သူဟာ ကျွန်တော့်ကို ဘာတစ်ခွန်းမှဆိုမလာပဲ
နာကျင်ကြေကွဲနေသောမျက်ဝန်းတစ်စုံဖြင့်
ငေးမောလို့နေပါသည်...ကျွန်တော်လဲ နာကျင်စွာလွမ်းခဲ့ရတဲ့ရက်တွေအတွက် သူ့ကို မမှိတ်မသုန် တန်ပြန်ငေးမောကြည့်နေမိသည်...
ဖရိုဖရဲ နွမ်းလျနေတဲ့ကြားထဲကပင် သူဟာ
အရင်ကအတိုင်း ချောမောနေဆဲပါပဲလားလို့
စိတ်ထဲကနေ အသိအမှတ်ပြုလိုက်မိသည်....

"night dutyထွက်လာတာလား"

"အင်း ဟုတ်တယ်"

"အော် အဲ့ဒါကြောင့် မင်းမျက်နှာနွမ်းနေတာကိုး"

"..........."

သူ့ရဲ့စိုးရိမ်မှုစွက်နေတဲ့ စကားအတွက်
ကျွန်တော့်မှာ ဘာမှပြောစရာမရှိခဲ့ပါ.....
နှုတ်ခမ်းကိုတင်းတင်းစေ့ပိတ်ကာ
တိတ်ဆိတ်နေလျက်ရှိတဲ့ ကျွန်တော့်မျက်နှာကို
သူဟာ နာကျင်ကြေကွဲနေတဲ့
မျက်ဝန်းတွေနဲ့ စိုက်ကြည့်နေဆဲပဲမို့
ကျွန်တော့်နှလုံးသားတွေ တစစီကြေကွဲသွားရသလိုပင်....

"Plan မင်း မောင့်ကို ဘာမှပြောစရာမရှိဘူးလားဟင်"

"မောင်"တဲ့လားကွယ်....ဒီအချိန်မှာ
ဒီလိုမသုံးနှုန်းသင့်တော့ဘူးဆိုတာ
သူ မသိလေရော့သလား...

".................."

"ကိုယ် သိခဲ့သင့်တာ...
အစတည်းက ကိုယ်သိခဲ့သင့်တာ...
မင်း ကိုယ့်ကိုတကယ်မချစ်ခဲ့ဘူးပဲ"

သူ့ရဲ့နာနာကျင်ကျင် ခနဲ့တဲ့တဲ့စကားကို နားထောင်ပြီး ကျွန်တော် ဘာကြောင့်မှန်းမသိ ဟက်ခနဲရယ်သွမ်းလိုက်မိသည်...
ထိုရယ်သံကြောင့် သူဟာ ကျွန်တော့်ကို မယုံနိုင်သောမျက်ဝန်းတွေနဲ့ကြည့်လာသလို တုန်လှုပ်စွာဖြင့် အနောက်သို့ယိုင်သွားလေသည်...
ထို့နောက် ကြေကွဲဆို့နင့်နေတဲ့အသံဖြင့်

"မင်း သိပ်ရက်စက်တယ် Plan"

သူ့ရဲ့ထိုစကားဟာ ကျွန်တော့်နှလုံးသားတစ်ခုလုံး
ကြေမွသွားပြီလားလို့ ထင်မှတ်ရလောက်အောင်
နာကျင်လွန်းမက နာကျင်ရပါသည်...
ထို့အတွက်ကြောင့် မျက်မှောင်ကြုတ်လိုက်မိကာ သူနဲ့မျက်နှာချင်းဆိုင်လိုက်ပါတော့သည်...

"ငါကရက်စက်တယ်လား"

".................."

"ဘာလဲ ငါက မင်းကို အရှုံးမပေးလို့လား"

"မောင်"ဟု ခေါ်မည်သော အဝေးရောက်ကဗျာလေးတစ်ပုဒ်Où les histoires vivent. Découvrez maintenant