"Planရာ... မင်းကွာ"
ကျွန်တော့်ခံစားချက်အတိမ်အနက်ကို
နားလည်တဲ့Markမှာ ထိုသို့မချိတင်ကဲ
ညည်းတွားရေရွတ်လိုက်ရုံသာ တတ်နိုင်တဲ့ပုံပါပဲ...
ထို့အတွက် ကျွန်တော့်နှုတ်ခမ်းပါးလေးတွေကို
လှုပ်ရုံသာလှုပ်ခတ်ရင်း အပြုံးတစ်ခုမမည်သော
အပြုံးတစ်ခုကိုဆင်မြန်းလိုက်ရင်း
"ဒါပေမဲ့ ငါ အခုမငိုတော့ဘူး...
အခုချိန် ငါငိုရင် ငါရှုံးသွားလိမ့်မယ်ထင်တယ်"
"Planရာ...တကယ်ပဲ မင်း...ဟား..."
မချိတင်ကဲရေရွတ်သံအဆုံးမှာထွက်ကျလာတဲ့
စိတ်ပျက်လေဟန်ဖြစ်နေတဲ့Markရဲ့လေသံကြောင့်
ကျွန်တော် ပိုလို့ပြုံးလိုက်မိသည်ထင့်...
"ဟုတ်တယ်Mark.....ငါတို့နှစ်ယောက်
အခု တကယ်ပဲပြီးဆုံးသွားပြီ"
ထိုစကားကိုပြောပြီး စိတ်တွေမွန်းကြပ်လာလို့
ပြတင်းပေါက်နားသို့ လေးကန်စွာဖြင့် လှမ်းလျှောက်သွားလိုက်မိသည်...
ပြတင်းတံခါးကိုတွန်းဖွင့်လိုက်ကာ
မနက်ခင်းလေကို တစ်ချက်ရှူရှိုက်လိုက်မိသည်.. ထို့နောက်တော့ ဘာမှမဖြစ်လေဟန်နဲ့
"မနေ့ညက ငါ့ဆီကို Pondဖုန်းဆက်လာတယ်..
သူ့ဆီကို မနေ့က Meanလာသွားတယ်တဲ့"
"ဘာအတွက်လဲ"
"သူ...သူ လက်ထပ်တော့မယ်တဲ့ အဟင်းဟင်း"
ထိုစကားပြောရင်း ဘာကြောင့် ကျွန်တော် ရယ်မောလိုက်မိမှန်း ကိုယ့်ကိုယ်ကိုတောင် မသိလိုက်ဘူး....ဒါပေမဲ့လည်း ထိုရယ်သံဟာ
ခြောက်ကပ်ကပ်နိုင်လွန်းလှသည်.....
"ဘာ"
Markဆီက "ဘာ"ဆိုတဲ့ တုန်လှုပ်သွားသော
အသံကျယ်ကြီးကြောင့်
Planနောက်လှည့်ကြည့်လိုက်မိသည်...
အကြီးအကျယ်shockရသွားတဲ့Markရဲ့ပုံစံကို
ပြတင်းတံခါးဘောင်ကို မှီထားလျက်
လက်နှစ်ဖက်ကိုခပ်ဖွဖွပိုက်ကာ ပြုံးကြည့်နေလိုက်သည်...
ကျွန်တော့်ရဲ့ထီမထင်ဟန်ပုံစံကြောင့်ထင်ပါရဲ့ Markဆီကနေ ကျွန်တော့်ကိုဘယ်လိုမှ နားမလည်နိုင်တော့ဘူးဆိုတဲ့ အကြည့်တစ်ခုနဲ့အတူ မချိတင်ကဲအပြစ်တင်သံတစ်ခုကို လက်ခံရရှိခဲ့လေသည်...
YOU ARE READING
"မောင်"ဟု ခေါ်မည်သော အဝေးရောက်ကဗျာလေးတစ်ပုဒ်
Fanfictionဒီfanficကလဲ deep dramaလေးဖြစ်သလို ကိုယ့်ရဲ့ထုံးစံအတိုင်း MeanPlanပါပဲလို့
Part ~~ 1
Start from the beginning
