"အဟက်... တကယ်တော့ ငါက မင်းထင်သလို သူတော်ကောင်းတစ်ယောက်မဟုတ်ပါဘူးကွာ"
ထို့နောက်တော့ ကျွန်တော်တို့ရဲ့ နားနေခန်းက
အပ်ကျသံတောင်မကြားရလောက်အောင်
တိတ်ဆိတ်ငြိမ်သက်သွားလေသည်...
လက်ကနာရီကို ငုံ့ကြည့်လိုက်တော့
မနက်(၇:၃၀)သို့ညွှန်ပြနေပြီမို့ပြန်ရန် ပြင်ဆင်လိုက်လေသည်...
"မင်း ပြန်တော့မလို့လား"
"အင်း"
"ငါ လိုက်ပို့ပေးရမလား"
"မလိုပါဘူးကွာ...မင်းလဲ ဂျူတီဝင်ရဦးမှာမလား..
ငါလဲ ချိန်းထားတာတစ်ခုရှိသေးတယ်"
"ချိန်းထားတာ?...အခုလား?"
"အင်း"
"မင်း တစ်ညလုံးလဲမအိပ်ရသေးဘူးလေ..
နောက်နေ့မှ တွေ့လို့မရဘူးလား"
"ရတယ်...ငါ ဖြေးဖြေးပဲမောင်းသွားမှာ"
"အရေးကြီးလို့လား...မကြီးရင်...."
" အရေးကြီးတယ် "
"ဘယ်သူနဲ့ချိန်း...ဟင်...မဟုတ်မှလွဲ...မင်း...."
Markရဲ့ စိုးရိမ်ပူပန်မှုတွေ အထင်းသားထင်ဟပ်နေတဲ့ မျက်ဝန်းအမေးကို
ကျွန်တော် ခေါင်းညိတ်ကာ အတည်ပြုရင်း အဖြေပြန်ပေးလိုက်သည်...
"ဟုတ်တယ် ခုနက သူ ငါ့ဆီကိုဖုန်းဆက်လာတယ်..
ငါနဲ့တွေ့ချင်တယ်တဲ့"
"ဘာ....အဲ့ဒါကို မင်းက လက်ခံလိုက်တာပဲလား"
"ငါက ဘာလက်မခံနိုင်စရာရှိလို့လဲ...
တွေ့ချင်တယ်ဆိုမှတော့ သွားတွေ့လိုက်ရုံပဲပေါ့...
ဘာခက်တာမှတ်လို့...ဒါပြီးရင်
သူနဲ့ငါလဲ ထပ်တွေ့စရာမရှိတော့ပါဘူး"
"မင်း တကယ် အဆင်ပြေရဲ့လား...
ငါ လိုက်ခဲ့ပေးရမလား"
"ရပါတယ်ကွာ...မလိုက်ပါနဲ့တော့...
မင်းလဲ ငါ့အကြောင်းသိပါတယ်..
အိုကေ အိုကေ ငါသွားပြီ"
"Plan"
အခန်းအပြင်သို့လှမ်းနေတဲ့ ကျွန်တော့်ခြေလှမ်းတွေကို ရပ်တန့်လိုက်ပြီး
Markကို လှည့်ကြည့်လိုက်ပါသည်...
သိပ်လဲမကွာဝေးတဲ့နေရာမှာ ရပ်နေတဲ့
Markကိုကြည့်နေပေမဲ့ အမြင်ကရှင်းလင်းမနေတော့ပါ...
Markတွေ့သွားမှာပါ...
သိုဝှက်သိမ်းဆည်းထားချင်တဲ့ ကျွန်တော့်
မျက်ဝန်းထဲက မျက်ရည်ကြည်တချို့ကို....
YOU ARE READING
"မောင်"ဟု ခေါ်မည်သော အဝေးရောက်ကဗျာလေးတစ်ပုဒ်
Fanfictionဒီfanficကလဲ deep dramaလေးဖြစ်သလို ကိုယ့်ရဲ့ထုံးစံအတိုင်း MeanPlanပါပဲလို့
Part ~~ 1
Start from the beginning
