အပိုင်း { ၅ }

Start from the beginning
                                    

" ​အေး..ဘကြီးတို့က မင့်အိပ်ပါစေဆိုပြီး မနိုးတာရော် ၊ ဘယ့်နှယ့် အိပ်ရေးရောဝရဲ့လား "

" အာ ဟုတ်ကဲ့ မနေ့ညက ကျွန်တော်အိပ်တာစောတော့ အိပ်ရေးဝပါတယ်ဗျ၊ ဟို ကျွန်တော်ရေလေးချိုးချင်လို့... "

" အော် အဲ့တာများကွာ..ရေစည်မှာချိုး..ရတာပဲရော်၊ သွားသွား မြန်မြန်ချိုးဦး ရာသီဥတုကအေးကအေးသပါ့နဲ့ ၊ ရေမိုးချိုးပြီး ​ပြန်လာခဲ့နော့ "

" ဟုတ်ကဲ့ ဘဘကြီး "

ခွန်စိုင်း ရေစည်ဆီသို့အသွားတွင် အိမ်နောက်ဖေးတွင် အသက်၃၀အရွယ်ရှိ ချက်ပြုတ်​နေတဲ့အဒေါ်တစ်ယောက်နှင့် မနေ့ညကတွေ့တဲ့ ငဒူး ဆိုတဲ့ကောင်လေးသည် ထမင်းဟင်းချက်ပြုတ်ရာမှာ ထိုအဒေါ်ကို ဝိုင်းကူညီပေးတာကိုတွေ့လိုက်သည်။

" နောင်ကြီး နိုးပြီလားဗျ "

ခွန်စိုင်း ကို တွေ့တော့ ငဒူး က လှမ်းနှုတ်ဆက်ကာ ထွက်လာသည်။ ထိုအခါ နောက်မှ ချက်ပြုတ်နေတဲ့ အဒေါ်ကလဲ ပြုံးကာပင် ၊

" လူလေးက အကိုကြီး ပြောတဲ့ဧည့်သည်ထင်တယ်နော့ "

" ဟုတ်ကဲ့ဒေါ်လေး ၊ ကျွန်တော်ကမနေ့ညကမှ ရောက်တာပါ "

" အဲ့တာကြောင့်ကိုး ဒေါ်​လေးတို့က ညအိပ်သိပ်စောတယ်ကွဲ့ ၊ လူလေး ရေချိုးမလို့လား "

" ဟုတ်ကဲ့ "

" ချိုးချိုး..ဒီအချိန်ဆို ရေကတော့ခဲနေမလားမပြောတတ်ဘူးပဲ ၊ ငဒူ မင့်နောင်ကြီးကိုလိုက်ပို့ပေးလိုက်ဦးလေ "

" အာ ရပါတယ်ဗျ ကျွန်တော်လမ်းမှတ်မိပါတယ်"

အားနာစွာငြင်းတော့ ပို့မယ့်သူကရှေ့တောင်ရောက်နေလေပြီမို့ လိုက်လာရသည်။

" ဘာမှအားနာမနေနဲ့နောင်ကြီး ကျုပ်တို့ရွာမှာက ငြင်းတာတွေဆို သိပ်ကြိုက်လေ့မရှိဘူးပဲ၊ နောင်ကြီးသိရအောင်ကျုပ်ကပြောပြတာနော့ "

ထိုစကားကြောင့် ခွန်စိုင်း ခုနကဒေါ်​လေးကိုတောင်အားနာမိသွားသည် ။ ဒီမနက်ခင်းမှ ငဒူး ကိုသေချာကြည့်မိတာ မျက်နှာချွန်ချွန်လေးနဲ့စကားပြောလိုက်တိုင်းအမြဲပြုံးရယ်နေပြီး ဖင်ပေါ့တဲ့ကလေးမျိုး။ လူရေလည်ပုံရတဲ့ ငဒူး က ကြိုးသိုင်းဘောင်းဘီလေးနဲ့ အတော်လေးချောတဲ့ကလေးတစ်ယောက်ပင် ။

Saw Nay Say's Travel Blogger [ Completed ]Where stories live. Discover now