည်းကြာပြီ ယွန်းဂီhyungကျွန်တော်သွားပြီနော်"

"ဂရုစိုက်သွားနော်ဂျီမင်း"

"ဟုတ်ကဲ့hyung"

Luggageလေးဆွဲပြီးထွက်သွားတဲ့ဂျီမင်းကို
ကြည့်ရင်ထယ်ယောင်းသက်ပြင်းကိုခိုးချမိသည်။ဒီလူကောင်သေးသေးလေးကဘယ်နားကအားတွေထွက်လာလို့ဒီလောက်ကြံ့ကြ့ံခံနိုင်နေရတာလဲမသိဘူး။ဘေးမှာရပ်နေတဲ့ယွန်းဂီကိုယ်လေးကိုယ်ပုခုံးကနေသိုင်းဖက်လိုက်ပြီး

"Hyungကလည်းကျွန်တော့်ရဲ့အရာရာပဲသိလား"

"Hyungလည်းမင်းကိုအဲ့တာမေးချင်နေတာဂျီမင်းပြောသွားတာအဓိပ္ပါယ်တူတူပဲမဟုတ်ဘူးလား"

~ပင်လယ်လို မောင်~(ပင်လယ်လိုမောင်)//CompleteTahanan ng mga kuwento. Tumuklas ngayon