Extra ဖြူစင်သောအနမ်းလေး

Start from the beginning
                                    

" အား...အကို ကလေးကိုချော့ပါအုံး ဘာလို့ပြုံးကြည့်နေတာလည်း ကျွန်တော်စိတ်မရှည်တော့ဘူးနော် "

" ဟဟား...ရှောင်ဟုန်လေးရေ...မန်းမန်းစားပြီး ဒယ်ဒီနဲ့ ပါပါးအပြင်သွားလည်ကြမှာ မလိုက်ဘူးလား "

" ခ်ခ်ခ်.... "

သားလေးက စဉ်းစားသလိုလေးလုပ်ပြီး တစ်ခ်ခ်ရယ်နေတယ်။ ထို့နောက်လက်နှစ်ဖက်မြှောက်ပြီး အပြင်သွားမလို့ချီခိုင်းနေတယ်။ လင်းယဲ့ကထိုအခြေအနေကို အခွင့်ကောင်းယူပြီး

" ဟုန်အာလေး မန်းမန်းမစားရင်မလိုက်ရဘူး "

ဟုန်အာ " ..... "

နောက်ဆုံးနာရီဝက်လောက် ကျွေးပြီးမှထမင်းပေါင်းတွေ အကုန်ပြောင်သွားရသည်။ လင်းယဲ့လေးက ကလေးဆော့ထားတဲ့ အရုပ်လေးတွေကိုလိုက်ရှင်းနေပြီး ကလေးကိုအဝတ်တွေလဲပေးနေတယ်။

ကလေးကအသားအရမ်းဖြူတာတော့ လင်းယဲ့နဲ့တူတယ်။ သူက သားလေးကို ဒိုင်ဘာဝတ်​ပေးပြီး ယုန်ဖြူလေးအကျီ င်္ကိုဝတ်ပေးတယ်။ ကလေးကဒီလိုအကျီ င်္နဲ့ဘောင်းဘီဆက်နေတာလေးတွေကို အရမ်းသဘောကျတယ်။

" ယောက်ျားရေ ပြီးပြီလား သွားရအောင်လေ "

ဟောက်ရန်နဲ့လင်းယဲ့က ပုံတူအကျီ င်္လေးနဲ့။ လင်းယဲ့ကအဖြူရောင်ခေါင်းစွပ်လက်ရှည်လေးနဲ့ ဟောက်ရန်ကအနက်ရောင်ကိုဝတ်ထားတယ်။

" ကိုယ်တို့ဘာဝယ်သွားရမလဲ "

" လူကြီးစားဖို့ အားရှိတာတွေပေါ့. "

ကားပေါ်မှာ ကလေးသီချင်းလေးဖွင့်ပေးထားတာကို နားထောင်ပြီး ပါးစပ်သေးသေးလေးကလည်း လိုက်ဆိုနေတယ်။ ဒီလိုအပြုအမူလေးတွေကြောင့်ဖေဖေနှစ်ယောက်မှာ ပင်ပန်းတာတွေတောင် မခံစားရတော့ဘူး။

" လားလား......လလလ လ့ လ့ ဝူး...ခ်ခ် "

" အားရာ....ပါပါး အချစ်တုံးလေးက သီချင်းဆိုတော်တာပဲ့ ကြီးလာရင် XiaoZhan လိုအဆိုတော်လုပ်မှာလား "

ကလေးကနားမလည်ပဲ လင်းယဲ့ကိုကြည့်နေတယ်။ သူကXiaozhan ဆိုတာဘယ်သူလဲ တွေးနေပုံရသည်။ ဟောက်ရန်ကကားမောင်းနေရင်း

မာနကြီးတဲ့ကျွန်တော့်ယောကျာ်းရဲ့ ကိုယ်ဝန်ရှိနေတယ်တဲ့(Complate)Where stories live. Discover now