တစ်ခါမှဝင်မပြောတဲ့ ဆံနီကဝင်ပြောလိုက်ခြင်းဖြစ်သည်။

" နင်တို့တွေ...လွန်လာပြီနော်!!! "

Host- " ငါယောကျာ်းဟုတ်မဟုတ်သိချင်ရင်...မင်းညီမကိုငါ့အိမ်တစ်ညလောက်ပို့ကြည့်ပါလား...မနက်ရောက်ရင်...မင်းညီမလမ်းတောင်လျှောက်နိုင်ပါ့မလားလို့...ငါစိုးရိမ်မိတယ်...ဟက်"

ဝမ်ပိုင် ဆံနီရဲ့ နားနားကပ်ကာပြောလိုက်ခြင်းဖြစ်သည်။ သူ့ကိုပြောတာက သည်းခံနိုင်ပေမယ့် မိန်းကလေးတစ်ယောက်ကို လူလည်ခေါင်မှာ အရှက်ခွဲသဖြင့် ဒေါသထွက်လာရသည်။ လျှော့ပေးရင်ရောင့်တတ်တယ်ဆိုတဲ့ စကားဟာ အရမ်းမှန်နေပါလား။ကိုယ်ဘာသာနေနေတာကို ဇွတ်လာပြောနေတော့ ပြန်မပြောရင်ရိုင်းရာကျမပေါ့ ဟုတ်တယ်မလား။

" မင်းဘာပြောတယ်ကွ...သောက်ခြောက်ကများ "

သူ့ကိုကြည့်ပြီး မကောင်းဆိုးဝါးအပြုံးမျိုးဖြင့် ပြုံးနေသူကို ကြည့်ပြီး နည်းနည်းလန့်မိပေမယ့် လုဝမ်ပိုင်က အားနည်းပြီး ရွံစရာကောင်းတဲ့ အခြောက်ကောင် ဆိုတဲ့စိတ်နဲ့ အကြောက်ကိုဖျောက်ပြစ်လိုက်သည်။

Host- " ခွပ်...ရွံစရာကောင်းလိုက်တာ ငါအသားကိုမထိနဲ့ "

ဝမ်ပိုင် သူ့ကိုလက်ရွယ်နေသော ဆံနီကောင်ကိုထိုးလိုက်သည်။
သူထိုးလိုက်တော့ သူ့ကိုအံဩကာ မျက်လုံးပြူးပြီးကြည့်လာပုံက မသတီစရာကောင်းလှသည်။

" မင်းတို့က...ဘာရပ်ကြည့်နေတာလဲ...ထိုးလေကွာ "

ဆံနီနဲ့ကောင်က ကျန်နှစ်​ယောက်ကို ပြောလိုက်ခြင်းဖြစ်သည်။

ခွပ် ခွပ်

ဝမ်ပိုင် သူ့ကိုလာထိုးရန်ပြင်နေသူနှစ်ယောက်ကို ဆင့်ကာထိုးပစ်လိုက်သည်။

Host- " ဟက်...မင်းတို့ကငါ့ကိုယှဉ်နိုင်မယ်ထင်နေတာလား...ချီးပဲ...လက်ပြန်ဆေးရတော့မယ် ...ရွံစရာကောင်းလိုက်သည်"

ဆံနီကို ထိုးလိုက်တဲ့လက်ကို ရွံရှာသလိုကြည့်လိုက်ပြီး ဝမ်ပိုင် ကောင်မလေးကို လှည့်ကြည့်လိုက်သည်။

Host- " ဒီက...မိန်းကလေးကို...ကျေးဇူးတင်ပါတယ် "

တယ်မိုက်တဲ့ငါလေးပါလား...ကောင်မလေးတော့ကြွေကျနေလောက်ပြီ...ဟီး...ဟီး...

ဝမ်လု ချစ်စဖွယ်ကောင်မလေးကို  ပြုံးရုံသာပြုံးပြပြီး ထွက်လာသည်။

Six- [ host ရေ...six ပြန်လာပြီ...ဟီး ...ဘာဖြစ်နေတာလဲဟင် ]

six ပြန်ရောက်ကတည်းက အေးစက်စက် ဖြစ်နေသောသူ့ host ကြောင့် ပြောနေရင်းနှင့်ပင်ကြောက်လာရသည်။

Host- " မင်းသိလာတာတွေပြော "

Six- [ အဟွတ်...အဟမ်း...ဇာတ်လိုက်မနဲ့ ဇာတ်လိုက်ကအတူရှိနေတာပါ...ပြီးတော့...ကျောင်းမှာ host အကြောင်းပြန့်နေတယ်...
ဇာတ်လိုက်မက...host လူကြီးတစ်ယောက်နဲ့... hotel ကထွက်လာတဲ့ပုံကို...online မှာတင်ထားတယ်...ပြီးတော့အကောင့်အတုနဲ့ ]

Host- " ဟက်...ထင်သားပဲ...အဲ့မိန်းမက...တော်တော်ကို...ဆန္ဒစောတာပဲ... ငါ့ကိုအရင်လုဝမ်ပိုင်လို...တုံးတုံးအအများမှတ်နေလားမသိဘူး...ပျော်စရာကောင်းအောင်ကစားပေးရမှာပေါ့...နေပါဦး...ငါဘယ်တုံးက ...hotel သွားလို့တုန်း "

Six- [ အရင်လုဝမ်ပိုင်...သွားတာလေ... host ကလည်း...ဟီး...ဟီး ]

.....

Host: လိ့ လိ့ လိ့

six: host ဘယ်သူကို...ဆဲနေတာလဲ

host: ဘယ်သူကိုမှမဟုတ်ဘူး...မဆဲရတာကြာလို့...ဆဲကြည့်တာ

လင်းမော့ပိုင်:ခွေးပေါက်လေးက ...ချစ်စရာလေးကွာ

six:လိ့

လင်းမော့ပိုင်: ခွေးပေါက်လေး..သူနဲ့မပေါင်းနဲ့...ရိုင်းလိုက်တာ

six:ဗြဲ!!!!...အမေရေ...မီးကို...သူတို့အနိုင်ကျင့်နေတယ်...ဝါးးးးး

system one o six(106) S -1 ( Z &U )Where stories live. Discover now