"ဘာအတွက်လဲ"
"သူ...သူ လက်ထပ်တော့မယ်တဲ့ အဟင်းဟင်း"
ထိုစကားပြောရင်း ဘာကြောင့် ကျွန်တော် ရယ်မောလိုက်မိမှန်း ကိုယ့်ကိုယ်ကိုတောင် မသိလိုက်ဘူး....ဒါပေမဲ့လည်း ထိုရယ်သံဟာ
ခြောက်ကပ်ကပ်နိုင်လွန်းလှသည်.....
"ဘာ"
Markဆီက "ဘာ"ဆိုတဲ့ တုန်လှုပ်သွားသော
အသံကျယ်ကြီးကြောင့်
Planနောက်လှည့်ကြည့်လိုက်မိသည်...
အကြီးအကျယ်shockရသွားတဲ့Markရဲ့ပုံစံကို
ပြတင်းတံခါးဘောင်ကို မှီထားလျက်
လက်နှစ်ဖက်ကိုခပ်ဖွဖွပိုက်ကာ ပြုံးကြည့်နေလိုက်သည်...
ကျွန်တော့်ရဲ့ထီမထင်ဟန်ပုံစံကြောင့်ထင်ပါရဲ့ Markဆီကနေ ကျွန်တော့်ကိုဘယ်လိုမှ နားမလည်နိုင်တော့ဘူးဆိုတဲ့ အကြည့်တစ်ခုနဲ့အတူ မချိတင်ကဲအပြစ်တင်သံတစ်ခုကို လက်ခံရရှိခဲ့လေသည်...
"Plan ဒီလိုအချိန်မှာ မင်းပြုံးနေနိုင်တယ်...
မင်းရူးများသွားတာလား ဟမ်"
"အဟက်"
Markရဲ့စကားကို ဟက်ခနဲ ရယ်သွမ်းခြင်းတစ်ခုနဲ့တုံ့ပြန်လိုက်ကာ
Markကို ထပ်မံကျောခိုင်းလိုက်မိပြန်သည်...
မျက်ဝန်းအတွင်းမှာ ဖွဲ့သီလာသော
မျက်ရည်တွေကို ကျဆင်းမလာအောင်
မျက်တောင်ကိုအကြိမ်များစွာပုတ်ခတ်နေပေမဲ့
နှုတ်ခမ်းပါးတွေကတော့ အပြုံးတစ်ခုကို
ခေါင်းမာစွာ ဆင်မြန်းထားဆဲပါပဲ....
"ဒီလိုဖြစ်လာမယ်ဆိုတာကို ငါ ကြိုသိပြီးသားပါ..
အဲ့ဒီအတွက်လဲ ငါ ခံနိုင်ရည်ရှိအောင်ကြိုးစားထားတယ်"
"ဒီကောင်ကွာ...ငါ အခု အဲ့ကောင်ကိုသွားထိုးမယ်"
ကျွန်တော့်အတွက်နဲ့ ဝုန်းဒိုင်းကြဲပေါက်ကွဲကာ
Meanဆီကိုသွားဖို့ပြင်နေတဲ့Markအနားကို
အလျင်အမြန်သွားလိုက်မိသည်...
Meanဆိုတာ Markနဲ့လဲ သူငယ်ချင်းတွေပဲမို့ ထိုသို့သော ကိစ္စရပ်တွေ မဖြစ်စေချင်ပါ...
ဒါဟာ ကျွန်တော်တို့နှစ်ယောက်ကြားက ပြသာနာသာ ဖြစ်သည်မဟုတ်လား...
တကယ်တမ်းတော့ Meanဟာလဲ
ကျွန်တော်နဲ့ သူငယ်ချင်းအရင်းဖြစ်ခဲ့ပါသည်..
ဒါပေမဲ့ သူငယ်ချင်းဆိုတဲ့စည်းကို
သိသိရက်နဲ့ကျော်လွန်ခဲ့မိတဲ့ ကျွန်တော်တို့ကတော့
ကိုယ့်အပြစ်နဲ့ကိုယ် ရှိပါစေတော့....
BẠN ĐANG ĐỌC
"မောင်"ဟု ခေါ်မည်သော အဝေးရောက်ကဗျာလေးတစ်ပုဒ်
Fanfictionဒီfanficကလဲ deep dramaလေးဖြစ်သလို ကိုယ့်ရဲ့ထုံးစံအတိုင်း MeanPlanပါပဲလို့
Part ~~ 1
Bắt đầu từ đầu
