"မင်းဘက်မှာ ငါတို့ရှိတယ်"
Markရဲ့အဲ့ဒီစကားကြောင့် တခဏတော့
ခွန်အားရသွားသလိုခံစားလိုက်ရလေသည်...
ထို့ကြောင့် ရင်ထဲကနေ လှိုက်လှဲစွာ
ကြည်ကြည်နူးနူးပြုံးပြလိုက်ရင်း
"ကျေးဇူးပဲ Mark"
ထို့နောက်တော့ ကျွန်တော့်ကားရှိရာသို့
မနှေးမမြန်ခြေလှမ်းတို့ဖြင့် လှမ်းလာခဲ့မိသည်...
ကားနားကိုရောက်တော့ ဟိုအရင်
ကျွန်တော်night dutyထွက်သည့်မနက်တိုင်း လာကြိုတတ်သော သူ့ကို ဖြတ်ခနဲသတိရသွားမိသည်...
ဆေးကျောင်းတက်သည့်တစ်လျှောက်လုံး
အတူတူရှိခဲ့ကြပေမဲ့ အလုပ်သင်ဆင်းချိန်မှာတော့
သူနဲ့ကျွန်တော် ဆေးရုံတွေ မတူကြတော့ပါ..
သို့ပေမဲ့ သူဟာ ကျွန်တော်night dutyထွက်တိုင်း
မပျက်မကွက်လာကြိုတတ်ပါသည်...
ထိုသို့လာကြိုသည့်အခါတိုင်းမှာလဲ တစ်ညလုံးမအိပ်ရသေးတာကြောင့် နွမ်းလျလျဖြစ်နေတတ်တဲ့
ကျွန်တော့်ကိုမြင်သည်နှင့်
မနက်ခင်းလေပြေအလား လတ်ဆတ်တဲ့အပြုံးလေးဖြင့်
အသင့်ဆီးကြိုပြုံးပြတတ်ကာ ကားတံခါးကိုလဲ
အလိုက်တသိ ဖွင့်ပေးထားတတ်သည်..
ပြီးလျှင်တော့ ထိုင်ခုံကို နောက်သို့လှန်ချကာ
ကျွန်တော် သက်တောင့်သက်သာ အနားယူနိုင်ဖို့ ပြင်ဆင်ထားပေးတတ်ပြန်ပါသေးသည်...
ကျွန်တော်ကတော့ ခပ်ပြုံးပြုံးလေးနဲ့
သူပြင်ဆင်ပေးထားသော ထိုင်ခုံမှာ ဝင်ထိုင်လိုက်ရုံပင်....
ဤသို့ဖြင့် အိမ်ပြန်ရာလမ်းတစ်လျှောက် ကားမောင်းနေတဲ့ သူ့ဘက်သို့စောင်းလှည့်ကာ
သူ့မျက်နှာကို တစိမ့်စိမ့်ကြည့်နေမိသည်...
ထိုသို့ကြည့်လေတိုင်း သူ့မျက်နှာဟာ ရှက်ရဲရဲဖြစ်နေတတ်ကာ ကျွန်တော့်ဘက်သို့ ငဲ့စောင်းကြည့်ရင်း ခပ်ပြုံးပြုံးပြောလာတတ်သည်...
"အိပ်လေကွာ...ဘာလို့ မောင့်ကို ကြည့်နေရတာတုန်း"
သူ့ကိုယ်သူ "မောင်"လို့
ရည်ညွှန်းပြောဆိုလိုက်တာကြောင့်
ကျွန်တော် သဘောတကျရယ်မောလိုက်သည်...
ကျွန်တော်တို့ချစ်သူဖြစ်ခါစက သူ ကျွန်တော့်ကို
ထိုသို့ "မောင်"လို့ခေါ်ခိုင်းတာ မှတ်မိလိုက်လို့ပါလေ..ကျွန်တော်ကတော့
ယောက်ျားလေးအချင်းချင်း "မောင်"လို့
ခေါ်ရမှာက တမျိုးကြီးဖြစ်လို့နေသည်မို့
မခေါ်နိုင်ဘူးကွာလို့ အသဲအသန်ငြင်းဆန်ခဲ့သည်မဟုတ်ပါလား...
သို့ပေမဲ့လဲ မကြာခဏ ထိုသို့ခေါ်ခိုင်းလေသည်မို့
မတတ်သာသည့်အဆုံးမှာတော့
"ယောက်ျားအချင်းချင်း အဲ့ဒီလိုခေါ်ရမှာ တမျိုးကြီးပဲ...ဒါပေမဲ့ မင်းသာ ကိုယ့်ကိုယ်ကို
အဲ့ဒီလို "မောင်"လို့ ခဏခဏ
သုံးနှုန်းပြောဆိုနေရင်တော့ နားရည်ဝပြီး တစ်နေ့နေ့တော့ ခေါ်ချင်လဲခေါ်လာနိုင်မှာပေါ့"လို့
ကျွန်တော် ရယ်ဟဟပြန်ပြောဖြစ်ခဲ့သည်လေ...
ထိုအချိန်ကစပြီး သူဟာ မကြာခဏ
သူ့ကိုယ်သူ "မောင်"လို့
သုံးနှုန်းခဲ့တာကိုသတိထားမိပါသည်..
ဒါပေမဲ့ ကျွန်တော်ကတော့
ရှက်လဲရှက် ခေါင်းလဲမာမာနှင့်ပင်
အခုချိန်ထိ သူ့ကို"မောင်"လို့
တစ်ခါမှထုတ်မခေါ် ဖြစ်သေးပါ...
တကယ်တော့ စိတ်ထဲနေ အကြိမ်ကြိမ်
ခေါ်ကြည့်နေမိတာ ကိုယ်တိုင်သာအသိဆုံးပါပင်...
တစ်နေ့နေ့တော့ မရှက်မကြောက် ခေါ်နိုင်ကောင်းပါရဲ့...
KAMU SEDANG MEMBACA
"မောင်"ဟု ခေါ်မည်သော အဝေးရောက်ကဗျာလေးတစ်ပုဒ်
Fiksi Penggemarဒီfanficကလဲ deep dramaလေးဖြစ်သလို ကိုယ့်ရဲ့ထုံးစံအတိုင်း MeanPlanပါပဲလို့
Part ~~ 1
Mulai dari awal
