"ဘာရယ် ဘာရယ် ပြန်ပြောစမ်းပါဦး"
"မပြောတော့ဘူး အိပ်တော့မယ်"
"Plan မညစ်နဲ့ကွာ...
နောက်တစ်ခါ ထပ်ပြောလို့ဆို"
"အိပ်ချင်ပြီ..မနှောင့်ယှက်နဲ့တော့"
"အာ အာ့လိုမရဘူးလေကွာ...
ဘေဘီ..ဘေဘီ အာ့လိုမလုပ်သွားနဲ့လေ..ဟေ့ ဟေ့"
သူ့ရဲ့အားမလိုအားမရစွာပြောနေတဲ့
စကားသံကိုရော သူ့ကိုရော ကျောခိုင်းကာ
မျက်လုံးမှိတ်ပြီး အိပ်ချင်ယောင်ဆောင်လိုက်သည်..
သို့ပေမဲ့လဲ ကျွန်တော့်နှုတ်ခမ်းတွေ ပြုံးနေခဲ့ပါသည်...
ချစ်သူသက်တမ်းတစ်နှစ်ကျော်အတွင်း
သူ့ဆီကနေ ချစ်တယ်ဆိုတဲ့စကားကို
ကျွန်တော် အကြိမ်ကြိမ်ကြားရတတ်ပေမဲ့ သူကတော့ ကျွန်တော့်ဆီက ချစ်တယ်ဆိုတဲ့စကားကို
တခါတလေမှသာ ကြားခွင့်ရတတ်သည်...
ပြောရရင် အခုလို မထင်မှတ်ထားသော အချိန်မျိုးတွေမှာပေါ့.....
ကျွန်တော်က သူချစ်လားမေးတိုင်း
ပြန်ဖြေချင်မှပြန်ဖြေတတ်ပြီး
နေရင်းထိုင်ရင်းနှင့်လည်း
နှလုံးသားရဲ့အနက်ရှိုင်းဆုံးနေရာကနေ သူ့ကိုချစ်တဲ့စိတ်လေးက
အလိုလိုကြည်နူးဆွတ်ပျံ့လာရင်တော့
သူပင်မမေးရပဲ စိတ်လိုလက်ရ ချစ်တယ်လို့ပြောတတ်တဲ့သူမျိုးပါ...
ထိုမျှအထိ သူဟာ ကျွန်တော့်ကိုချစ်ခဲ့သလို
ကျွန်တော်ကလဲ ထိုမျှအထိ သူ့ကိုချစ်ခဲ့ပါသည်...
ဒါပေမဲ့လည်း ကျွန်တော်တို့ဝေးခဲ့ကြသည်...
❌❌❌❌❌❌❌❌❌❌❌
Coming Soon
အရင်ficတွေတောင် မပြီးသေးပဲ
အသစ်လေးဖန်တီးမိပြန်ပြီဗျာ..
လိုအပ်ရင် ဝေဖန်လေကန်လို့ရပါကြောင်း
WTG💙💚
6.8.2021 (FRI)
(2686 Words)
🛡🛡🛡🛡🛡🛡🛡🛡🛡🛡🛡🛡
"Plan မင်း တစ်ညလုံးမအိပ်ရသေးဘူးလား...
မျက်နှာတော်တော်ချောင်ကျနေတယ်"
Markရဲ့အမေးကို အပြုံးယဲ့ယဲ့တစ်ခုနှင့်သာ တုံ့ပြန်လိုက်ရင်း အလုပ်သင်ဆရာဝန်များ နားနေခန်းရှိ ဆက်တီခုံပေါ်မှာ အားလျော့စွာ ဝင်ထိုင်လိုက်သည်....ထို့နောက် ဝတ်ထားသော
ဂျူတီကုတ်အဖြူရောင်လေးကိုလည်း
အလျင်အမြန် ချွတ်ယူလိုက်ပြန်သည်...
သို့ပေမဲ့ ထိုဂျူတီကုတ်လေးကို သေသေသပ်သပ်မခေါက်ဖြစ်တော့ပဲ
ဖြစ်သလိုပင် လက်ထဲမှာ
လုံးထွေးဆုပ်ကိုင်ထားလိုက်
ခန္ဓာကိုယ်တစ်ခုလုံးကို လျောချမှီထိုင်လိုက်ရင်း မျက်လုံးတွေမှိတ်ချကာ အနားယူလိုက်သည်...
တကယ်တမ်းတော့ ယောက်ယက်ခတ်နေခဲ့တဲ့
စိတ်ကိုတည်ငြိမ်ဖို့ကြိုးစားနေတယ်ဆိုတာကို
Plan ကိုယ်တိုင်သာအသိဆုံးပါလေ...
YOU ARE READING
"မောင်"ဟု ခေါ်မည်သော အဝေးရောက်ကဗျာလေးတစ်ပုဒ်
Fanfictionဒီfanficကလဲ deep dramaလေးဖြစ်သလို ကိုယ့်ရဲ့ထုံးစံအတိုင်း MeanPlanပါပဲလို့
Part ~~ 1
Start from the beginning
