ဤသို့ဖြင့် အိမ်ပြန်ရာလမ်းတစ်လျှောက် ကားမောင်းနေတဲ့ သူ့ဘက်သို့စောင်းလှည့်ကာ
သူ့မျက်နှာကို တစိမ့်စိမ့်ကြည့်နေမိသည်...
ထိုသို့ကြည့်လေတိုင်း သူ့မျက်နှာဟာ ရှက်ရဲရဲဖြစ်နေတတ်ကာ ကျွန်တော့်ဘက်သို့ ငဲ့စောင်းကြည့်ရင်း ခပ်ပြုံးပြုံးပြောလာတတ်သည်...

"အိပ်လေကွာ...ဘာလို့ မောင့်ကို ကြည့်နေရတာတုန်း"

သူ့ကိုယ်သူ "မောင်"လို့
ရည်ညွှန်းပြောဆိုလိုက်တာကြောင့်
ကျွန်တော် သဘောတကျရယ်မောလိုက်သည်...
ကျွန်တော်တို့ချစ်သူဖြစ်ခါစက သူ ကျွန်တော့်ကို
ထိုသို့ "မောင်"လို့ခေါ်ခိုင်းတာ မှတ်မိလိုက်လို့ပါလေ..ကျွန်တော်ကတော့
ယောကျ်ားလေးအချင်းချင်း "မောင်"လို့
ခေါ်ရမှာက တမျိုးကြီးဖြစ်လို့နေသည်မို့
မခေါ်နိုင်ဘူးကွာလို့ အသဲအသန်ငြင်းဆန်ခဲ့သည်မဟုတ်ပါလား...
သို့ပေမဲ့လဲ မကြာခဏ ထိုသို့ခေါ်ခိုင်းလေသည်မို့
မတတ်သာသည့်အဆုံးမှာတော့
"ယောကျ်ားအချင်းချင်း အဲ့ဒီလိုခေါ်ရမှာ တမျိုးကြီးပဲ...ဒါပေမဲ့ မင်းသာ ကိုယ့်ကိုယ်ကို
အဲ့ဒီလို "မောင်"လို့ ခဏခဏ
သုံးနှုန်းပြောဆိုနေရင်တော့ နားရည်ဝပြီး တစ်နေ့နေ့တော့ ခေါ်ချင်လဲခေါ်လာနိုင်မှာပေါ့"လို့
ကျွန်တော် ရယ်ဟဟပြန်ပြောဖြစ်ခဲ့သည်လေ...
ထိုအချိန်ကစပြီး သူဟာ မကြာခဏ
သူ့ကိုယ်သူ "မောင်"လို့
သုံးနှုန်းခဲ့တာကိုသတိထားမိပါသည်..
ဒါပေမဲ့ ကျွန်တော်ကတော့
ရှက်လဲရှက် ခေါင်းလဲမာမာနှင့်ပင်
အခုချိန်ထိ သူ့ကို"မောင်"လို့
တစ်ခါမှထုတ်မခေါ် ဖြစ်သေးပါ...
တကယ်တော့ စိတ်ထဲနေ အကြိမ်ကြိမ်
ခေါ်ကြည့်နေမိတာ ကိုယ်တိုင်သာအသိဆုံးပါပင်...
တစ်နေ့နေ့တော့ မရှက်မကြောက် ခေါ်နိုင်ကောင်းပါရဲ့...

"ဟေ့ ဘာရယ်တာလဲ"

"ဒီလိုပါပဲ သဘောကျလို့"

"ဘာကိုလဲ"

"မင်းကိုပေါ့"

"ကိုယ့်ကို?...ဘာလို့?"

"မသိဘူး..ဒီတိုင်း သဘောကျချင်လို့ကို ကျတာ"

"မင်းကတော့ကွာ ဟား ဟား ဟား"

သူနဲ့အတူ ကျွန်တော်လဲ အားရပါးရ
ရယ်မောလိုက်မိပါသည်...
ကိုယ်ချစ်ရတဲ့သူနဲ့ အတူတူရယ်မောရတဲ့
အခိုက်အတန့်ဟာ ဘယ်လိုပျော်ရွှင်မှုမျိုးနဲ့မှမတူတာကို
ချစ်ဖူးသူသာလျှင် သိပါလိမ့်မည်...

"မောင်"ဟု ခေါ်မည်သော အဝေးရောက်ကဗျာလေးတစ်ပုဒ်Where stories live. Discover now