လာမစနဲ့မှားသွားမယ်...သီးခံတယ်ဆိုတာ အတိုင်းအတာနဲ့ကွ ဟွန်း

36K 3.2K 67
                                    

Chapter - 41
|| Zawgyi ||

" လင်းယဲ့... "

ဆိုင်ကိုရောက်တာနဲ့ ဆိုင်ဝန်ထမ်းတွေက လင်းယဲ့ကိုကြည့်လိုက်ကြတယ်။ လင်းယဲ့ အင်တင်တင်ပြုံးလိုက်ရသည်။ ဒီလိုအနေရခက်ရတာ အဲ့ဒီဟောက်ရန်ကြောင့်ပဲ

" ဘာလို့ကိုယ့်ကိုလာကြည့်တာလဲ ဝင်လေ ခဏလောက်ထိုင်တာပေါ့. "

" အင်း"

ဆိုင်ကစားပွဲတစ်နေရာမှ ဟောက်ရန်သွားထိုင်လိုက်တယ်။ လင်းယဲ့ကကောင်တာအနားလာပြီး ဆိုင်ရှင်ဦးလေးကို

" ဦးလေး ကျွန်တော်အများကြီးတောင်းပန်ပါတယ်။"

" ဘာလို့လဲ မင်းယောက်ျားမလုပ်ခိုင်းဘူးလား "

လင်းယဲ့ ဟောက်ရန်ဘက်ကိုခေါင်းငဲ့ကြည့်ပြီး

"အင်း...ဟုတ်တယ် ဦးလေး ကျွန်တော်ထပ်ပြီးတောင်းပန်ပါတယ်နော် အလုပ်လာတောင်းတော့လည်း ပေးခဲ့တာ။ အခုတစ်လတောင် မပြည့်သေးဘူး အလုပ်...."

" အားရာ....ရပါတယ်...ဦးလေးတို့ကအခုမှသိတာမှ မဟုတ်တာ "

" အကိုလင်းယဲ့ ဘာသောက်မလဲ "

လင်းယဲ့မရှိတော့ အအေးဖျော်တဲ့နေရာမှ လန်ရှင်းကတာဝန်ယူနေသည်။ လင်းယဲ့ ခဏတွေးလိုက်ပြီး

" Espresso နှစ်ခွက် အဲ့ဒီချော့ကလပ်ကိတ်လေးရော "

" ok "

လင်းယဲ့ အကျိုးအကြောင်းပြောပြီး ဟောက်ရန်အရှေ့မှာသွားထိုင်လိုက်တယ်။ ဦးလေးကဘယ်လောက်ပဲ ရတယ်ပြောပြော အားနာနေမိတုန်းပဲ။ ဟောက်ရန်ကသူ့မျက်နှာကို စေ့စေ့ကြည့်နေရင်း သက်ပြင်းချလိုက်တယ်။

" ပြောပြီးပြီမလား ဘာလို့မျက်နှာကြီးပုပ်သိုးနေသေးတာလဲ "

" အားနာစရာကြီးလေ...ဟူး...စိတ်ထဲနေမကောင်းဘူး "

လင်းယဲ့ပြောနေတုန်း စားပွဲထိုးမလေး ဖေးအာကစားစရာတွေလာချပေးတယ်။ ဖေးအာကပြုံးရွှင်စွာနဲ့ ပြောလာသည်။

" ဧည့်သည်တို့လိုအပ်တာရှိရင် ပြောပါရှင် အိုး ရှင်တို့ကယုံကြည်ရမဲ့ပုံဆို​တော့ ရှင်တို့ကိုတစ်ခုပြောပြပါမယ် ကျွန်မတို့ဆိုင်ကလူလဲရိုက်ပေးတယ်နော် "

မာနကြီးတဲ့ကျွန်တော့်ယောကျာ်းရဲ့ ကိုယ်ဝန်ရှိနေတယ်တဲ့(Complate)Where stories live. Discover now