၁၄

1.3K 315 15
                                    

<Unicode>

သူ့အတွက်တော့ ဒါက မနက်ခင်းမဟုတ်လေဘူး။ အလင်းရောင် တောက်ပတဲ့ ညတစ်ညရယ်။

ဖရဲသီးက နွမ်းနယ်ကျလာတယ်။ သူ့ ခရီးဆုံးကိုတော့ မရောက်သေးဘူး။

သစ်ပင်စည်တစ်ခုကို မှီချလို့ နားရင်း ခြေတံလေးတွေကို သူ ကြည့်မိတယ်။

ခြင်တိုင်း သေခြင်းတရားနဲ့ ကြုံရမှာပဲလေ။ သူ တွေးမိတယ်။

သစ်ပင်အောက် ရှုပ်ပွနေတဲ့ အရွက်​ကြွေတွေကြားမှာ ပိုးကောင်တွေရဲ့ ခန္ဓာကိုယ်ပုံကြီး ရှိနေတယ်။

ဖရဲသီးက အဲ့ဒီခန္ဓာကိုယ်တွေကို ကြည့်တယ်။

နို့မိစ္ဆာမှာတော့ ခန္ဓာကိုယ်ပြည့်ပြည့်စုံစုံတောင် မရှိရှာဘူး...ဖရဲသီး နောင်တရမိတယ်။

နို့မိစ္ဆာရဲ့ ကျန်နေခဲ့တဲ့ ခန္ဓာကိုယ်ကို ရှာမှဖြစ်မယ်လို့ သူ တွေးမိတယ်။

သူ့ အလောင်းလေးကို ခန္ဓာကိုယ်အကုန် ပြည့်စုံစေချင်တယ်။

ဒါကြောင့် အဲ့ဒီ ရွံစရာကောင်းတဲ့ အိမ်ဆီ သူ ပြန်လာခဲ့တယ်။

မနေ့က လူသားနှစ်ယောက်ကတော့ မနက်စာ စားနေကြတယ်။

ရွံဖို့ကောင်းတဲ့ လူသားတွေ၊ ရွံဖို့ကောင်းတဲ့ အစားအစာတွေ၊ ရွံဖို့ကောင်းတဲ့ အသံတွေ

သူူ့ကို မြင်မသွားရအောင် သတိထားပျံသန်းရင်း ဖရဲသီးဟာ နို့မိစ္ဆာရဲ့ အလောင်းကို လိုက်ရှာတယ်။

တွန့်ခွေပြီး ကျိူးကြေနေတဲ့ ခန္ဓာကိုယ်သေးသေးလေးကို စားပွဲခုံခြေထောက်နား လှမ်းမြင်လိုက်ရတဲ့အခါ သူ မူးမေ့သွားမတတ်ပဲ။

သူ ကျည်ဆံတောင့်အလား အရှိန်နဲ့ အပြေးသွားမိတယ်။

"နို့မိစ္ဆာ..." အလောင်းက အသက်ရှိသေးတဲ့ ခြင်တစ်ကောင်လိုပဲ။

"နို့မိစ္ဆာ ငါတို့ အာတိတ်ဆီ သွားမယ်လေ"

သူ နို့မိစ္ဆာရဲ့ ခန္ဓာကိုယ်ကို ပွေ့ပိုက်လိုက်တယ်။

အဲ့ဒီနောက် ညည်းသံ တိုးသဲ့သဲ့လေးကို သူ ကြားလိုက်ရတယ်။

ခြင်ထီးလေးနှစ်ကောင်ရဲ့ ချစ်ပုံပြင်〖 Completed 〗Where stories live. Discover now