" အဟင်း ဒါလည်း ရိုးရာအကပဲလေ  တိုးနယားအကလို့ ခေါ်တယ် အထဲမှာ လူဝင်ပြီး ကတာလေ ကြောက်စရာမလိုဘူး "

တိုးနယားအကဆိုတာ တိုးနယားအကောင်ပုံတူ ဝတ်ရုံထဲမှာ လူနှစ်ယောက်လျှိုဝင်ပြီး ကပြတာဖြစ်တယ် ။ ဆင်အက ကသလိုမျိုးနဲ့ ဆင်တူသည်။
တိုးနယားကတဲ့သူတွေက လွှား ကြောက်နေမှန်းသိတော့ စနောက်ချင်လာသည်နှင့်ထင်  လွှားရှေ့ နီးနီးကပ်ကပ်ကို လာကာ ကပြကြသည်။

" ကိုကို့ "

သူနဲ့အရမ်းနီးနေတော့ ပိုလန့်ပြီး ဝန်း လက်မောင်းမှာ မျက်နှာလာကပ်ထားသည်။ အကုန်လုံးက လွှား ကြောက်နေမှန်းသိတော့ ပြုံးစိစိနဲ့ ။ လွှား​ပေါက်ကလည်း အသည်းယားဖို့ကောင်းအောင် ကြောက်​ပြနေတာကိုး။

" လွှား ကို စနေတာ ဘာမှ မဖြစ်ဘူး "

" ဟင့်အင်း စနေတာ မဟုတ်ဘူး "

ခေါင်းလေးကို ပုပ်ပေးကာ မကြောက်စေဖို့ ပြောတော့ ခေါင်းရမ်းပြကာ ငြင်းဆိုသည်။ လူဝင်နေတာကို သိပေမယ့်လည်း အကောင်လို့ပဲ ထင်ပြီးပဲ ကြောက်နေရှာတာ ။

" လွှား က မကြည့်တော့ တိုးနယားလေးက ဝမ်းနည်းတာပေါ့ လွှားကို ကပြချင်တာတဲ့ ကြည့်ပါဦး "

ကလေးတွေလို ချော့ကာပြောကြည့်တော့ မျက်လုံးလေး တစ်ဖက်က လှန်ကြည့်လာပြီး တိုးနယားကိုလည်း မြင်ရော ချက်ချင်းအကြည့်လွှဲသွားပြန်သည်။

" သွားခိုင်းလိုက်တော့ "

ဝန်းကို အရည်တွေဖွဲ့နေတဲ့ မျက်ဝန်းလေးတွေနဲ့ ကြည့်ပြီး တိုးနယားကတဲ့သူတွေကို နှင်လွှတ်ခိုင်း​နေသည်။ လွှား ပုံစံလေးကို ကြည့်ပြီး ရယ်လည်းရယ်ချင် သနားလည်း သနား ။
လွှားပေါက် ဖြစ်နေပုံကို ကြည့်ပြီး တအားအား ဖြစ်နေကြတဲ့ အဖွဲ့က သပ်သပ်ရှိနေသေးသည်။

အစသန်တဲ့ ပီအိုက်တို့က တိုးနယားခေါင်းနဲ့ လွှားခေါင်းကို လာထိတော့ လွှားပေါက် တစ်ယောက် ကြောက်လန့်လွန်ပြီး ဝန်း ပေါင်ပေါ်ရောက်လာသည်။

" ကိုကို့!  လွှားကို ကယ်ပါဦး ! သွားခိုင်းလိုက်ပါတော့ဆို ဟင့် "

When You Find Lost Love AgainWhere stories live. Discover now