"ထားလိုက်ပါကွာ.. မင်း သွားလဲ
ဘာမှပြောင်းလဲမလာနိုင်တော့ပါဘူး"

"တော်ကွာ...အဲ့ကောင်ကို
သူငယ်ချင်းစာရင်းကနေ ဖျက်တယ်"

"အဲ့ဒီလိုမလုပ်ပါနဲ့ကွာ"

"ဘာ မင်းက အခုထိ အဲ့ကောင် နာကျင်မှာကို
စိုးရိမ်နေတုန်းပဲလား...ဟိုက မင်းကိုထားပြီး
တခြားသူနဲ့လက်ထပ်တော့မှာကွ"

"သူနဲ့ငါက ဒီလောက်ထိပဲ ရေစက်ပါတာကိုး.. ဘာပဲဖြစ်ဖြစ်ပေါ့ကွာ...ငါတို့နှစ်ယောက်က
ပြီးဆုံးသွားပေမဲ့ မင်းတို့နဲ့တော့ အခင်အမင်မပျက်စေချင်ပါဘူး"

"အေး မင်းပဲ သူတော်ကောင်းလုပ်နေလိုက်တော့..
အဲ့ဒီလိုအလုပ်ကောင်းလို့ ဟိုကောင်က တခြားသူနောက်ပါသွားတာ"

"အဟက်... တကယ်တော့ ငါက မင်းထင်သလို သူတော်ကောင်းတစ်ယောက်မဟုတ်ပါဘူးကွာ"

ထို့နောက်တော့ ကျွန်တော်တို့ရဲ့ နားနေခန်းက
အပ်ကျသံတောင်မကြားရလောက်အောင်
တိတ်ဆိတ်ငြိမ်သက်သွားလေသည်...
လက်ကနာရီကို ငုံ့ကြည့်လိုက်တော့
မနက်(၇:၃၀)သို့ညွှန်ပြနေပြီမို့ပြန်ရန် ပြင်ဆင်လိုက်လေသည်...

"မင်း ပြန်တော့မလို့လား"

"အင်း"

"ငါ လိုက်ပို့ပေးရမလား"

"မလိုပါဘူးကွာ...မင်းလဲ ဂျူတီဝင်ရဦးမှာမလား..
ငါလဲ ချိန်းထားတာတစ်ခုရှိသေးတယ်"

"ချိန်းထားတာ?...အခုလား?"

"အင်း"

"မင်း တစ်ညလုံးလဲမအိပ်ရသေးဘူးလေ..
နောက်နေ့မှ တွေ့လို့မရဘူးလား"

"ရတယ်...ငါ ဖြေးဖြေးပဲမောင်းသွားမှာ"

"အရေးကြီးလို့လား...မကြီးရင်...."

"​ အရေးကြီးတယ် "

"ဘယ်သူနဲ့ချိန်း...ဟင်...မဟုတ်မှလွဲ...မင်း...."

Markရဲ့ စိုးရိမ်ပူပန်မှုတွေ အထင်းသားထင်ဟပ်နေတဲ့ မျက်ဝန်းအမေးကို
ကျွန်တော် ခေါင်းညိတ်ကာ အတည်ပြုရင်း အဖြေပြန်ပေးလိုက်သည်...

"ဟုတ်တယ် ခုနက သူ ငါ့ဆီကိုဖုန်းဆက်လာတယ်..
ငါနဲ့တွေ့ချင်တယ်တဲ့"

"မောင်"ဟု ခေါ်မည်သော အဝေးရောက်ကဗျာလေးတစ်ပုဒ်Onde histórias criam vida. Descubra agora