"Plan ဒီလိုအချိန်မှာ မင်းပြုံးနေနိုင်တယ်...
မင်းရူးများသွားတာလား ဟမ်"

"အဟက်"

Markရဲ့စကားကို ဟက်ခနဲ ရယ်သွမ်းခြင်းတစ်ခုနဲ့တုံ့ပြန်လိုက်ကာ
Markကို ထပ်မံကျောခိုင်းလိုက်မိပြန်သည်...
မျက်ဝန်းအတွင်းမှာ ဖွဲ့သီလာသော
မျက်ရည်တွေကို ကျဆင်းမလာအောင်
မျက်တောင်ကိုအကြိမ်များစွာပုတ်ခတ်နေပေမဲ့
နှုတ်ခမ်းပါးတွေကတော့ အပြုံးတစ်ခုကို
ခေါင်းမာစွာ ဆင်မြန်းထားဆဲပါပဲ....

"ဒီလိုဖြစ်လာမယ်ဆိုတာကို ငါ ကြိုသိပြီးသားပါ..
အဲ့ဒီအတွက်လဲ ငါ ခံနိုင်ရည်ရှိအောင်ကြိုးစားထားတယ်"

"ဒီကောင်ကွာ...ငါ အခု အဲ့ကောင်ကိုသွားထိုးမယ်"

ကျွန်တော့်အတွက်နဲ့ ဝုန်းဒိုင်းကြဲပေါက်ကွဲကာ
Meanဆီကိုသွားဖို့ပြင်နေတဲ့Markအနားကို
အလျင်အမြန်သွားလိုက်မိသည်...
Meanဆိုတာ Markနဲ့လဲ သူငယ်ချင်းတွေပဲမို့ ထိုသို့သော ကိစ္စရပ်တွေ မဖြစ်စေချင်ပါ...
ဒါဟာ ကျွန်တော်တို့နှစ်ယောက်ကြားက ပြသာနာသာ ဖြစ်သည်မဟုတ်လား...
တကယ်တမ်းတော့ Meanဟာလဲ
ကျွန်တော်နဲ့ သူငယ်ချင်းအရင်းဖြစ်ခဲ့ပါသည်..
ဒါပေမဲ့ သူငယ်ချင်းဆိုတဲ့စည်းကို
သိသိရက်နဲ့ကျော်လွန်ခဲ့မိတဲ့ ကျွန်တော်တို့ကတော့
ကိုယ့်အပြစ်နဲ့ကိုယ် ရှိပါစေတော့....

"ထားလိုက်ပါကွာ.. မင်း သွားလဲ
ဘာမှပြောင်းလဲမလာနိုင်တော့ပါဘူး"

"တော်ကွာ...အဲ့ကောင်ကို
သူငယ်ချင်းစာရင်းကနေ ဖျက်တယ်"

"အဲ့ဒီလိုမလုပ်ပါနဲ့ကွာ"

"ဘာ မင်းက အခုထိ အဲ့ကောင် နာကျင်မှာကို
စိုးရိမ်နေတုန်းပဲလား...ဟိုက မင်းကိုထားပြီး
တခြားသူနဲ့လက်ထပ်တော့မှာကွ"

"သူနဲ့ငါက ဒီလောက်ထိပဲ ရေစက်ပါတာကိုး.. ဘာပဲဖြစ်ဖြစ်ပေါ့ကွာ...ငါတို့နှစ်ယောက်က
ပြီးဆုံးသွားပေမဲ့ မင်းတို့နဲ့တော့ အခင်အမင်မပျက်စေချင်ပါဘူး"

"အေး မင်းပဲ သူတော်ကောင်းလုပ်နေလိုက်တော့..
အဲ့ဒီလိုအလုပ်ကောင်းလို့ ဟိုကောင်က တခြားသူနောက်ပါသွားတာ"

"မောင်"ဟု ခေါ်မည်သော အဝေးရောက်ကဗျာလေးတစ်ပုဒ်Donde viven las historias. Descúbrelo ahora