လဒတစ်ကောင်ရဲ့ ဝမ်းနည်းကြေကွဲနေပုံ...မရယ်ရတဲ့ဟာသဘဲ့

51.1K 4.4K 42
                                    

Chapter- 8
|| Zawgyi ||

" ဖယ်စမ်း.... "

ဖြန်း...

အိပ်ပျော်ရင်းယောင်ပြီး နဘေးက အဝတ်တွေပြန်ဝတ်ပေးနေတဲ့ ဟောက်ရန် လက်မောင်းကိုရိုက်လိုက်တယ်။ ဟောက်ရန် စိတ်ထဲထင့်ခနဲဖြစ်သွားပြီး သူ့အရင်ပုံအတိုင်း လင်းယဲ့ ကိုပြန်ရန်လုပ်ဖို့ကြည့်လိုက်တယ်။ ဒါမဲ့သူ့စိတ်ထဲလင်းယဲ့ပြောတဲ့ စကားလုံးတွေကိုပြန်ကြားလိုက်ရတယ်။

** ဘာလို့တစ်ချက်လေးတောင်...တစ်ချက်လေးတောင် ပြန်လှည့်မကြည့်ပေးချင်ရတာလဲ... **

လင်းယဲ့ကိုစောင်လုံအောင်ခြုံပေးလိုက်တယ်။

** အဲ့လောက်ထိတောင် ခံစားခဲ့ရလား...**

ရုတ်တရက် လင်းယဲ့ပြောတဲ့လက်ဆောင်ကို သတိရသွားမိတယ်။ လင်းယဲ့ အိပ်​နေတဲ့ကုတင်နဲ့ မျက်စောင်းထိုးနေရာက ဗီရို(ဒို)ကိုဖွင့်ပြီးရှာကြည့်လိုက်တယ်။ မရှိချေ။ အမှန်တိုင်းပြောရရင် လင်းယဲ့ ဘာလက်ဆောင်ပေးလဲ ဆိုတာသူဖွင့်တောင်မကြည့်ခဲ့ချေ။ ဘယ်အချိန်ကပေးတာလဲဆိုတာလေးတော့ သူမှတ်မိတယ်။ သူ့မွေးနေ့တုန်းကပေါ့ ...

" ဘယ်နားမှာလဲ "

ဟောက်ရန် မှတ်မိသွားတယ်။ ယုဟိုင် တရုတ်ကိုပြန်လာမယ်လို့ပြောလိုက်တာနဲ့ သူလင်းယဲ့နဲ့အတူမနေတော့ဘူးဆို အိမ်ပေါ်ကဆင်းဖို့ပြင်ဆင်ခဲ့တယ်။ သူအဝတ်တွေထည့်ရင်း မင်္ဂလာဆောင်တုန်းက အဝတ်တွေနဲ့လင်းယဲ့ပေးထားတဲ့ ဖွင့်တောင်မဖွင့်ရသေးတဲ့ အိတ်လေးနှစ်ခုကိုပါ ပုံးထဲထည့်ပြီးလွှင့်ပြစ်ခိုင်းခဲ့တာကိုပေါ့....

" ကျစ်...တကယ်ဘဲ့ "

ဘုန်း...ဘုန်း...

ကုတင်ပေါ်က ခြေပြစ်လက်ပြစ်လုပ်နေတဲ့ လင်းယဲ့ကိုအကြည့်ပြန်ရောက်သွားတယ်။ သူအခုမှလင်းယဲ့အပေါ် အပြစ်ရှိသလိုခံစားခဲ့ရတာပင်...အိပ်ဆော့တာမို့ စောင်တွေတခြားကိုရောက်သွားတာတွေကို ပြန်ပြီးလုံခြုံအောင် ပြန်ခြုံပေးလိုက်တယ်။ ဟောက်ရန် အိမ်အောက်ကိုဆင်းသွားသည်။

" သား ယဲ့ယဲ့ရော ဆင်းမလာဘူးလား "

"သူအိပ်ပျော်သွားပြီ "

မာနကြီးတဲ့ကျွန်တော့်ယောကျာ်းရဲ့ ကိုယ်ဝန်ရှိနေတယ်တဲ့(Complate)Where stories live. Discover now