"Plan မင်းကွာ......"
သူဟာ ကျွန်တော့်စကားကြောင့် ဆို့နင့်ကြေကွဲစွာရေရွတ်လိုက်လေသည်...
ထို့နောက်တော့ သူ့မျက်နှာကို သူ့လက်နှစ်ဖက်နဲ့
အုပ်ကာပြီး တိုးကြိတ်စွာငိုရှိုက်နေပါတော့သည်...
တိုးဖွတဲ့သူ့ငိုရှိုက်သံတွေဟာ ကျွန်တော့်ရင်ကို အရှိန်ပြင်းစွာနဲ့ လာရိုက်ခတ်နေသလိုပင်.....
ရစ်သိုင်းဖွဲ့လာတဲ့မျက်ရည်တွေကို မကျလာစေရန်
ကျွန်တော် မေးနှစ်ဖက်ကိုတင်းတင်းကြိတ်ကာ
လက်နှစ်ဖက်ကို တင်းတင်းဆုပ်ထားမိသည်...
ဒီအချိန်မှာ ကျွန်တော် မငိုချင်သေးပါ...
တိုးကြိတ်စွာ ငိုရှိုက်နေသောသူ့ကို မြင်နေရတာ
နှလုံးသားတစ်ခုလုံး နာကျင်လွန်းသောကြောင့်
သူ့ကို ကျောပေးရပ်လိုက်ကာ ကန်ရေပြင်ကိုသာ
အကြောင်းမဲ့ငေးကြည့်နေလိုက်သည်....
ငိုပါ...ဒီနေ့ တစ်ရက်တော့ ဝအောင်ငိုခွင့်ရှိပါသေးသည်...
ပြီးလျှင်တော့ ကျွန်တော်တို့ ကိုယ့်လမ်းကိုယ် လျှောက်ရတော့မည်မဟုတ်ပါလား...
"Plan"
နောက်ကျောဆီက သူ့ရဲ့ခေါ်သံသဲ့သဲ့ကြောင့်
သူ့ကိုပြန်လှည့်ကြည့်လိုက်သည်....
ငိုရှိုက်ထားသောကြောင့် သူ့မျက်နှာပြင်တစ်ခုလုံး
နီရဲနေကာ နဂိုမှေးကျဥ်းသောမျက်ဝန်းတစ်စုံဟာလဲ
အခါတိုင်းထက် အနည်းငယ်မို့အစ်လျက်ရှိနေတာကို တွေ့လိုက်ရလေသည်...သူကတော့
ကျွန်တော့်ကို မကြည့်ပဲ သူ့အင်္ကျီအိတ်ကပ်ထဲက တစ်စုံတစ်ခုကို ထုတ်ယူလိုက်ရင်း
"ကိုယ် ဒါလေးပေးချင်လို့"
ဟင်...သူ့လက်ထဲက ပန်းရောင်ဖျော့ဖျော့
ဖိတ်စာတစ်စောင်ကိုမြင်လိုက်ရတဲ့တခဏ
ဦးနှောက်အသိမှာ ဒိန်းခနဲ မြည်ဟီးသွားပြီး
ရင်တွေလဲ တလှပ်လှပ်တုန်ယင်လာရသည်....
ထိုအခိုက်မှာ ကျွန်တော် ဒီရက်တွေအတွင်း ထိန်းချုပ်ခဲ့ရတဲ့ နာကျင်မှုတွေ ကြေကွဲမှုတွေကို ဘယ်လိုမှ ဆက်လက်ထိန်းချုပ်နိူင်စွမ်းမရှိတော့ပါ....
ထို့ကြောင့် အနောက်ဘက်သို့ မသိမသာ ယိမ်းယိုင်သွားရလေသည်...
တကယ်တမ်း ရက်စက်တာက မင်းမဟုတ်ဘူးလားကွာ...
တောင်းပန်ပါတယ်...ငါ့ကို အခါခါ မသတ်ပါနဲ့..
YOU ARE READING
"မောင်"ဟု ခေါ်မည်သော အဝေးရောက်ကဗျာလေးတစ်ပုဒ်
Fanfictionဒီfanficကလဲ deep dramaလေးဖြစ်သလို ကိုယ့်ရဲ့ထုံးစံအတိုင်း MeanPlanပါပဲလို့
Part ~~ 2
Start from the beginning
