"ဘာ....အဲ့ဒါကို မင်းက လက်ခံလိုက်တာပဲလား"

"ငါက ဘာလက်မခံနိုင်စရာရှိလို့လဲ...
တွေ့ချင်တယ်ဆိုမှတော့ သွားတွေ့လိုက်ရုံပဲပေါ့...
ဘာခက်တာမှတ်လို့...ဒါပြီးရင်
သူနဲ့ငါလဲ ထပ်တွေ့စရာမရှိတော့ပါဘူး"

"မင်း တကယ် အဆင်ပြေရဲ့လား...
ငါ လိုက်ခဲ့ပေးရမလား"

"ရပါတယ်ကွာ...မလိုက်ပါနဲ့တော့...
မင်းလဲ ငါ့အကြောင်းသိပါတယ်..
အိုကေ အိုကေ ငါသွားပြီ"

"Plan"

အခန်းအပြင်သို့လှမ်းနေတဲ့ ကျွန်တော့်ခြေလှမ်းတွေကို ရပ်တန့်လိုက်ပြီး
Markကို လှည့်ကြည့်လိုက်ပါသည်...
သိပ်လဲမကွာဝေးတဲ့နေရာမှာ ရပ်နေတဲ့
Markကိုကြည့်နေပေမဲ့ အမြင်ကရှင်းလင်းမနေတော့ပါ...
Markတွေ့သွားမှာပါ...
သိုဝှက်သိမ်းဆည်းထားချင်တဲ့ ကျွန်တော့်
မျက်ဝန်းထဲက မျက်ရည်ကြည်တချို့ကို....

"မင်းဘက်မှာ ငါတို့ရှိတယ်"

Markရဲ့အဲ့ဒီစကားကြောင့် တခဏတော့
ခွန်အားရသွားသလိုခံစားလိုက်ရလေသည်...
ထို့ကြောင့် ရင်ထဲကနေ လှိုက်လှဲစွာ
ကြည်ကြည်နူးနူးပြုံးပြလိုက်ရင်း

"ကျေးဇူးပဲ Mark"

ထို့နောက်တော့ ကျွန်တော့်ကားရှိရာသို့
မနှေးမမြန်ခြေလှမ်းတို့ဖြင့် လှမ်းလာခဲ့မိသည်...
ကားနားကိုရောက်တော့ ဟိုအရင်
ကျွန်တော်night dutyထွက်သည့်မနက်တိုင်း လာကြိုတတ်သော သူ့ကို ဖြတ်ခနဲသတိရသွားမိသည်...

ဆေးကျောင်းတက်သည့်တစ်လျှောက်လုံး
အတူတူရှိခဲ့ကြပေမဲ့ အလုပ်သင်ဆင်းချိန်မှာတော့
သူနဲ့ကျွန်တော် ဆေးရုံတွေ မတူကြတော့ပါ..
သို့ပေမဲ့ သူဟာ ကျွန်တော်night dutyထွက်တိုင်း
မပျက်မကွက်လာကြိုတတ်ပါသည်...
ထိုသို့လာကြိုသည့်အခါတိုင်းမှာလဲ တစ်ညလုံးမအိပ်ရသေးတာကြောင့် နွမ်းလျလျဖြစ်နေတတ်တဲ့
ကျွန်တော့်ကိုမြင်သည်နှင့်
မနက်ခင်းလေပြေအလား လတ်ဆတ်တဲ့အပြုံးလေးဖြင့်
အသင့်ဆီးကြိုပြုံးပြတတ်ကာ ကားတံခါးကိုလဲ
အလိုက်တသိ ဖွင့်ပေးထားတတ်သည်..
ပြီးလျှင်တော့ ထိုင်ခုံကို နောက်သို့လှန်ချကာ
ကျွန်တော် သက်တောင့်သက်သာ အနားယူနိုင်ဖို့ ပြင်ဆင်ထားပေးတတ်ပြန်ပါသေးသည်...
ကျွန်တော်ကတော့ ခပ်ပြုံးပြုံးလေးနဲ့
သူပြင်ဆင်ပေးထားသော ထိုင်ခုံမှာ ဝင်ထိုင်လိုက်ရုံပင်....

"မောင်"ဟု ခေါ်မည်သော အဝေးရောက်ကဗျာလေးတစ်ပုဒ်Where stories live. Discover now