"ဟေ့ ဘာရယ်တာလဲ"
"ဒီလိုပါပဲ သဘောကျလို့"
"ဘာကိုလဲ"
"မင်းကိုပေါ့"
"ကိုယ့်ကို?...ဘာလို့?"
"မသိဘူး..ဒီတိုင်း သဘောကျချင်လို့ကို ကျတာ"
"မင်းကတော့ကွာ ဟား ဟား ဟား"
သူနဲ့အတူ ကျွန်တော်လဲ အားရပါးရ
ရယ်မောလိုက်မိပါသည်...
ကိုယ်ချစ်ရတဲ့သူနဲ့ အတူတူရယ်မောရတဲ့
အခိုက်အတန့်ဟာ ဘယ်လိုပျော်ရွှင်မှုမျိုးနဲ့မှမတူတာကို
ချစ်ဖူးသူသာလျှင် သိပါလိမ့်မည်...
"Mean"
"ဟင်"
ရယ်မောနေဆဲသူ့ကို တိုးဖွဖွလေးခေါ်လိုက်တော့
သူ့ဆီကနေ ပြန်ထူးသံသဲ့သဲ့ကိုကြားလိုက်ရသည်...
"Mean"
"ဟင်"
"Mean"
"ဟောဗျာ ဘယ်လိုကြောင့်
ခဏခဏခေါ်နေရတာတုန်း..
ဘာလဲ မောင့်ကို အရမ်းချစ်လို့လား"
ကျွန်တော့်ရဲ့ ခဏခဏခေါ်သံအဆုံးမှာ
သူဟာ ရယ်ဟဟအသွင်နဲ့ ကျွန်တော့်ဘက်ကို
ငဲ့စောင်းကာ စနောက်လာလေသည်...
ကျွန်တော်ကတော့ သူမေးတာကို ပြန်မဖြေပဲ သူ့ကိုသာ မမှိတ်မသုန် ရွှန်းရွှန်းစားစား စိုက်ကြည့်လို့နေလိုက်သည်...
ထိုအခါကျရင်တော့ သူဟာ မနေတတ်မထိုင်တတ်တော့သလိုပုံစံနဲ့
နားရွက်ဖျားတွေနီကာ ကျွန်တော့်ကို မကြည့်ရဲတော့ပါလေ....
သူဟာ အဲ့ဒီလိုကောင်လေးတစ်ယောက်...
"Mean"
"ဟင်လို့...ပြောစရာရှိတာပြောကွာ..
မင်း အာ့လိုခဏခဏခေါ်နေရင် ဒီမှာ ယာဉ်တိုက်မှုတွေဖြစ်ကုန်တော့မယ် သိလား"
"ဟားဟားဟား ဟားဟားဟား"
သူ့ရဲ့ခပ်ဆတ်ဆတ်လေသံကြောင့်
ကျွန်တော် အကျယ်ကြီးအော်ရယ်လိုက်မိပါသည်...
ဒါဟာ သူ ရှက်သည့်ပုံစံပါပင်...
ကျွန်တော်ရယ်တော့ သူပါ လိုက်ရယ်ပြန်သည်..
ချစ်ပါသည်...ဒီကောင်လေးကို ကျွန်တော့်အသက်နဲ့တမျှ ချစ်မိသွားခဲ့ပါသည်...
"Mean"
"ဟာကွာ"
ကျွန်တော် သူ့နာမည်ကိုထပ်ခေါ်လိုက်ပြန်တော့
သူ့မျက်နှာဟာ ရှုံ့မဲ့လို့နေပါပြီ...
သိသားပဲ...သူဟာ ထိုသို့သော
စိတ်မရှည်တဲ့လူစားမျိုးလေးဆိုတာ...
ဒါပေမဲ့လည်း ချစ်သည်လေ....
"မင်းကို ချစ်တယ်"
"ဘာ...ဟမ်..."
"ဟားဟား"
ကျွန်တော့်ရဲ့စကားကို ကြားလိုက်ပါလျက်နဲ့
မယုံရဲသလိုဖြစ်သွားတဲ့ သူ့ရဲ့ယောင်နနပုံစံကြောင့်
ကျွန်တော် ထပ်မံရယ်မောလိုက်မိပြန်သည်...
ရယ်နေရင်းနဲ့ စိတ်ထဲအတွေးပေါက်မိတာက
ရယ်သောသူသည် အသက်ရှည်၏ဆိုတဲ့စကားသာ
အမှန်တကယ်ဆိုရင် ကျွန်တော်တော့ အသက်တွေအရမ်းရှည်တော့မှာပဲလို့လေ...
"ဘာရယ် ဘာရယ် ပြန်ပြောစမ်းပါဦး"
"မပြောတော့ဘူး အိပ်တော့မယ်"
"Plan မညစ်နဲ့ကွာ...
နောက်တစ်ခါ ထပ်ပြောလို့ဆို"
"အိပ်ချင်ပြီ..မနှောင့်ယှက်နဲ့တော့"
"အာ အာ့လိုမရဘူးလေကွာ...
ဘေဘီ..ဘေဘီ အာ့လိုမလုပ်သွားနဲ့လေ..ဟေ့ ဟေ့"
သူ့ရဲ့အားမလိုအားမရစွာပြောနေတဲ့
စကားသံကိုရော သူ့ကိုရော ကျောခိုင်းကာ
မျက်လုံးမှိတ်ပြီး အိပ်ချင်ယောင်ဆောင်လိုက်သည်..
သို့ပေမဲ့လဲ ကျွန်တော့်နှုတ်ခမ်းတွေ ပြုံးနေခဲ့ပါသည်...
ချစ်သူသက်တမ်းတစ်နှစ်ကျော်အတွင်း
သူ့ဆီကနေ ချစ်တယ်ဆိုတဲ့စကားကို
ကျွန်တော် အကြိမ်ကြိမ်ကြားရတတ်ပေမဲ့ သူကတော့ ကျွန်တော့်ဆီက ချစ်တယ်ဆိုတဲ့စကားကို
တခါတလေမှသာ ကြားခွင့်ရတတ်သည်...
ပြောရရင် အခုလို မထင်မှတ်ထားသော အချိန်မျိုးတွေမှာပေါ့.....
ကျွန်တော်က သူချစ်လားမေးတိုင်း
ပြန်ဖြေချင်မှပြန်ဖြေတတ်ပြီး
နေရင်းထိုင်ရင်းနှင့်လည်း
နှလုံးသားရဲ့အနက်ရှိုင်းဆုံးနေရာကနေ သူ့ကိုချစ်တဲ့စိတ်လေးက
အလိုလိုကြည်နူးဆွတ်ပျံ့လာရင်တော့
သူပင်မမေးရပဲ စိတ်လိုလက်ရ ချစ်တယ်လို့ပြောတတ်တဲ့သူမျိုးပါ...
ထိုမျှအထိ သူဟာ ကျွန်တော့်ကိုချစ်ခဲ့သလို
ကျွန်တော်ကလဲ ထိုမျှအထိ သူ့ကိုချစ်ခဲ့ပါသည်...
ဒါပေမဲ့လည်း ကျွန်တော်တို့ဝေးခဲ့ကြသည်...
❌❌❌❌❌❌❌❌❌❌❌
Coming Soon
အရင်ficတွေတောင် မပြီးသေးပဲ
အသစ်လေးဖန်တီးမိပြန်ပြီဗျာ..
လိုအပ်ရင် ဝေဖန်လေကန်လို့ရပါကြောင်း
WTG💙💚
6.8.2021 (FRI)
(2686 Words)
YOU ARE READING
"မောင်"ဟု ခေါ်မည်သော အဝေးရောက်ကဗျာလေးတစ်ပုဒ်
Fanfictionဒီfanficကလဲ deep dramaလေးဖြစ်သလို ကိုယ့်ရဲ့ထုံးစံအတိုင်း MeanPlanပါပဲလို့
Part ~~ 1
Start from the beginning
