စက္ကန့်ပိုင်းမျှတော့ ထိုဖိတ်စာပန်းရောင်ကို
ငေးကြောင်ကြည့်ရင်း
ကျွန်တော် အသိစိတ်မဲ့သွားရသည်...
ချက်ချင်းပဲ ကိုယ့်စိတ်ကိုကိုယ်
တည်ငြိမ်အောင် ပြန်ထိန်းရင်း
သူကမ်းပေးသော ဖိတ်စာကို
မဆိုင်းမတွပင် လှမ်းယူလိုက်သည်...
လှမ်းနေတဲ့လက်ကို
တုန်ယင်မနေအောင် ထိန်းချုပ်ထားရတာ အလွန်တရာ ခက်ခဲလွန်းလှပါသည်....
မင်းလဲမသိသလို ဘယ်သူမှလဲမသိပေမဲ့
ငါ့ ရင်ထဲမှာတော့ ထစ်ချုန်းမိုးရွာသွန်းနေပါပြီကွာ..
"ငါ့ကို စိန်ခေါ်တာလား"
"ဟင့်အင်း..
ကိုယ် မင်းကိုစိန်မခေါ်ရဲပါဘူး...
စိန်မခေါ်လဲ မင်းမှာ လာရဲတဲ့သတ္တိရှိတယ်ဆိုတာကို ကိုယ်သိပါတယ်...
ဒါပေမဲ့ ကိုယ် မင်းကိုတောင်းဆိုပါရစေ"
"ဘာလဲ"
"ဒီလက်ထပ်ပွဲကို မင်းမလာပါနဲ့"
သူ့ဆီက ဒီလိုစကားကြားရလိမ့်မယ်လို့ တကယ်ကိုမထင်ထားခဲ့ပါ....
ဒါဆို ဘာကြောင့်များ လာပေးနေသေးလဲ...
ဧကန္တ မင်းက ငါ့ကိုအနိုင်ပိုင်းချင်နေတာလား....
ထိုအတွေးကိုတွေးမိတော့
ရင်ထဲမှာ နာနာကျင်ကျင်ဖြစ်မိကာ
ဟားတိုက် ရယ်မောလိုက်မိသည်....
"ဘယ်လို ဘယ်လို...အဟက်ဟက် မင်းဟာက ရယ်စရာကောင်းမနေဘူးလားဟင်..
ဖိတ်စာတော့ လာပေးပြီး
ပွဲကိုကျ မလာရဘူးဆိုတော့...."
ကျွန်တော့်ရဲ့လှောင်ရယ်သံတွေစွက်နေတဲ့
ခနဲ့တဲ့တဲ့စကားကို နားထောင်ပြီးနောက်
သူ့မျက်နှာမှာ နာနာကြည်းကြည်းပြုံးလိုက်သော အပြုံးတစ်ခုကို ကျွန်တော်တွေ့လိုက်ရသည်....
ဒါပေမဲ့ ထိုအပြုံးက တခဏမျှသာ....
သည့်နောက်မှာတော့ သူ့မျက်နှာဟာ
ခန့်မှန်းရခက်လောက်အောင် တည်ငြိမ်သွားကာ
"ကိုယ် မင်းစကားကိုနားထောင်ပြီး
Kကို လက်ထပ်လိုက်တယ်ဆိုတာကို မင်းကိုသိစေချင်လို့...ဒီဖိတ်စာကို မင်းလွှင့်ပစ်ချင်လဲရတယ်
ဆုတ်ဖြဲပစ်ချင်လဲ ရတယ်...
ဒါပေမဲ့ တစ်ခုပဲကွာ... တစ်ခုပဲ..
ဒီမင်္ဂလာပွဲကို မင်းမလာခဲ့ပါနဲ့...
ဒါဟာ နောက်ဆုံးအနေနဲ့ မင်းကို တောင်းဆိုနေတာပါ...
ကိုယ့်ကိုသနားရင် မင်းမလာခဲ့ပါနဲ့"
YOU ARE READING
"မောင်"ဟု ခေါ်မည်သော အဝေးရောက်ကဗျာလေးတစ်ပုဒ်
Fanfictionဒီfanficကလဲ deep dramaလေးဖြစ်သလို ကိုယ့်ရဲ့ထုံးစံအတိုင်း MeanPlanပါပဲလို့
Part ~~ 2
Start from the beginning
