အပိုင်း { ၈ }

Start from the beginning
                                    

ဘကြီးကမေးတော့ ဗြောရယ် လေးစားစွာပြန်ဖြေသည်။

" အဆင်ပြေခဲ့တယ်ရော် အဖ ၊ ဖထီးငယ်ကစကားပြောလက်ပေါက်မကပ်ဘူးရော "

" အေး အဲ့လိုဆို မလိုအပ်တဲ့စကားတွေပြောနေစကားမလိုတော့ဘူးပေါ့ကွာ၊ နို့မဟုတ်ရင် ကျုပ်တို့ကစကားပြောရ သိပ်ပျင်းပဲ "

" အဲ့တာတော့အမှန်ပဲဗျို့ "

ဘကြီး နဲ့ ဗြောရယ်နဲ့စကားပြောနေတုန်းမှာ နေစေးက ဘာမှဝင်ပြောခြင်းမရှိ၊ သူစိတ်အာရုံကခွန်စိုင်းအတွက် မှာလိုက်တဲ့ဝတ်စုံနဲ့ရတနာဆီမှာပဲကျရောက်လို့​အထည်သားကို​သေချာစစ်​ဆေးနေသည်။ ဒါကိုတွေ့တော့ ဗြောရယ်ကပြောပြလာသည်။

" ဦးဆောင်သူ ဒီအထည်သားက မြို့ကြီးထဲကဆိုင်တွေထဲမှာစျေးအကြီးဆုံးနဲ့အကောင်းဆုံးပဲရော်၊ ကျုပ်ဝယ်လာတာအဆင်ပြေရဲ့လားဗျ "

နေစေးက အထည်တွေကိုကိုင်ကြည့်လိုက်ပြီးပြန်ဖြေလိုက်သည်။

" အဆင်ပြေတယ် "

နေစေးအတွက် ဝတ်စုံဟာအကောင်းဆုံးရှိပြီးသားမို့ နေစေးဟာ ခွန်စိုင်း လက်ချီပွဲ(လက်ထပ်ပွဲ)သွားဖို့အတွက်ဝတ်စုံကိုအကောင်းဆုံးဖြစ်စေချင်မိသည်။

နေစေးတို့လုံဝမ်ရွာတွင်ဓလေ့တစ်ခုလည်းရှိသည်။ ထိုအရာဟာ လက်ချီပွဲ(လက်ထပ်ပွဲ)လာရောက်သူတွေဝတ်သည့်အဝတ်အစားတွေပင်။ လက်ချီပွဲမှာဝတ်ရတဲ့အဝတ်အစားဟာ ဒီဇိုင်းပုံစံအတူတူကိုမှ ငွေကြေးချမ်းသာသူတွေဟာ အဝတ်ထည်အသားကောင်းကောင်းဝတ်စုံများဝတ်ကြပြီး ဆင်းရဲသူများမှာသင့်တင့်သလောက်သာဝတ်ကြသည်။ သို့သော် ဝတ်ကြတဲ့အကျီ၊ဘောင်းဘီနှင့် ခေါင်းပေါင်းတွေကအစ အားလုံးအတူတူတွေပဲဖြစ်သည်။

ဗြောရယ်နှင့်နေစေးတို့စကားပြောပြီးနောက် ဗြောရယ်ကတပ်စခန်းကိုပြန်သွားသည်။ ခဏအကြာ အပေါ်ထပ်ဆီကဆင်းလာတဲ့အသံနှင့်အတူ ခွန်စိုင်းရောက်လာသည်။

" လူလေး နိုးပလားကွ.."

" ဟုတ်ကဲ့ဘဘကြီး "

နေစေးတို့အနားကိုရောက်လာတဲ့ ခွန်စိုင်းဟွမ်ဆိုတဲ့ဒီလူ​ကြီးလေးဟာ ပုဆိုးလေးတွေဝတ်ရတာကိုအတော်လေးသဘောကျပုံပေါ်ပြီး တခြားလူတွေနဲ့ဆိုမျက်နှာလေးရွင်လန်းပြုံးချိုနေသလောက် နေစေးနဲ့များ မျက်နှာချင်းဆိုင်ရှိရင်တည်ငြိမ်လွန်းသည်။

Saw Nay Say's Travel Blogger [ Completed ]Where stories live. Discover now