Final ချစ်တဲ့ ပိုင်လင်းယဲ့...မွေးနေ့လက်ဆောင်

33.3K 2.4K 41
                                    

Chapter - 75 (Final)
|| Zawgyi ||

" ကျွတ်...ကျွတ်...ကျွတ် သားလေးအိပ်ချိန်တန် ဗျိုင်းကြီးရှေ့ကပျံ ~~~ "

ဟောက်ရန်တစ်ယောက် ကလေးပုခတ်လွှဲရင်း သီချင်းလေးဆိုသိပ့်နေတယ်။

" ဝှါး ~ "

သားလေးရဲ့နှုတ်ခမ်းပါးလေးတွေက သန်းဝေလိုက်ရင် တွေ့တောင်မတွေ့ရတော့ဘူး။ ပါးဖောင်းဖောင်းလေးတွေက မို့အိနေပြီး အိပ်ချင်နေလို့သန်းဝေလိုက်တာနဲ့ မျက်ရည်လေးတွေကစို့လာတယ်။ အရမ်းကိုနှစ်လိုဖွယ်ကောင်းတယ်။

" ဒယ်ဒီရဲ့ဟုန်အာလေး...အိပ်ချင်နေပြီလား... ဒီနေ့သားဖေဖေလေး အနားကိုစောစောသွားရမယ်  "

သားလေးကအအိပ်မက်တယ်။ သူကငါးမိနစ်လောက်ပဲ လွှဲရသေးတယ်။ ကလေးကအိပ်ပျော်သွားပြီ။ ကလေးကိုသေချာစောင်ပါးလေးခြုံပေးပြီး ကလေးဘေးတစ်ဖက်စီက အရုပ်လေးတွေဖက်လုံးသေးသေးလေးတွေနဲ့ တားပေးထားခဲ့တယ်။

" သား သွားတော့မှာလား။ သက်ရှည်ခေါက်ဆွဲချက်ပေးထားမယ် "

" ဟုတ်အမေ သားလေအိပ်နေတယ်နော် အမေတစ်ချက်လောက် အပေါ်ထပ်တက်ကြည့်ပေးထားအုံး "

ဟောက်ရန်အမေက မပြောရသေးဘူး။ ကျွင်းဖေဖေက

" ငါတို့မြေးလေးကို ပြစ်မထားပါဘူးကွာ သွားသာသွားစမ်းပါ "

ဟောက်ရန် ကားကိုမောင်းပြီး ဆေးရုံကြီးဘက်သွားလိုက်သည်။ လမ်းမှာနှင်းဆီအနီရောင်လေးနဲ့ လီလီပန်းပွင့်အနည်းငယ်ကိုဝယ်ခဲ့တယ်။ ထို့နောက်နို့ဘူးတစ်ချို့နဲ့အားဖြည့်အချိုရည် တစ်ချို့ကိုပါဝယ်ခဲ့တယ်။ ဆေးရုံပေါ်တတ်ခဲ့ပြီးနောက် လင်းယဲ့ရှိတဲ့အခန်းလေး တံခါးကိုဖွင့်လိုက်တယ်။ အထဲမှာ သူ့သူငယ်ချင်းနှစ်ယောက်နဲ့ ယွမ်ကျိုးကဂိမ်းဆော့နေပြီး ကျန်းရောင်ကလင်းယဲ့နဘေးထိုင်ရင်း ယွမ်ကျိုး ဂိမ်းဆော့နေတာကိုကြည့်နေတယ်။

" ဟေ့ ဒီနေ့အတွက် ကျေးဇူးပဲ့ "

သူတို့ကဟောက်ရန်ဝင်လာကတည်းက လုပ်လက်စအလုပ်တွေရပ်လိုက်တာဖြစ်တယ်။ ယွမ်းကျိုးက

" မလိုပါဘူး....မင်းတစ်ဝိုင်းကျွေးဖို့ မမေ့နဲ့နော်"

သူတို့ကအကျောတွေဆန့်ပြီး ပြန်မလို့ပြင်တယ်။ ကျန်းရောင်ကဟောက်ရန် ပုခုံးကိုပုတ်လိုက်ပြီး

မာနကြီးတဲ့ကျွန်တော့်ယောကျာ်းရဲ့ ကိုယ်ဝန်ရှိနေတယ်တဲ့(Complate)Where stories live. Discover now