" ရပါတယ် သားရယ် အဲ့လိုခေါ်လို့လည်း ရပါတယ် အဲ့တာဆို အထဲဝငိတော့လေ ပွဲကို လာရောက်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ် "
" ရပါတယ်ဗျ ဒီလူနဲ့ ဒီလူ ကျေးဇူးတင်စရာမလိုပါဘူး အဲ့တာဆို ကျွန်တော်တို့ကို ခွင့်ပြုပါအုန်း "
အရိုအသေပြုကာ ပွဲထဲကို ဝင်လာလိုက်သည်။
ဂျယ်ယွန်း စိတ်ထဲ ရုတ်တရက် တစ်ယောက်ထဲဖြစ်ေနသည်လို့ ခံစားနေရတာကြောင့် ဘေးက်ု လှည့်ကြည့်လိုက်တော့ ဆောနူက ပါမလာ။ ဘယ်ဘက်လှည့်ကြည့်ပြန်တော့လည်းမရှိ ညာဘက်လှညိ့ကြည့်ပြန်တော့လည်းမရှိ
" အကို ကျွန်တော် ဒီမှာ "
အသံသေးသေးလေးကို ကြားလိုက်ရသည်။ ထိုအသံက ဂျယ်ယွန်းရဲ့ နောက်ကျောဘက်ကမို့ လှညိ့ကြည့်တော့ လက်ထဲ မုန့်တွေ အပြည့်နဲ့ ဆောနူကို တွေံလိုက်ရတော့ ပြုံးမိသည်။
" လိုက်ရှာနေတာ ဘယ်ကို ရောက်နေတာလဲ "
" ဟီးး ဟိုးး နားက မုန့်တွေ သွားယူနေတာ အလကားဆိုလို့လေ "
ဆောနူညွှန်ပြသည့် နေရာကို ကြည့်လိုက်တော့ ကလေးတွေ အတွက် သီးသန့် မုနိ့ဝေတဲ့ နေရာလေး။ ကလေးတွေအတွက် သီးသန့်မုန့်ဝေတဲ့ နေရာက မုန့်ကို ကလေးတွေနဲ့အတူ တိုးကြိတ်ပြီး ဘယ်အချိန်ထဲက သွားယူလိုက်မှန်းမသိ တကယ့်ကလေးဘဲ
" ဆောနူက မယူရဘူးလေ အဲ့တာ ကလေးလေးတွေ အတွက်လေ "
" ကျွန်တော်က စားချင်လို့ကို "
ခေါင်းလေးကို ငုံပြီး နှုတ်ခမ်းစူသွားသည် မို့ စိတ်မကောင်းဖြစ်သွားတာကို ဂျယ်ယွန်ူးသိလိုက်သည်။
" ဒီတစ်ခါတော့ ထားတော့ နောက်တစ်ခါမလုပ်ရဘူးနော် "
" ဟုတိဟုတ် "
မျက်လုံးတွေ မှိတ်တဲ့ အထိ ပြုံးပြလာပြန်သည။် ဆောနူရဲ့ အပြုံးတွေကို မြင်တိုင်း ဂျယ်ယွန်း နာကျင်မိသည်။ ဒီလို ဖြူစင်တဲ့ ဆောနူရဲ့ နှလုံးသားလေးကို သူက အရောင်တွေခြယ်နေမိခဲ့တာ မဟုတ်လား။
* ဘာလို့ အကို့ကိုမှ ချစ်နေရတာလဲ ဆောနူရယ် မပင်ပန်းဘူးလား *
~ 13 ~
Start from the beginning