သူစောင့်နေခဲ့တယ်၊ စောင့်နေခဲ့တယ်၊စောင့်နေခဲ့ပါတယ်......

နွေ၊ဆောင်းဉီး၊ ဆောင်းရာသီ..... အဖန်တလဲလဲ ဆယ့်ငါးနှစ်ကြာအောင် အသစ်တဖန်မွေးဖွားလာဖို့စောင့်ဆိုင်းနေခဲ့တယ်......အခုလို အခွင့်ရေးရလာမယ်လို့ သူ ဘယ်တုန်းကမှ မထင်မှတ်မထားမိဘူး....

သိပ်နောက်မကျသေးခင်မှာ သူပြန်လာနိုင်ခဲ့ပြီပဲ.....

သူဆေးရုံမှာ သတိပြန်လည်လာပြီးတဲ့နောက် ဒါတွေဟာ အိမ်မက်မဟုတ်ဘူးဆိုတာ သိလိုက်ရတဲ့အခါ  အကြာကြီးငိုနေခဲ့မိပါတယ်.....

သူနာပြုတွေက သူ့ကို ဝေဒနါခံစားနေရတယ် ထင်ပြီးဆရာဝန်ခေါ်ပြီးစစ်ဆေးမှုတွေထပ်လုပ်ခဲ့ပေးခဲ့ကြသေးတယ်....

အမြင်အာရုံပြန်ရလာတဲ့ ခံစားချက်ကြောင့် မုန့်ရန် ပျော်ရွှင်နေတုန်းမှာပဲ အခန်းတံခါး ဖြည်းညှင်းစွာပွင့်လာခဲ့တယ်။မုန့်ရန် ခေါင်းလှည့်ပြီး ကြည့်လိုက်တဲ့အခါတစ်စုံတစ်ယောက် က သူ့လည်ပင်းကိုတင်းကြပ်စွာဆုပ်ကိုင်ထားသလို အသက်ရှုရခက်လောက်တဲ့ အထိ ဒေါသထွက်ခဲ့ရတယ်။

"မုန့်ရန် မင်းအဆင်ပြေရဲ့လား"

ယွီကျွင်းချန် စိုးရိမ်ပူပန်နေတဲ့ အကြည့်တွေနဲ့ မုန့်ရန် ကိုမေးနေတယ်.......

မုန့်ရန် မေးနေတာမဖြေပဲ ယွီကျွင်းချန် ကို ဗလာသက်သက် မျက်ဝန်းတွေနဲ့ကြည့်နေလိုက်တယ်......

"မင်း ကားနဲ့တိုက်မိမလိုဖြစ်ပြီးဆေးရုံရောက်နေတယ်လို့ အမေ က ငါ့ကိုဖုန်းလှမ်းဆက်တယ်......ငါသေတော့မလို အပြေးပြန်လာခဲ့တာ"

ယွီကျွင်းချန် ကုတင်နားကိုလျှောက်လာပြီး ထိုင်လိုက်ပြီးမုန့်ရန် ကို ပူပန်ပေးနေသလိုမျိုး ထပ်မေးပြန်တယ်.....

"အခုရောဘယ်လိုနေသေးလဲ?နာနေသေးလား?"

အမုန်းတွေ၊ဒေါသတွေကို မြိုချလိုက်ပြီး
မုန့်ရန် ခေါင်းခါပြလိုက်တယ်.....

"မင်းအဆင်ပြေသားပဲ"လို့ ယွီကျွင်းချန်
သက်ပြင်းချရင်းပြောလိုက်တယ်။

"ဘာလို့ နမော်နမဲ့နိုင်ရတာလဲ?မင်းမွေးနေ့မှာ ကားတိုက်ခံရမလိုဖြစ်ခဲ့တာ​နော်၊ လော်ဆန်းရော?သူမင်းနဲ့အတူ ရှိမနေဘူးလား?"

သူဌေးကြီး၏ဒုတိယမြောက်အိမ်ထောင်ဖက်Where stories live. Discover now