"Mean"
"ဟင်"
ရယ်မောနေဆဲသူ့ကို တိုးဖွဖွလေးခေါ်လိုက်တော့
သူ့ဆီကနေ ပြန်ထူးသံသဲ့သဲ့ကိုကြားလိုက်ရသည်...
"Mean"
"ဟင်"
"Mean"
"ဟောဗျာ ဘယ်လိုကြောင့်
ခဏခဏခေါ်နေရတာတုန်း..
ဘာလဲ မောင့်ကို အရမ်းချစ်လို့လား"
ကျွန်တော့်ရဲ့ ခဏခဏခေါ်သံအဆုံးမှာ
သူဟာ ရယ်ဟဟအသွင်နဲ့ ကျွန်တော့်ဘက်ကို
ငဲ့စောင်းကာ စနောက်လာလေသည်...
ကျွန်တော်ကတော့ သူမေးတာကို ပြန်မဖြေပဲ သူ့ကိုသာ မမှိတ်မသုန် ရွှန်းရွှန်းစားစား စိုက်ကြည့်လို့နေလိုက်သည်...
ထိုအခါကျရင်တော့ သူဟာ မနေတတ်မထိုင်တတ်တော့သလိုပုံစံနဲ့
နားရွက်ဖျားတွေနီကာ ကျွန်တော့်ကို မကြည့်ရဲတော့ပါလေ....
သူဟာ အဲ့ဒီလိုကောင်လေးတစ်ယောက်...
"Mean"
"ဟင်လို့...ပြောစရာရှိတာပြောကွာ..
မင်း အာ့လိုခဏခဏခေါ်နေရင် ဒီမှာ ယာဥ်တိုက်မှုတွေဖြစ်ကုန်တော့မယ် သိလား"
"ဟားဟားဟား ဟားဟားဟား"
သူ့ရဲ့ခပ်ဆတ်ဆတ်လေသံကြောင့်
ကျွန်တော် အကျယ်ကြီးအော်ရယ်လိုက်မိပါသည်...
ဒါဟာ သူ ရှက်သည့်ပုံစံပါပင်...
ကျွန်တော်ရယ်တော့ သူပါ လိုက်ရယ်ပြန်သည်..
ချစ်ပါသည်...ဒီကောင်လေးကို ကျွန်တော့်အသက်နဲ့တမျှ ချစ်မိသွားခဲ့ပါသည်...
"Mean"
"ဟာကွာ"
ကျွန်တော် သူ့နာမည်ကိုထပ်ခေါ်လိုက်ပြန်တော့
သူ့မျက်နှာဟာ ရှုံ့မဲ့လို့နေပါပြီ...
သိသားပဲ...သူဟာ ထိုသို့သော
စိတ်မရှည်တဲ့လူစားမျိုးလေးဆိုတာ...
ဒါပေမဲ့လည်း ချစ်သည်လေ....
"မင်းကို ချစ်တယ်"
"ဘာ...ဟမ်..."
"ဟားဟား"
ကျွန်တော့်ရဲ့စကားကို ကြားလိုက်ပါလျက်နဲ့
မယုံရဲသလိုဖြစ်သွားတဲ့ သူ့ရဲ့ယောင်နနပုံစံကြောင့်
ကျွန်တော် ထပ်မံရယ်မောလိုက်မိပြန်သည်...
ရယ်နေရင်းနဲ့ စိတ်ထဲအတွေးပေါက်မိတာက
ရယ်သောသူသည် အသက်ရှည်၏ဆိုတဲ့စကားသာ
အမှန်တကယ်ဆိုရင် ကျွန်တော်တော့ အသက်တွေအရမ်းရှည်တော့မှာပဲလို့လေ...
YOU ARE READING
"မောင်"ဟု ခေါ်မည်သော အဝေးရောက်ကဗျာလေးတစ်ပုဒ်
Fanfictionဒီfanficကလဲ deep dramaလေးဖြစ်သလို ကိုယ့်ရဲ့ထုံးစံအတိုင်း MeanPlanပါပဲလို့
Part ~~ 1
Start from the beginning
