1.6K 352 1
                                    

<Unicode>

ဖရဲသီးကို ရှာတွေ့ချိန်မှာ အရှေ့ဘက် မိုးကုတ်စက်ဝိုင်းကြီးက အလင်းဖြာနေပြီ။ သူ ေခြကုန်လက်ပန်းကျနေပေမယ့်လည်း ရင်းနှီးနေပြီဖြစ်တဲ့ ဥ လေးနဲ့ အထဲမှာ ကွေးကွေးလေး အိပ်မောကျနေတဲ့ သဏ္ဍာန်လေးကို ကြည့်ပြီး ဝမ်းသာသွားရတယ်။ သူ ဖရဲသီးကို မနှိုးဘူး။ ဥ လေးရဲ့ ဘေးနားမှာပဲ တိုးဝှေ့ပြီး ကျေနပ်ပီတိဖြစ်စွာ အိပ်သွားတော့တယ်။

နွေးထွေးတဲ့ နေခြည်တန်းလေးက နို့မိစ္ဆာပေါ် ဖြာကျနေလေတယ်။ သူ ကတော့ သူနဲ့ ဖရဲသီးတို့ ခြင်ကြီးတွေ ဖြစ်ပြီး ဝေးသထက် ပိုဝေးအောင် အတူပျံသန်းသွားတယ်လို့ အိပ်မက်မက်တယ်...

"ဘယ်သူလဲ!"

နို့မိစ္ဆာလေးက ဖရဲသီးရဲ့ အသံကြောင့် လန့်နိုးသွားတယ်။

သူက ပြန်ဖြေတယ် "ငါပါ ဖရဲသီးရဲ့"

"နို့မိစ္ဆာ မင်း လား"

"အမ်း" နို့မိစ္ဆာက အရမ်း စိတ်လှုပ်ရှားနေတယ်။

"အိုး မိုင် ခြင်! မင်း အချိန်မစေ့သေးပဲ ပေါက်တာလား"

"ငါ...မင်းကို လိုက်ရှာနေတာ..." နို့မိစ္ဆာမှာ ပြန်ပြောဖို့ စကားမရှိဘူး။ သူလည်း စိတ်ထိခိုက်နေတယ်။

ဖရဲသီးက ပြောတယ် "အေးပါ အေးပါ သိပ်လည်း စိတ်ထဲ ထားမနေနဲ့တော့ ဒီမှာပဲနေပြီး မလှုပ်နဲ့ ကြားလား"

"အင်း အင်း"

ဖရဲသီး စိတ်ဆိုးနေမှန်း သူ သိတယ်။ ဒါပေမဲ့လည်း သူ ပျော်နေမိတယ်။

အဲ့နောက် မဆိုသလောက် နွေးထွေးမှုလေး ဖြာထွက်နေတဲ့ ဥ လေးကို ကပ်တွယ်ပြီး သူ ငြိမ်ငြိမ်လေးနေ​ေနတော့တယ်။

လင်းရောင်ခြည်နုလေးက သူတို့ရဲ့ ပါးလှပ်တဲ့ ခန္ဓာကိုယ်တွေကို လွှမ်းခြုံလို့ အုပ်ကာထားတယ်။

ရေတွေက အေးစက်နေပေမယ့် နို့မိစ္ဆာလေးမှာ နွေးထွေးနေတယ်။ သူ အချိန်မတိုင်ခင် ဥ ပေါက်မိလို့ ဖရဲသီးဆီကနေ သူ့ကို ငတုံးလို့ အခေါ်ခံရမှာကိုလည်း ကြောက်မိသေးတယ်။

အချိန်မတိုင်ပဲ ဥပေါက်တယ်ဆိုတာက ဘာအဓိပ္ပါယ်မှန်း ဖရဲသီးပဲ ကောင်းကောင်း သိထားတယ်။

ခြင်ထီးလေးနှစ်ကောင်ရဲ့ ချစ်ပုံပြင်〖 Completed 〗Where stories live. Discover now