"ငိုရမှာလား...ငိုရင် အရာအားလုံးက အရင်အတိုင်းပြန်ဖြစ်မှာလား...
အဲ့ဒါဆိုရင် ငါ ငိုမယ် "
"ဟင်းးးး......"
ကျွန်တော့်ရဲ့ခေါင်းမာတဲ့စကားကြောင့်
Markဆီကနေ ပင့်သက်ရှိုက်သံရှည်ကြီးကို ကျယ်လောင်စွာကြားလိုက်ရတယ်....
ထို့နောက်တော့ အခန်းအတွင်းမှာ
တခဏလောက် တိတ်ဆိတ်သွားရလေသည်..
အချိန်အတော်ကြာတိတ်ဆိတ်နေပြီးမှ
ကျွန်တော် သင်္ဘောဆေးအဖြူရောင်သုတ်ထားတဲ့ မျက်နှာကျက်ဖြူဖြူကို စိုက်ကြည့်ရင်း
နာနာကျင်ကျင်နဲ့ ဖွင့်ဟဝန်ခံလိုက်သည်...
"ငါငိုခဲ့တယ်..အများကြီးငိုခဲ့တယ်"
ဒါပေမဲ့ ထိုစကားဟာ Markကို
ရင်ဖွင့်နေတာလား..
ကိုယ့်ကိုယ်ကို ဒီအတိုင်း
ရေရွတ်လိုက်မိတာလားဆိုတာကို
ကျွန်တော်ကိုယ်တိုင်လဲ မသဲကွဲပါ...
"Planရာ... မင်းကွာ"
ကျွန်တော့်ခံစားချက်အတိမ်အနက်ကို
နားလည်တဲ့Markမှာ ထိုသို့မချိတင်ကဲ
ညည်းတွားရေရွတ်လိုက်ရုံသာ တတ်နိုင်တဲ့ပုံပါပဲ...
ထို့အတွက် ကျွန်တော့်နှုတ်ခမ်းပါးလေးတွေကို
လှုပ်ရုံသာလှုပ်ခတ်ရင်း အပြုံးတစ်ခုမမည်သော
အပြုံးတစ်ခုကိုဆင်မြန်းလိုက်ရင်း
"ဒါပေမဲ့ ငါ အခုမငိုတော့ဘူး...
အခုချိန် ငါငိုရင် ငါရှုံးသွားလိမ့်မယ်ထင်တယ်"
"Planရာ...တကယ်ပဲ မင်း...ဟား..."
မချိတင်ကဲရေရွတ်သံအဆုံးမှာထွက်ကျလာတဲ့
စိတ်ပျက်လေဟန်ဖြစ်နေတဲ့Markရဲ့လေသံကြောင့်
ကျွန်တော် ပိုလို့ပြုံးလိုက်မိသည်ထင့်...
"ဟုတ်တယ်Mark.....ငါတို့နှစ်ယောက်
အခု တကယ်ပဲပြီးဆုံးသွားပြီ"
ထိုစကားကိုပြောပြီး စိတ်တွေမွန်းကြပ်လာလို့
ပြတင်းပေါက်နားသို့ လေးကန်စွာဖြင့် လှမ်းလျှောက်သွားလိုက်မိသည်...
ပြတင်းတံခါးကိုတွန်းဖွင့်လိုက်ကာ
မနက်ခင်းလေကို တစ်ချက်ရှူရှိုက်လိုက်မိသည်.. ထို့နောက်တော့ ဘာမှမဖြစ်လေဟန်နဲ့
"မနေ့ညက ငါ့ဆီကို Pondဖုန်းဆက်လာတယ်..
သူ့ဆီကို မနေ့က Meanလာသွားတယ်တဲ့"
YOU ARE READING
"မောင်"ဟု ခေါ်မည်သော အဝေးရောက်ကဗျာလေးတစ်ပုဒ်
Fanfictionဒီfanficကလဲ deep dramaလေးဖြစ်သလို ကိုယ့်ရဲ့ထုံးစံအတိုင်း MeanPlanပါပဲလို့
Part ~~ 1
Start from the beginning
