မောင်ကလည်းမြူမှုန်တမှုန်မျှစကားကို
ပစ်ပယ်တာမျိုးကို လက်မခံနိုင်သလို
မောင့် ဆိုင်သူက လည်း မှန်နေရင်
မျက်နှာချီ၍ မပျက်တဲ့သူ.....။

Jimin သည်အိတ်တအိတ်ဆွဲကာအိမ်အပြင်
သို့ပြောပြောဆိုဆိုပြေးထွက်သည်။

JEonသည် အလုပ်သွားတာမသွားတာထက်
သူပြောရင် တခွန်းပဲဆိုတဲ့ပတ်ဝန်းကျင်မှာ
ကျင်လည်ခဲ့သူမို့ ပက်ခနဲ ငြင်းဆန်ခြင်းကို
လုံးဝလက်မခံ။

ParkJiminကို တခါတလေ သိပ်မုန်းတယ်
တခါတလေကျ သိပ်အသဲယားတယ်
တခါတလေကျ ဖွဖွကလေးထိချင်စိတ်တွေ
ဖြစ်လာတယ်...ဘယ်လိုပဲဖြစ်ဖြစ်
ဘာတွေခံစားရပါစေ.....
စတွေ့ထဲ က ဒါဆိုဒါ ပုံစံခွက်ထဲမောင်ထည့်ခဲ့တာက
ထည့်နေအုန်းမှာပဲ....။
မောင့်ကို ကြောက်စေချင်တဲ့စိတ်ကအပြည့်အဝ
ရှိနေတုန်းပဲ....။
ပြောမရရင် မောင် ခပ်စပ်စပ်လေးရိုက်ဆုံးမအုန်းမှာပဲ..။

မောင်က ဟင့်အင်းဆိုရင်.....
မောင့်ဆိုင်သူကနောက်ဆုတ်ပီးသား
နာခံပြီးသားဖြစ်နေရမှာ.....။

ကျွန်းမှာတချို့အလျှော့ပေး
အပြုအမူတွေကြောင့်လည်းJimin ဟာ
သူ့ကို သိပ်ဂရုမစိုက်တော့...။
အရင်ကမှ နည်းနည်းကြောက်လန့်သော
မသိစိတ်မျိုးတွေမျက်လုံးထဲမြင်ရပေမယ့်
စည်းလွတ်ဝါးလွတ်အတင်းနမ်းကာ
နူတ်ခမ်းဖူးဖူးတွေကိုသိပ်ကြိုက်ပြမိသလိုဖြစ်တော့
မကျတော့တဲ့ ဘဝင်က ပိုမြင့်သွားသည်။

ငါဘာလို့နမ်းခဲ့မိတာလဲ...
ငါဘာလို့ အလျှော့တွေပေးပြီး သည်းခံခဲ့မိသလဲ
မောင်ဒါတွေကို အလုပ်ရှုပ်ခံပြန်မတွေး
လုပ်ချင်လို့ကိုလုပ်ခဲ့တဲ့အလုပ်တွေကြီးပဲမို့
မောင်သည် နောင်တ နတ္တိပါ...။

"ပြောနေတယ်နော် မသွားရဘူးလို့!!!!"

"မင်းရူးနေရင် ပြန်အိပ်နေလိုက်...."

Jimin သည် Jeonမေးရိုးတွေတင်းခနဲ
ဖြစ်သွားစေသောစကားကိုရွေးချယ်ပြောကာ
Driver အဆင်သင့်စောင့်နေသော
ကားဆီသို့အပြေးတပိုင်းသွားသည်။

Jeon သည်အိပ်ယာထခါစခပ်ရှုပ်ရှုပ်ဆံပင်တွေ
ကိုထပ်ဖွလိုက်ကာ Jimin Company
သွားမယ့်ကားဆီသို့ခြေလှမ်းစိတ်စိတ်လှမ်းကာ
လျှောက်လာပြီး Driver တံခါးမပိတ်ခင်
အရင်တခါလိုပဲတားပီး ကားထဲသို့ဝင်လိုက်သည်။

မောင်Where stories live. Discover now