Arc 1.4 အန်းရီချန်း

Start from the beginning
                                    

ယခုတော့ သူမက ဒီအကြံအစည်တွေ တစ်ခုကိုမှ ရွှေးချယ်မှာ မဟုတ်ပါဘူး။ သူမရဲ့ မမြည်းစမ်းတာကြာတဲ့ လက်ရည်လေးကို မြည်းစမ်းကြည့်ချင်သေးတယ်။

"လူငါးယောက်က လူတစ်ယောက်ကို ဝိုင်းအနိုင်ကျင့်နေတယ်။ အဲ့လူငါးယောက်ရဲ့ အပြုအမူကို ဘယ်လိုပြောရမလဲ?...အရှုံးသမားတွေလားးး?...အိုးစ်"သူမ စကားဆုံးပြီးတဲ့နောက်မှာတော့ သူမရဲ့ သေးသွယ်လျတဲ့ လက်ချောင်းလေးများက သူမရဲ့ ချယ်ရီသီးကဲ့သို့ဖူးရဲစိုအိနေတဲ့ နှုတ်ခမ်းလေးကို အုပ်လိုက်ပြီး အံ့သြချင်ယောင်ဆောင်ကာ အထင်သေးလှောင်ပြောင်နေတော့တာပါပဲ။

သူမရဲ့အသံကြောင့် အနိုင်ကျင့်ရာမှ ရပ်တန့်လိုက်ပြီး သူမဘက်သို့ ထိုကျောင်းသားအုပ်စု လှည့်ကြည့်လာခဲ့တယ်။

အားနည်းတဲ့လူတွေပေါ်ကိုပဲ အနိုင်ကျင့်လို့ရပြီး သူတို့ရဲ့ သက်ရောက်မှုဟာ အားနည်းတဲ့သူတွေပေါ်မှာပဲရှိတယ်။ သူတို့ထက် အားကြီးတဲ့သူတွေနဲ့တွေ့ရင် သူတို့က အရှုံးသမားတွေပါ။ ဒါ့အပြင် လူတစ်ယောက်ကို အနိုင်ကျင့်ဖို့ လူငါးယောက် အုပ်စုဖွဲ့တယ်ဆိုတာ တကယ်ကို သူရဲဘောကြောင်တဲ့သူတွေပါပဲ။

ထိုအုပ်စုရဲ့ ခေါင်းဆောင်ဖြစ်ဟန်တူတဲ့ ကျောင်းသားဟာ သူမစကားရဲ့ နောက်ကွယ်က အဓိပ္ပာယ်ကိုသိပြီးတဲ့နောက် မျက်နှာတို့ပျက်ယွင်းသွားပြီး ခနမျှ စိမ်းပုတ်သွားတယ်။ သို့ပေမယ့် သူ့ရှေ့က အချောလေးပြောတာကို သူဘယ်လိုဗွေယူရပါ့မလဲ။
"ဟက်!!! အချောလေး မျက်စိလည်ပြီးရောက်လာတာလား!! မကြာခင် သွေးထွက်သံယိုတွေ ဖြစ်တော့မယ် နောက်မကျခင်လေး ဒီကိုကြီးရင်ခွင်ကို လာခဲ့လိုက်" ဒီလို ပါးစပ်က ပေါက်လွှတ်ပဲစား အထိန်းအကွပ်မရှိ စည်းကမ်းမဲ့စွာပြောနေတဲ့ ဆယ်ကျော်သက် လူမိုက်လေးတွေကို သူမတကယ် ဆုံးမပစ်ချင်သည်။

သူမရဲ့ ဆုတောင်းပြည့်ဝတယ် ပြောရမလား။ ဒီနေ့တော့ ထိုပေါက်လွှတ်ပဲစားလေးတွေကို ဆုံးမရတော့မည်။

ဒီက မမကြီးက မင်းလေးတို့ကို လိမ်မာသွားအောင် ဆုံးမပေးမယ်!

"သွေးထွက်သံယို ဖြစ်ရတာ အရမ်း သဘောကျတဲ့ပုံပဲ" ပါချည်ပါချဲ့လေးများနဲ့ ဆော့ကစားရမှာ ပျင်းတွဲသည့်ဟန်နှင့် လက်တစ်ဖက်ကို ကွေးကာ ကျန်တစ်ဖက်ကို ကိုင်ထားလိုက်ပြီး ကျန်လက်တစ်ဖက်က သူမရဲ့ ပုတုန်းရောင်ဆံနွယ်လေးတွေကို ဆော့ကစားလို့နေတယ်။ ပုတုန်းရောင်နက်မှောင်တဲ့ဆံနွယ်တွေက သူမရဲ့ သေးသွယ်တဲ့ လက်ချောင်းလေးတွေကို ကျောက်စိမ်းလို ကြည်လင်စေပြီး ဖြူဉကာနုဖက်လို့နေတယ်။

ဒုတိယဇာတ်လိုက် အတွက် ရွှေပေါင်လုံးကြီးဖြစ်ပေးမယ်-(arc1) The Resurrection MissionWhere stories live. Discover now