ဟင် ကျွန်တော်က သူ့ကို ကျွန်တော်မဟုတ်တဲ့ တစ်ခြားတစ်ယောက်နဲ့
လက်ထပ်ဖို့တိုက်တွန်းခဲ့သတဲ့လား....
ဟုတ်တာပေါ့...ကျွန်တော် ထိုသို့ပြောခဲ့ပါသည်...
ထို့အတွက်ကြောင့် သူတောင်းဆိုသလို
သူ့လက်ထပ်ပွဲကို မသွားပဲ နေပေးလိုက်ရမလား....
ဒါမှမဟုတ် မာနတွေခဝါချပြီး
အခုပင် သူ့ရင်ခွင်ထဲကိုပြေးဝင်ပြီး
ငါမဟုတ်တဲ့ တစ်ခြားတစ်ယောက်နဲ့
လက်မထပ်ပါနဲ့လို့ ငိုယိုပြီး တောင်းပန်လိုက်ရမလား....
ထိုသို့သော ဝေခွဲမရသောအတွေးတွေနဲ့ ချာချာလည်ရင်း ကျောက်ရုပ်တစ်ရုပ်လို ရပ်တန့်နေမိပါသည်...

"Plan"

"ဟင်"

မလှုပ်မယှက်ရပ်နေတဲ့ ကျွန်တော့်ရဲ့ပုခုံးစွန်းနှစ်ဖက်ကို
သူ့လက်တွေနဲ့ဆုပ်ကိုင်ကာ တိုးညှင်းစွာ ခေါ်လာတာကြောင့် သူ့ကို ကျွန်တော် မော့ကြည့်လိုက်မိသည်....
အို သူ့မျက်ဝန်းမှာ မျက်ရည်တွေနဲ့...
သူ ငိုနေပြန်ပါပြီကော...
ထိုမျက်ရည်တွေကို တယုတယ သုတ်ဖယ်ပေးချင်မိတဲ့စိတ်ကို ဖိနှိပ်ထိန်းချုပ်ထားနေရတဲ့ဝေဒနာက
ဘယ်လို ဝေဒနာမျိုးနှင့်မှ မတူပါပေ ....

"တစ်ခုတော့ မင်းသိထားပါ...
ဒီကမ္ဘာမှာ ကိုယ် လက်အထပ်ချင်ဆုံးလူက မင်းပဲ...
မင်းမေ့သွားမှာစိုးလို့ ကိုယ် ထပ်ပြောလိုက်မယ်.. ကိုယ် ဘယ်သူနဲ့ပဲ လက်ထပ် လက်ထပ်
ကိုယ် ချစ်တာ မင်းတစ်ယောက်တည်းပဲ..
ကိုယ် မင်းကိုပဲ ချစ်နေမှာ"

သူ့ရဲ့စကားတွေကို ကြားလိုက်ရတဲ့တခဏ
ရင်ဘတ်တစ်ခုလုံး အောင့်မျက်နာကျင်လာကာ
မျက်ဝန်းမှာလဲ ပူနွေးစိုစွတ်လာလေသည်..
မျက်ရည်ဝေ့သီနေတဲ့ ကျွန်တော့်ရဲ့မျက်ဝန်းတွေကို
သူ ငေးစိုက်ကြည့်ရင်း နူးညံ့သောလေသံလေးဖြင့်

"Plan..... မောင့်ကို တစ်ခုခုပြောပါဦး"

"................"

"ချစ်လား....မောင့်ကို ချစ်လား ...
ဟင် ပြောပါဦး...တစ်ခုခု ပြောပါဦးကွာ"

"အခုချိန်ကျမှ ငါ ဒါတွေ မပြောချင်တော့ဘူးMean....
ငါပြောခဲ့ရင်တောင် ဘာကမှ ပြောင်းလဲမသွားဘူးဆိုတာ မင်းသိသင့်တယ်"

"သေချာတာကတော့ ဒီလက်ထပ်ပွဲကို
ကိုယ် ဖျက်ပစ်လိုက်မှာ"

Meanရဲ့ပြတ်သားလှတဲ့စကားကြောင့်
ကျွန်တော် တခဏတော့ ဆွံ့အသွားရလေသည်...
သူ ကျွန်တော့်ကိုချစ်ပေးလို့ ကျေးဇူးတင်ရပေမဲ့
ဒီဘဝမှာ ရှေ့ဆက်ခွင့်မရှိတော့တာ
သူရော ကျွန်တော်ရောအသိ...

"မောင်"ဟု ခေါ်မည်သော အဝေးရောက်ကဗျာလေးတစ်ပုဒ်Where stories live. Discover now