"Plan မင်း အဆင်ပြေရဲ့လား...
မင်း အရမ်းပင်ပန်းနေရင် ခွင့်ယူလိုက်ပါလား"

Markဆိုတာ မူလတနျးတည်းကနေ
အခု houseဆင်းနေတဲ့အချိန်ထိ မခွဲမခွာ ခင်မင်လာတဲ့သူငယ်ချင်းအရင်းကြီးဖြစ်သူမို့
Planအကြောင်းကို သူများထက်ပိုသိနေတာ
အဆန်းတစ်ခုတော့မဟုတ်ပါလေ.....
အခုလဲ ဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်တွေကြောင့်
ကျွန်တော် လဲပြိုကျသွားမှာ စိုးရိမ်နေပြန်ပါပကော...
ထို့ကြောင့် ကျွန်တော် မျက်လုံးအသာအယာပြန်ဖွင့်လိုက်ကာ
မျက်နှာကျက်ကို ငေးစိုက်ကြည့်ရင်း တစ်လုံးချင်းပြန်ဖြေပေးလိုက်သည်....

"ရတယ် ငါအဆင်ပြေတယ်...စိတ်မပူနဲ့...
မဟုတ်လဲ ဒီရက်ပိုင်းထဲဆို အလုပ်သင်ကာလပြီးပြီပဲဟာ..."

"ဒါပေမဲ့...."

Markရဲ့ ဒါပေမဲ့ဆိုတဲ့စကားဟာ ဘယ်အရာကို ရည်ညွှန်းလဲဆိုတာကိုသိနေပြန်တဲ့ ကျွန်တော့်အတွက်တော့ နာကျင်စွာပြုံးလိုက်မိပြန်သည်....
သို့ပေမဲ့ ထိုအပြုံးဟာ ဘယ်လိုမှကြည့်ကောင်းနေမှာမဟုတ်မှန်းလဲ
Markရော ကျွန်တော်ရောသိနေပါသည်...

"မင်း တကယ်ရော အဆင်ပြေရဲ့လားကွာ...
မင်းကိုကြည့်ရတာ အားမရလိုက်တာ....
မင်း ဘာဖြစ်ချင်လဲ ပြော...
ငါ့ကို ပွင့်ပွင့်လင်းလင်းပြောစမ်းပါ....
ငိုချင်လား...ငိုချင်ရင်လည်း ငိုချလိုက်..
မင်းနဲ့ငါက ရှက်နေရမယ့် လူတွေမှမဟုတ်တာ"

"ငိုရမှာလား...ငိုရင် အရာအားလုံးက အရင်အတိုင်းပြန်ဖြစ်မှာလား...
အဲ့ဒါဆိုရင် ငါ ငိုမယ် "

"ဟင်းးးး......"

ကျွန်တော့်ရဲ့ခေါင်းမာတဲ့စကားကြောင့်
Markဆီကနေ ပင့်သက်ရှိုက်သံရှည်ကြီးကို ကျယ်လောင်စွာကြားလိုက်ရတယ်....
ထို့နောက်တော့ အခန်းအတွင်းမှာ
တခဏလောက် တိတ်ဆိတ်သွားရလေသည်..

အချိန်အတော်ကြာတိတ်ဆိတ်နေပြီးမှ
ကျွန်တော် သင်္ဘောဆေးအဖြူရောင်သုတ်ထားတဲ့ မျက်နှာကျက်ဖြူဖြူကို စိုက်ကြည့်ရင်း
နာနာကျင်ကျင်နဲ့ ဖွင့်ဟဝန်ခံလိုက်သည်...

"ငါငိုခဲ့တယ်..အများကြီးငိုခဲ့တယ်"

ဒါပေမဲ့ ထိုစကားဟာ Markကို
ရင်ဖွင့်နေတာလား..
ကိုယ့်ကိုယ်ကို ဒီအတိုင်း
ရေရွတ်လိုက်မိတာလားဆိုတာကို
ကျွန်တော်ကိုယ်တိုင်လဲ မသဲကွဲပါ...

"မောင်"ဟု ခေါ်မည်သော အဝေးရောက်ကဗျာလေးတစ်ပုဒ်Where stories live. Discover now